Posted by : လက်တွဲဖော် Sunday, January 27, 2013


တိသစ္စာတွေ တဲ့
ရှိခဲ့ကြတာပါပဲ..
အနေကြာလာတဲ့အခါ
ေ၀၀ါးသွားတာ ခက်တယ်..။

နားလည်မှု့တွေတဲ့
ပြောခဲ့ကြတာပါပဲ..
ရယူခြင်းတွေများလာတဲ့အခါ
ပြတ်စဲသွားတာ ခက်တယ်..။

မျှော်လင့်ချက်တွေတဲ့
ထားခဲ့ကြတာပါပဲ..
အဆီးအတားတွေရှိလာတဲ့အခါ
ရောင်ရဲသွားတာ ခက်တယ်..။

ချစ်ခြင်းတရားတွေတဲ့
တည်ဆောက်ခဲ့ကြတာပါပဲ..
ညီမျှခြင်းတွေ တွက်ချက်တဲ့အခါ
အတ္တတွေထုပ်ပိုးသွားတာ ခက်တယ်..။

ငါ့ ဘ၀လဲ
ဒီလိုပါပဲ..
မာယာတွေနဲ့ ကြုံရလွန်းတဲ့အခါ
ပါးနပ်သွားတာ ခက်တယ်..။

ငါ ...
အရင်လို မ "အ" တော့ဘူးဟာ..။

(လွမ်းဝေ)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -