Posted by : လက်တွဲဖော်
Sunday, January 27, 2013
အရမ်းချစ်တော့ လဲ အရာရာကို ဂရုစိုက်တတ်ပြီ
********************************
ငါ....
အဆိုတော် တစ်ယောက်မဟုတ်ပါဘူး....
ဒါပေမဲ့  နင်စေခိုင်းရင်....
ဂီတာတလက်နဲ့  သီးချင်းတပုဒ်ကိုတော့ ဆုံးအောင်ဆိုပေးနိုင်မယ်ထင်ပါတယ်............
ငါ.........
လူရွှင်တော် တစ်ယောက်မဟုတ်ပါဘူး....
ဒါပေမဲ့  နင်ရီမောချင်ရင်တော့ ....
ကြားဖူးနားဝ စကားလုံးတွေနဲ့  ဟာသပြောပေးနိုင်မယ်ထင်ပါတယ်.........
ငါ..........
မင်းသားတစ်ယောက်မဟုတ်ပါဘူး..........
ဒါပေမဲ့  နင်လိုအပ်ရင်တော့ 
ဆင်းရဲသားခန်းလည်း သရုပ်ဆောင်ပေးနိုင်မယ်ထင်ပါတယ်.................
ငါ.........
ဆရာဝန်တစ်ယောက်မဟုတ်ပါဘူး..............
ဒါပေမဲ့  နင်နေမကောင်းဖြစ်ရင်တော့ ......
ဆရာဝန်ထက်ပိုတဲ့  စိုးရိမ်မှု့တွေနဲ့  ဂရုစိုက်နေဖြစ်မယ်ထင်ပါတယ်.................
ငါ...........
ကဗျာ ဆရာတစ်ယောက်မဟုတ်ပါဘူး....
ဒါပေမဲ့  နင်ဖတ်ချင်ရင်တော့ ....
ရတုတစ်ပိုဒ်လောက် စပ်ပေးနိုင်မယ်ထင်ပါတယ်..................
တကယ်တော့  ငါ ....ဆိုတာ ဘာကောင်မှ မဟုတ်ပါဘူးချစ်သူ....
နင့်  အတွက်ဆိုရင်တော့ 
ငါ ရဲရင့်တဲ့  သူရဲကောင်းဖြစ်ချင်တာ အပြစ်တခုလား...
(ပုံရိပ်စစ်)

Post a Comment