Posted by : လက်တွဲဖော်
Saturday, March 2, 2013
လူတစ်ယောက်ကို ချစ်တယ်ဆိုတာ
အဲဒီလူမသိလဲငါတို့ချစ်လို့ရတယ်
လူတစ်ယောက် သတိရတာကိုလဲ
အဲဒီလူမသိအောင် နေလို့ရတယ်
လူတစ်ယောက်ကို လွမ်းရင်လဲ
အဲဒီလူမသိအောင် လွမ်းလို့ရတယ်
ဒါပေမယ့် လူတစ်ယောက်နဲ့ပတ်သတ်တဲ့
ငါတို့ရဲ့ အတိတ်ကိုတော့ ငါတို့မေ့လို့မရဘူး
အတိတ်မှာ ပူဆွေးမှု တွေ ပျော်ရွှင်မှုတွေ
အများကြီးကို ငါတို့မမှတ်ထားဘူး
မေ့ထားတယ်ဆိုရင်တော့ စိတ်ထဲမှာ မှတ်နေတတ်ပါတယ်
ဒါပေမယ့်လဲ လူတွေဟာဟန်ဆောင်ပြီ မနက်ဖြန်ဆိုတာကို ခရီးဆက်နေကြတာ
လူတိုင်းပါဘဲ မျက်ရည်နဲ့ ခရီးဆက်တဲ့သူနဲ့
အပြုံးနဲ့ ခရီးဆက်တဲ့သူ နှစ်မျိုးတော့ ကွဲပြားသွားတာပါ........
ဟန်ဆောင်ကောင်းတဲ့လောကကြီးမှာ တချို့အရာတွေကိုငါတို့ ဟန်ဆောင်တတ်မှ အဆင်ပြေလိမ့်မယ်
✿✿✿Poem✿✿✿

Post a Comment