Posted by : လက်တွဲဖော် Friday, January 25, 2013

သံယောဇဉ်ဖြစ်တော့မယ်ဆိုရင်>>>

သူကသင့်အတွက်
တယောက်တည်းသောတွယ်တာစရာလူဖြစ်တယ်

သင်ကတော့သူ့အတွက်
တယောက်တည်းသောတွယ်တာစရာလူမဟုတ်ဘူး
သူ့မှာသင့်လိုတခြားတွယ်တာစရာလူတွေအများကြီးရှိတယ်

ဘယ်လောက်ပဲအထီးကျန်နေပါစေ
သံယောဇဉ်များတဲ့လူတွေနဲ့ခင်မင်မိရင်စိတ်မနှစ်မိစေနဲ့
သူကကိုယ့်အတွက် တဦးတည်းသောတွယ်တာစရာလူဖြစ်ပေမဲ့
ကိုယ်ကျတော့သူ့အတွက်တဦးတည်းသောတွယ်တာစရာလူမဟုတ်တဲ့အခါ
ဝမ်းနည်းရတတ်တယ်

တခါတလေအထီးကျန်လို့တစုံတယောက်ကိုခင်တွယ်တယ်
အဲဒီလိုခင်တွယ်ပြီးသွားကာမှပိုပြီးအထီးကျန်သွားရတတ်တယ်ဆိုတာကို
သင်သတိထားမိဖို့လိုတယ်လေ~~




ခင်မင်လျက်
ကောင်ကလေး
၂၅/ဇန်နဝါရီ/၂၀၁၃

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -