Posted by : လက်တွဲဖော် Monday, August 13, 2012


ညနေခင်းလေးတစ်ခု လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကိုဖြန်.ကြက်ထားတယ် ....... ရှည်လျားတဲ့လမ်းမ ထက်က စက်ဘီးလေးတစ်စီးပေါ်မှာ ကောင်လေးကကောင်မလေးကိုတင်နင်းလာတယ် ''ငါ့ကိုဘယ်အချိန်ထိချစ်မှာလဲ '' ကောင်လေးခါးကို ပွေ.ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကို ခပ်တိုးတိုးလေးမေးတယ် ။ မီးနီနေတုန်း ကောင်လေးက ကောင်မလေးကိုလက်တစ်ချောင်းထောင်ပြလိုက်တော့ ကောင်မလေးက ''တစ်သက်လုံးလား'' လို.ပြောတော့ ............ ကောင်လေးက "" နင့်ကိုငါဒီလိုအဖြေမျိုး ပေးမှာမဟုတ်ဘူး ဒီလိုအဖြေမျိုးပေးမှာမဟုတ်ဘူး ။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်တလိုပဲ ..... ပြန်စဉ်းစားလိုက်ပါဦး "" ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း '' ဒီလိုဆိုရင်တစ်ရက်လား "" '' ဟား . . ဟား .. ငါတို.ချစ်တာတောင် 2 လကျော်နေပြီ ။ တစ်ရက် တစ်ပတ် တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ "" ကောင်လေးအပြောမှာ ကောင်မလေး ရောယောင်ရယ်ရင်း "" တစ်ခဏတော့မဟုတ်ရပါဘူးနော် "" လို. အသံကျယ်ကြီးနဲမေးတယ်။ ကောင်မလေးအပြောကြောင့်စက်ဘီးလဲမတတ် ကောင်လေးအော်ရယ်မိတယ်။ ကောင်မလေး ရဲ့ ဒီလိုရွှတ်နောက်နောက် အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကိုကောင်လေး သိပ်ချစ်တယ် ။ '' ဒီလိုဆိုရင် တစ်နှစ်လား '' ကောင်လေးခေါင်းခါပြလိုက်တယ် ။ '' ဒီလိုဆိုရင် နှစ်တစ်ရာကွာ .... ငါ့ကိုနှစ်တစ်ရာချစ်၇င်ရပြီ ''' ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမဲ့ မျက်နှာပေါ်မှာ အပျော်ရိပ်တွေသမ်းနေတယ် '' နှစ်တစ်ရာ ....... မတိုလွန်းဘူးလားကွာ ။ နှစ်တရာနဲ့ ငါနင့်ကိုချစ်လို.မ၀နိုင်ဘူး '' ကောင်လေးရဲ့စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ် ။ '' အဖြေကို သိချင်နေပြီလား '' ကောင်လေးဖြေချင်နေပြီ ။ '' ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ '' ကောင်မလေးလည်းအဖြေကိုကြားချင်နေပြီ ။ ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း ''' နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ.အထိ ငါချစ်နေမယ် ''' ကောင်လေးစကားကြောင့် ကောင်မလေးငေးငိုင်သွားတယ် ။ နင်ငါ့ကိုမချစ်တော့တဲ့ တစ်နေ.အထိ ငါချစ်နေမယ် ............ အဲဒီတစ်နေ.က ဘယ်လောက်ကြာနိုင်မလဲ ........တိုနိုင်တလို .ရှည်နိုင်တယ် ။ ထာဝရ တစ်ခဏ လည်းဖြစ်နိုင်ပေမဲ့ တိကျတဲ့အဖြေ ဖြစ်ပါတယ် ။။။။။။။။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -