Posted by : လက်တွဲဖော်
Saturday, March 2, 2013
ကောင်းကင်ပေါ်က ကြယ်လေးတွေဆိုတာ ကောင်းကင်ကြီးပေါ်မှာအမြဲတည်ရှိနေနိုင်တာမှမဟုတ်တာ ။
နေ့ဘက် ကောင်းကင်ကြီးကပြာ .. နေကသာတဲ့နေ့မှာမှ ညဘက်မှာကြယ်ထွက်နိုင်သလို ..
နေ့ဘက်မိုးတွေအုံ့မှိုင်းပြီး ရာသီဥတုမသာယာတဲ့နေ့မျိုးမှာဆို ညဘက်ကြယ်မထွက်တတ်ဘူးလေ ။
ဒါပေမယ့် ..
ဘယ်လိုပဲဖြစ်ဖြစ် ..
ကြယ်လေးတွေကတော့ အမြဲကောင်းကင်ကြီးနဲ့အတူရှိနေတာပဲမဟုတ်လား ??
အဲဒီအတိုင်းပဲ ..
နင်နဲ့ငါဟာ ချစ်သူတွေဆိုပေမယ့် အမြဲတမ်း ရန်မဖြစ်ပဲ တည့်နေနိုင်ကြတာမှမဟုတ်တာ ။
နင် စိတ်မကြည်တဲ့အချိန်မှာ ငါ့ကို အမြဲတမ်းအလိုလိုက်မပေးနိုင်သလို ..
ငါစိတ်မကြည်တဲ့နေ့မှာဆိုလည်း နင့်ကို နားလည်မှုအပြည့်အဝမပေးနိုင်ဘူးလေ ။
ဒါပေမယ့် ..
ဘယ်လိုပဲဖြစ်ဖြစ် ..
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ..
နောက်ဆုံးမှာတော့ နင်နဲ့ပဲ မခွဲအတူရှိနေချင်တယ် ။
{ မယ်ပိုး }
< Heart Canteen >

Post a Comment