Posted by : လက်တွဲဖော် Saturday, March 2, 2013

အချစ်ဆိုတာ....
အရမ်းဆန်ကျယ်တယ်ဆိုတာ မင်းနဲ့တွေ့မှ
သိလာရတာပါ ချစ်သူ...

တခါမှအပြင်မှာမတွေ့ဖူးသေးတဲ့ မင်းကို
ငါတိုးတိုးလေးရင်ခုန်မိပြီး တိတ်တိတ်လေး
ချစ်နေမိတယ် ချစ်သူ...

မင်းရဲ့စကားသံလေးကိုယ် အချိန်တိုင်း
ကြားချင်နေမိတယ်...မင်းအမြဲပြောခဲ့တဲ့
စကားလေးတွေကိုယ်လဲ အမိန့်တခုလို ငါ
လိုက်နာတတ်နေမိတယ်...

သေချာနေပါပြီ ငါကျရူံးတော့မယ်ဆိုတာ...

မင်းဆီကတနေ့ထွက်ကျလာမဲ့စကားလုံးတွေဟာ
ငါ့ရဲ့မျှော်လင့်ချက်တခုဖြစ်ပါစေလို့ ဆုတောင်းရင်း
သေချာတာတခုကတော့ ငါ့ရင်ခုန်သံတွေအခု
မင်းကြောင့်ဖျားနာနေပြီ ဆိုတာပါပဲ ချစ်သူရေ...

ကောင်မလေးတယောက်တောင်းထားတဲ့ ကဗျာလေးပါ
အဆင်ပြေနိုင်ပါစေနော...:)






phoe phyu

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -