Posted by : လက်တွဲဖော် Saturday, March 2, 2013

ငါ့ကိုယ်ငါ ထက် နင့်ကို ချစ်မိလို့
နင့်ကို ငါမုန်းတယ်

ငါ့ဘ၀ထဲ နင်မရှိရင် မဖြစ်လို့
နင့်ကို ငါချစ်တယ်

နင့်အပြုမှုတိုင်းက ငါ့ကိုစွဲလမ်းစေလို့
နင့်ကို ငါလွမ်းတယ်

ဘယ်သူမှ နင့်လောက် ငါ့အပေါ်မှာ နားလည်မပေးနိုင်လို့
နင့်ကို ငါသဘောကျတယ်

နင်နဲ့ အတူရှိတိုင်း ငါ့ကို လုံခြုံမှု ရှိစေလို့
နင့်ကို ငါအမြဲ အတူနေချင်တယ်

နင်က ငါ့ရဲ့ ကမ္ဘာတစ်ခုဖြစ်လို့
နင့်ကို ငါမရှိမဖြစ်လိုအပ်တယ်

Credit by - ရင်ထဲကမှန်ကလေး

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -