Posted by : လက်တွဲဖော်
Friday, January 25, 2013
အလွမ်းရဲ့ ရှိုက်သံအောက်မှာ
ခေါ်သံလေးများ ထွက်လာမလား ..
ကိုယ်လည်ပင်းကို နင်းသတ်နေတဲ့ ရက်တွေ ပိုများလာတော့
သတိရရင်းခြင်းက
ထွက်ပေါက်ကို အထပ်ထပ်ပိတ်တယ်
တစ်ခါတရံ ပြက္ခဒိန်ပေါ်က
ရက်ကျန်တွေကို ကျော်ဖြတ်
ကမ္ဘာ အပြင်ဘက်ထိအောင် ပြေးထွက်ချင်မိရဲ့ 
ငါ ငါ ......
မင်းကို တမ်းတမိတဲ့ စိတ်က
ကိုယ့်ကိုယ်ကိုတောင် သူစိမ်းဆန်နေတယ်
ပြန်လာပါလို့ 
ခေါ်သံတွေ သူမကြားနိုင်တော့
လွမ်းပါတယ် စကားသံတွေလဲ
သူမသိနိုင်တော့
အရမ်းချစ်ပါတယ်လို့  ကိုယ့်လက်ခမိုးကိုပဲ
ရူးသွပ်စွာ နမ်းမိလိုက်တယ် ....
မွန်းကြပ်မှုအောက်က ရုန်းမထွက်နိုင်တဲ့
ခံစားချက်တွေအတွက်
ယနေ့ 
မနက်ဖြန်
သန်ဘက်ခါ
ငါ့မှာ နင်ကလွဲပြီး ကုလို့ မရတဲ့ ဝေဒနာတွေ
ဖွင့်ပြခြင်တယ် .......
" NaingNaing "
ခေါ်သံလေးများ ထွက်လာမလား ..
ကိုယ်လည်ပင်းကို နင်းသတ်နေတဲ့ ရက်တွေ ပိုများလာတော့
သတိရရင်းခြင်းက
ထွက်ပေါက်ကို အထပ်ထပ်ပိတ်တယ်
တစ်ခါတရံ ပြက္ခဒိန်ပေါ်က
ရက်ကျန်တွေကို ကျော်ဖြတ်
ကမ္ဘာ အပြင်ဘက်ထိအောင် ပြေးထွက်ချင်မိရဲ့ 
ငါ ငါ ......
မင်းကို တမ်းတမိတဲ့ စိတ်က
ကိုယ့်ကိုယ်ကိုတောင် သူစိမ်းဆန်နေတယ်
ပြန်လာပါလို့ 
ခေါ်သံတွေ သူမကြားနိုင်တော့
လွမ်းပါတယ် စကားသံတွေလဲ
သူမသိနိုင်တော့
အရမ်းချစ်ပါတယ်လို့  ကိုယ့်လက်ခမိုးကိုပဲ
ရူးသွပ်စွာ နမ်းမိလိုက်တယ် ....
မွန်းကြပ်မှုအောက်က ရုန်းမထွက်နိုင်တဲ့
ခံစားချက်တွေအတွက်
ယနေ့ 
မနက်ဖြန်
သန်ဘက်ခါ
ငါ့မှာ နင်ကလွဲပြီး ကုလို့ မရတဲ့ ဝေဒနာတွေ
ဖွင့်ပြခြင်တယ် .......
" NaingNaing "
Post a Comment