Posted by : လက်တွဲဖော် Saturday, November 24, 2012


ချစ်သူနှစ်ယောက် ဖုန်းထဲမှာ ရန်ဖြစ်နေကြတယ်!!

ကောင်မလေး : နင်ငါ့ကို မချစ်တော့ဘူးမလား?? နင်အသစ်တွေ့နေပြီဆိုတာ ငါသိတယ်!!

ကောင်လေး : နင်လည်းငါ့ကိုမချစ်တော့ဘူးမလား
?? ငါသိပါတယ် :(

ကောင်မလေး : အေ ဟုတ်တယ် .. နင်နဲ့ငါလမ်းခွဲရအောင်!! နင်လည်းနင်ကြိုက်တဲ့သူနဲ့တွဲလို့ရတာပေါ့ ..

ကောင်မလေးက ပြောပြီးတာနဲ့ ဖုန်းချလိုက်တယ်! ကောင်လေးက ဖုန်းကို ချက်ချင်းပြန်ခေါ်တယ်!! ကောင်မလေးကလည်း မနေနိုင်ဘဲ ကောင်လေးဆီ ဖုန်းပြန်ခေါ်လိုက်တယ် …

☎ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်!! ☎

( သူတကယ် အသစ်တွေ့နေပြီထင်တယ် ~ ငါအခုပဲဖုန်းချလိုက်တယ် ဖုန်းကအခုပဲ မအားတော့ဘူး … အရမ်းရက်စက်တာပဲ ) ကောင်မလေးကတွေးပြီး ရှိုက်ငိုလိုက်တယ်!!

အဲ့ဒီအချိန်မှာပဲ ကောင်လေးဆီက ဖုန်းပြန်ဝင်လာတယ် …

ကောင်မလေး : ခုနက ဘယ်ကောင်မဆီဖုန်းဆက်နေလို့ နင့်ဖုန်းက မအားရတာလဲ??

ကောင်လေး : ♥ နင့်ဆီကိုလေ ♥ ငါလည်း နင်တခြားကောင်ဆီ ဖုန်းဆက်နေတယ်ထင်တာ … ( ကောင်လေးက မျက်ရည်ဝဲနေရင်း ပြောလိုက်တယ် )

ကောင်မလေး : Awwwwwwwwwwwwww ♥ :)

ကောင်လေး : ငါနင့်ကို အရမ်းချစ်တယ် … ငါတို့ရန်မဖြစ်တော့ဘူးနော် ♥

ကောင်မလေး : အင်း! ငါလည်းနင့်ကို အရမ်း အရမ်းချစ်တယ် ♥



❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"သံသယ" ဆိုတာ ချစ်သူတွေကြားမှာ အပူလောင်ဆုံး အရာတစ်ခုပါ ... ဒါပေမယ့် အဲ့ဒီ သံသယတွေ ကင်းရှင်းသွားတဲ့ အချိန်ကတော့ ချစ်သူတွေအတွက် ပျော်ရွှင်ကြည်နူးရဆုံး အခိုက်အတန့်လေးပါပဲ :)



♚ Thu Thu Lay ♚

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -