Posted by : လက်တွဲဖော်
Sunday, January 27, 2013
ငါက နင့်ရဲ့ ကြည့်မှန်လေးတစ်ချပ်ပါ။
နင်ပျော်ရင် ငါပျော်ရမယ် ... နင်ငိုရင် ငါငိုရမယ်
အလိုလိုနေရင်း ငါ့ရင်ဘတ်ထဲ နင်ဘာလုပ်လုပ် အရိပ်လာထင်နေတယ်။
ဟိုတစ်နေ့က နင့်မျက်နှာရှူံမဲ့နေတော့
ငါမနေတတ်ဘူး ငါ့မျက်နှာပါ အလိုလိုနေရင်း မဲ့လာတယ်။
ရုတ်တရက် အချိန်အခါမဟုတ် မိုးရွာချသလို
နင်ပြုံးရယ်လာတော့ ငါလည်း မသိမသာလိုက်ရယ်မိတယ်
တကယ်ပါ ငါက နင့်ရဲ့ ကြည့်မှန်လေးတစ်ချပ်ပါ။
~ Su Nge~
~ Sixth Sense~

Post a Comment