Posted by : လက်တွဲဖော် Wednesday, June 20, 2012


အိမ်မက် ကဗျာ ချစ်လိုက်တာလို့ ပြောလိုက်မိရုံနဲ ငါအနီးအနားက အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။။ ရင်ခွင်မှာ အလွမ်းတွေ ပန်းလိုဝေနေတာများ ဥယျာဉ်ကြီးတစ်ခုတောင် ဖြစ်ထွန်းနေလေ၇ဲ့ကွယ်..။ ချစ်လိုက်တာလို့ တိုးတိုးလေး ရည်ရွတ်မိလိုက်တိုင်း ရင်ခုန်သံတွေ ၀ုန်းဒိုင်းကြဲကုန်ကြတာများ ငါ ဖမ်းဆုပ်လို့တောင် မမှီလိုက်ဘူး ရင်ခွင်မှာ မြတ်နိုးခြင်းသံစဉ်တွေ ဆူညံနေလေရဲ့ကွယ်...။ ချစ်လိုက်တာလေ .... လို့ ကိုယ်ကြားရုံလေး ညဉ်းညူမိလိုက်တိုင်းသာ ချစ်သူဓါတ်ပုံလေးက စကားပြောတတ်ရင် ကိုယ်ဘယ်တော့မှ အဖော်မဲ့နေမှာမဟုတ်ဘူးပေါ့ကွယ်....။ ခုတော့ တစ်ကိုယ်ရေညဉ်းညူမိတဲ့ ခပ်တိုးတိုးစကားလုံးလေးတွေနဲသာ ကိုယ် ရူးလောက်အောင် လွမ်းနေရတာ ရူးနေလောက်အောင် ချစ်လိုက်ရတာလေ.. ♥♥♥ သိပ်ချစ်တာပဲ ချစ်သူရယ် ♥♥♥ — with Khay Lay, Swan Pyae, Htet Myat, Kon Twins, Khaing Lamin, Ayechann Nyein, Tony Wu, John KO KO, PoePoe Tin Shwe, Yukiko Mat Sushima, Jet Punk, Yoe Htet Phyu, La Min Thant, Hell Lay, Hein Z Linnz, နဂါး မလေး, Hanthar Han, Poe Hart Phyu, အာမီ ရမ်, Snow Venus, Aung Nyeinoo, BalLone Lay, Came Seven, Thitkhwa Nyo, June Prince and Cherry Lin.

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -