Posted by : လက်တွဲဖော် Sunday, February 17, 2013

ယောက်ကျားလေးအတော်များများက
အလန်းလေးတွေကြိုက်တယ်.
(ကိုယ့်ချစ်သူမဟုတ်တောင် ဓာတ်ပုံဆိုသွားကြည့်တတ်ကြတယ်မလား)

မိန်းခလေးအတော်များများကလည်း
ခပ်ဖြောင့်ဖြောင့်ကောင်လေးတွေဆို သဘောကျတယ်
(သူတို့လည်း ကိုယ့်ချစ်သူမဟုတ်တောင် မသိမသာသွားကြည့်တတ်တာပဲ)

ဒါပေမဲ့ ချစ်တော့မယ်ဆိုရင်တော့
အဲဒီလို အလန်းတွေ အဖြောင့်တွေပဲကြည့်ပြီးချစ်ရင်
တချိန်စိတ်ညစ်ရတတ်တယ် စိတ်ပူစိုးရိမ်ရတတ်တယ်..

အဲဒါထက် စိတ်ကိုချစ်နိုင်အောင်ကြိုးစားသင့်တယ်
စိတ်ကိုချစ်နိုင်မှ တသက်လုံးချစ်နိုင်မယ်
ချစ်စရာကောင်းတဲ့စိတ်နေစိတ်ထား ကြင်နာမှု ဂရုစိုက်မှု ၊ သစ္စာရှိမှုအဲဒါတွေရှိမှ
ကိုယ့်ကိုတသက်လုံးပျော်ရွှင်စေနိုင်တယ်

စိတ်ကချစ်စရာမကောင်းပဲ ရုပ်ပဲချစ်စရာကောင်းရင်တော့
အဲဒီအချစ်ဟာ အများဆုံးခံတနှစ် နှစ်နှစ်ပဲ
အဲဒါကြောင့် အချောအလှကြိုက်တဲ့ လူတွေဟာပိုပြီးအချစ်မှာကံမကောင်းဖြစ်တတ်တယ်



ခင်မင်လျက်
ကောင်ကလေး

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -