Posted by : လက်တွဲဖော်
Wednesday, April 11, 2012
ကောင်မလေး မင်းကို ငါသနားတယ်...
ကောင်မလေး မင်းက ငါ့ကို Gmail တောင်းပြီး လာ Add တယ်...
ကောင်မလေး မင်းက ငါတတ်ထားတဲ့ပညာတွေကို လာမေးတယ်...
ကောင်မလေး...မင်းသိချင်တာ မှန်သမျှကို ငါရှင်းပြခဲ့ပါတယ်...
ကောင်မလေးက တစ်ဆင့်တက်ပြီး ကိုယ်ရေးကိုယ်တာတွေ လာမေးတယ်...
ကောင်မလေးကို ငါဖြေနိုင်တာပဲ ဖြေခဲ့ပါတယ်...
ကောင်မလေးက ငါ Online ရောက်တတ်တဲ့အချိန်ဆို ၀င်လာပြီး ငါ့ကို စကားလာပြောတယ်...
ကောင်မလေးပြောသမျှ ငါ နားထောင်ပေးခဲ့ပါတယ်...
ကောင်မလေးက တစ်ဆင့်တက်ပြီး ငါ့ကို ဘယ်လောက်တန်ဖိုးထားကြောင်း၊ ငါ့ကို ဘယ်လောက် သံယောဇဉ်ရှိကြောင်း လာပြောတယ်...
ကောင်မလေးကို ငါ ခင်တယ်ဆိုတာက လွဲလို့  အပိုမပြောခဲ့ပါဘူး...
ကောင်မလေးက ငါနဲ့ အထင်လွဲအောင် လူတကာလိုက်ပြောနေမှန်း ငါ ပြန်ကြားခဲ့ပါတယ်...
ကောင်မလေး ငါနဲ့ ချစ်နေသယောင်ယောင်၊ လူတကာအထင်မှားအောင် နေနေမှန်း ငါသိခဲ့ပါတယ်...
ကောင်မလေး မင်းမသိသေးတဲ့အကြောင်းက ငါ့မှာ ငါ့အသက်ထက် တန်ဖိုးထားတဲ့ ချစ်သူရှိနေတယ်ဆိုတာပဲ...
ကောင်မလေး မင်းမသိသေးတာက ငါဟာ ငါ့ချစ်သူကလွဲပြီး ဘယ်သူ့ ကိုမှ မချစ်ဘူးဆိုတာပဲ...
ကောင်မလေး မင်းမသိသေးတာက ငါဟာ မင်းထက် ဥာဏ်ပညာရှိတယ်... အသိဥာဏ်ရှိတယ်ဆိုတာပဲ...
ကောင်မလေး မင်းမသိသေးတာက မင်းရေးသမျှ ငါ့ချစ်သူကို ပေးဖတ်တယ်ဆိုတာပဲ...
ဒါကြောင့် ကောင်မလေး မင်းကို ငါသနားတယ်...
မှတ်ချက်။ ။ Online အချစ်ဆိုတာ ဒီလိုလေး ရှိတတ်ပါလားလို့  မိန်းခလေးတွေ သိထားအောင်လို့ ပါ...
လွမ်းဧကရီ
၁၀-၀၄-၂၀၁၂
ညနေ ၅း၂၀ နာရီ
ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1118276&xgs=1&xg_source=msg_share_post#ixzz1rk1pv7rf
Post a Comment