Posted by : လက်တွဲဖော် Saturday, March 2, 2013

ငါနင့်ကို ခဏခဏ အရမ်းလွမ်းတယ်လို့ 
ပြောနေတတ်တာ အပိုတွေလို့ နင်ထင်နေရင်
ရတယ်ထားလိုက်တော့ အဲ့တာ အပိုတွေလို့ 


ငါနင့်ကိုအရမ်းဂရုစိုက်နေတတ်တာက
အရမ်းကိုအဖြစ်သည်းတယ်လို့ နင်ထင်နေရင်
ရတယ်ထားလိုက်တော့ ငါအဖြစ်သည်းနေတာ


နင့်ကိုငါမဟုတ်တဲ့တစ်ခြားတစ်ယောက်
ပိုင်ဆိုင်သွားမှာဆိုးလို့ ငါနင့်ကိုပိုင်ဆိုင်ချင်တာက
အတ္တတွေပါဆိုရင် ရတယ်ထားလိုက်တော့
ငါနင့်အတွက်ဆို အရမ်း အတ္တကြီးတယ်


ဒါပေမဲ့ ငါအခုလိုအပိုတွေလုပ်နေတတ်တာ
အဖြစ်သည်းနေတတ်တာ..အတ္တကြီးနေတတ်တာတွေက
ငါနင့်ကိုအရမ်းချစ်လို့ ဆိုတာကိုတော့ ငါမပြောလဲ
နင်နားလည်နေတတ်ရမယ်နော် ချစ်သူ...........




khin myo aye

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -