Posted by : လက်တွဲဖော်
Saturday, November 24, 2012
ယုံကြည်တယ်ဆိုတာ
ချစ်တဲ့ စိတ်နဲ့ ဖုံးကွယ်ထားတဲ့  အတိုင်းအတာ တခုထိပါ
ကတိတွေ ပေးပြီး ဖောက်ဖျက်နေသမျှ
သံသယတွေ ၀င်ဝင်လာတာ မဆန်းဘူး.............
ခွင့် လွှတ်တယ်ဆိုတာ
နားလည်မှု့ တွေနဲ့  ကြည်ဖြူနိင်တဲ့  အခိုက်အတန့် လေးတခုထိပါ
တခါမကတဲ့  အကြိမ်ကြိမ် မကြိုက်တာလုပ်နေသမျှ
စိတ်ဆိုး ဒေါသထွက်လာတာ မဆန်းဘူး.................
စိတ်ချရတယ်ဆိုတာ
တားမြစ်ချက်ကိုလိုက်နာနေတာမဟုတ် ပဲ အလိုမရှိတာကို အလိုက်သိသိရှောင်ရှားတဲ့ အပြုအမှုလေးတခုပါ
ငြင်းချက်တွေထုတ်ပြီး လုပ်ချင်ရာလုပ်နေသမျှ
ရန်တွေဖြစ် ပြဿနာတွေတက်နေတာ မဆန်းဘူး.................
နားလည်မှု့ 
ယုံကြည်မှု့ ဆိုတာ
အပြောတော့  လွယ်တယ်
တကယ်တမ်း အဲစကားတွေနဲ့  နင်အသက်ရှူတာမ၀ရင်
လွတ်လပ်ခွင့် ပေးပါတယ်
ငါ သိပ်ရင်မောရလို့ ပါ
(ပုံရိပ်စစ်)
credit- ori photo
နားလည်မှု့ တွေနဲ့  ကြည်ဖြူနိင်တဲ့  အခိုက်အတန့် လေးတခုထိပါ
တခါမကတဲ့  အကြိမ်ကြိမ် မကြိုက်တာလုပ်နေသမျှ
စိတ်ဆိုး ဒေါသထွက်လာတာ မဆန်းဘူး.................
စိတ်ချရတယ်ဆိုတာ
တားမြစ်ချက်ကိုလိုက်နာနေတာမဟုတ်

Post a Comment