Posted by : လက်တွဲဖော် Sunday, February 17, 2013

*စိတ်ကူးပေါက်သလို လျှောက်လုပ်တတ်တဲ့ငါက
နောက်တစ်ယောက် ကောက်တွဲတာ
အဆန်းတော့မဟုတ်ပါဘူး.....

*ဒါပေမယ့်
နင့်ဘက်ကို စဉ်းစားမိတဲ့အချိန်
လန့်ဖျပ်ပြီး ကျကွဲသွားတဲ့ ငါ့နှလုံးသားက
ရစရာမရှိအောင် မွစာကြဲသွားလိမ့်မယ်လို့
မထင်ခဲ့မိတာ အမှန်ပဲ.....

*ဘယ်ယောက်ျားကိုမှ မချစ်ဘူး လို့
ကိုယ့်ကိုယ်ကို လက်မ ထောင်နေခဲ့တဲ့ ငါက
နင့်ကိုမှ မုန်းလို့မရအောင် ချစ်နေခဲ့မိမယ်လို့
ဘယ်သူက ထင်မှာတဲ့လဲ.....

*ကိုယ်ကသာ အပြတ်သားနိုင်ဆုံးသူလို့
တစ်သက်လုံး ထင်နေခဲ့သမျှ
ငါ့ချစ်သူ ♥ နင် ♥တစ်ယောက်ကို
မပြတ်နိုင်အောင် ချစ်နေခဲ့မယ်လို့

*သြော်....
တကယ်ကို မထင်ခဲ့ပါလားနော်....



^Chuu Lay^

Heart Canteen

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -