Posted by : လက်တွဲဖော် Sunday, February 17, 2013

ငါ သတိရနေသလို နင့်ကိုသတိရစေချင်ပေမဲ့
ငါ့လိုတော့ အချိန်တိုင်း သတိမရလိုက်ပါနဲ့ နော်..

ငါလွမ်းနေတတ်သလို နင့်ကိုလွမ်းနေစေချင်ပေမဲ့
ငါ့လို မျိုးတော့ အချိန်တိုင်း မလွမ်းလိုက်ပါနဲ့ နော်

ငါအရမ်းချစ်သလို နင့်ကို လဲချစ်စေချင်ပေမဲ့
ငါ့ထက်တော့ နည်းနည်းလေးလျှော့ချစ်ပေးပါနော်

ငါသတိရလို သာ နင် သတိရနေခဲ့မယ် ဆိုရင်
ငါလွမ်းသလိုသာ နင် လွမ်းနေခဲ့မယ် ဆိုရင်
ငါချစ်သလို သာ နင် ချစ်နေခဲ့မယ် ဆိုရင်

အချစ်ဆိုတာ ဘယ်လောက်ထိ စိတ်ပင်ပန်းတယ်
ဘယ်လောက်ထိ နာကျင်မှု ပေးဆပ်နိုင်မှု တွေ နဲ့ 
ဘ၀တစ်ခုလုံးအထိ စိုးမိုးထားတယ်ဆိုတာ သိခဲ့ရင်
နင်ခံနိုင်ရည်မရှိပဲ ငါ့အနားက ထွက်ပြေးသွားမိမှာစိုးလို့ ပါချစ်သူရယ်.......





khin myo aye

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -