Posted by : လက်တွဲဖော် Saturday, March 2, 2013

ယုံကြည်ခဲ့ဖူးတဲ့ ကတိတွေ ပျက်သုန်းသွားလဲ
ငါ ခံနိုင်ရည်ရှိနေခဲ့တယ်.....

ကိုးကွယ်ခဲ့ဖူးတဲ့ အချစ် လွင့်ပျောက်သွားလဲ
ငါ ကျိတ်မှိတ် ပြုံးနေခဲ့ တယ်.....


တည်ဆောက်မယ်လို့ ရည်ရွယ်ထားတဲ့ ဘ၀တစ်ခု
ပျက်ဆီးသွားလဲ ငါ့ဘ၀ကို ငါ ဆက်လျှောက်နိုင်ခဲ့တယ်....


တကယ်တော့ အချစ်တစ်ခုနဲ့ အသက်ရှင်နေလို့ မရတဲ့
ဘ၀မှာ ထားခဲ့ရက်တဲ့ နင့်ကို ငါ ဘယ်လောက်ပဲချစ်နေပါစေ


ရင်ထဲမှာ တိတ်တိတ်လေး ငိုကြွေးနေယုံက လွဲပြီး
ငါ့ဘ၀အတွက် နေ့ ရက်ပေါင်းများစွာကို ဟန်ဆောင်မှုတွေနဲ့ 
ငါဖြတ်သန်းနေအုံးမှာပါ............



khin myo aye

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -