Posted by : လက်တွဲဖော် Saturday, March 2, 2013

ချစ်သူနှစ်ဦးကြားက အကွာအဝေးဆိုတာ
ရေခြား မြေခြား ဝေးကွာနေခြင်းမဟုတ်ဘူး
စိတ်ဓါတ်တူညီမှု့ မရှိနိုင်ခြင်းပဲဖြစ်နိုင်တယ်

ချစ်သူနှစ်ဦးကြားက ခိုင်မြဲခြင်းဆိုတာ
အချိန်ကြာမြင့်လာခြင်း မဟုတ်ဘူး
နားလည်မှု့ပေးနိုင်ခြင်းပဲ ဖြစ်နိုင်တယ်

ချစ်သူနှစ်ဦးကြားက နီးစပ်ခွင့်ဆိုတာ
ဖူးစာရေးနတ်ကြီးနဲ့လည်း မဆိုင်နိုင်ဘူး
သူတို့နှစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ပဲ ဆိုင်တယ်


အချစ်ဆိုတဲ့ အကွာအဝေးကို တိုင်းတာဖို့ဆိုတာ ပေတံ မလိုဘူး
မေတ္တာစစ်နဲ့ချစ်ဖို့ပဲ လိုတယ် မဟုတ်လား..။











မနောဖြူ

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -