Archive for February 2013

[သင့်ဘ၀မှာရှိထားသင့်တဲ့သူများ။]
*********************
သင့်ဘ၀မှာ အရာရာပြည့်စုံတဲ့သူရှိဖို့မလိုဘူး..။
သင့်ကို ချစ်မြတ်နိုးသူ၊
သင့်ကို ရိုသေလေးစားတတ်သူ၊
သင့်ကို ဂရုစိုက်တတ်သူ၊
သင့်ကို နာလည်းပေးနိုင်သူရှိဖို့ပဲလိုပါတယ်..။

လပြည့်ဝန်း [သာစည်]



အေးချမ်းမွန်မှ ဓမ္မလမ်းပြကြယ် တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

[သင့်ဘ၀မှာရှိထားသင့်တဲ့သူများ။]

Posted by : လက်တွဲဖော် 0 Comments
ကောင်မငယ်လေးအတွက်

(၁) သာယာချိုမြတဲ့ မက်ဆေ့လေးတွေရရင် ဖတ်ပါ၊ ပြုံးပါ ပြီးတော့ဖျက်ပစ်ပါ။

(၂) စိတ်တိုဒေါသထွက်ပြီဆိုရင် ၁ ကနေ ၃ဝ အထိရေပါ ပြီးမှ စကားပြောပါ။

(၃) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်နိုင်အောင် ကြိုးစားပါ။ တခြားသူပေးမှာကို မမျှော်ပါနဲ့။

(၄) သစ်သီးရည်နည်းနည်းသောက်ပါ အသီးများများစားပါ။ မုန့်ပဲသရေစာနည်းနည်းစားပါ ရေများများသောက်ပါ။
နည်းနည်းထိုင်ပါ များများရပ်ပါ။ နည်းနည်းတွေးပါ များများကြည့်ပါ။ နည်းနည်းပြောပါ များများလုပ်ပါ။

(၅) လူတစ်ယောက်တည်းကို (၂၄)နာရီလုံးလုံး သတိရမနေပါနဲ့၊ တွေးတောမနေပါနဲ့။ သင့်အချိန်တွေကို သင့်မိသားစု၊ သင့်သူငယ်ချင်းတွေကိုလည်း ဝေမျှပေးပါ။

(၆) ပိုက်ဆံရှိတဲ့ယောက်ျားကိုရတာနဲ့ အရာအားလုံးပြည့်စုံသွားမယ် မထင်နဲ့။ လောကမှာ ငယ်ရွယ်နုပျိုတဲ့မိန်းကလေးတွေ များလွန်းပါတယ်။ စင်ပေါ်တင်ထားတဲ့ ကိုကာကိုလာဗူးတွေလို သောက်ချင်တဲ့တစ်ဗူးကို သူတို့ကောက်သောက်သွားလိမ့်မယ်။

(၇) အထီးကျန်ချိန် သီချင်းဆွေးဆွေးတွေ နားမထောင်ပါနဲ့။ နေ့ရက်ဟောင်းကို တမ်းတတာ ဒါမှမဟုတ် အင်တာနက်ပေါ်မှာပဲ ချိတ်နေတာမျိုး မဖြစ်စေနဲ့။
အားကစားထလုပ်ပါ ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းကို သွားရှာပါ။

(၈) အလုပ်လုပ်ချိန် အာရုံစူးစိုက်ပြီး အလုပ်လုပ်ပါ။ အားလပ်ချိန် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေပါ။

(၉) နေရောက်ခြည်ကို ကာကွယ်သလို သင့်တင့်မျှတတဲ့ နေရောင်ခြည်ပက်ဖြန်းမှုလည်း ရှိပါစေ။ နေပူစာခံခြင်းနဲ့ ညှိုးမှိုင်နေတဲ့သင့်ခံစားချက်ကို
အလင်းပေးနိုင်ပါတယ်။

(၁ဝ) စာများများဖတ်ပါ။ အသိပညာနဲ့ အရသာခံနိုင်စွမ်းကို မြင့်တင်ပါ။

(၁၁) အမြင်ကွဲလွဲခွင့်၊ သဘောမတူညီခွင့်ရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်ဘက်သားကို လေးစားပါ။

(၁၂) ဖုန်းပြောတဲ့အချိန်မှာ ပြုံးပြီးပြောပါ။ တစ်ဘက်သားမမြင်ပေမယ့် ခံစားနိုင်ပါတယ်။

(၁၃) ဘယ်သူ့ကြောင့်၊ ဘယ်အရာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုညှင်းဆဲတာမျိုး မလုပ်နဲ့။ ဥပမာ- ထမင်းမစားတာ၊ အခန်းအောင်တာ၊ ငိုယိုတာ၊ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်တာ... ဒါတွေက လူတုံးလူအတွေမှ လုပ်တာပါ။

(၁၄) အားလပ်ချိန်မှာ ရေနွေးကြမ်းတစ်ခွက် ကော်ဖီတစ်ခွက်ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ အစားအစာတွေ ချက်ပြုတ်စားတာပဲဖြစ်ဖြစ် ကိုယ်နှစ်သက်တဲ့ သီချင်း၊ စာအုပ်တစ်အုပ်နဲ့ဖြစ်ဖြစ် နေနိုင်ပါတယ်။ ပြီးတော့ နေ့လယ်နေ့ခင်း တရေးတမောအိပ်နိုင်ပါတယ်။

ညီမငယ်လေးများသိနားလည်နိုင်ပါစေ...♂♂♂


Admin:::ဖေလေး

ကောင်မငယ်လေးအတွက်

Posted by : လက်တွဲဖော် 0 Comments

အရမ်းကလေးဆန်ပြီး အရမ်းစိတ်ကောက်တတ်သည့် သူမကို ကျွန်တော်လွမ်းသည် ။

_ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နှုတ်ခမ်းမွှေးရေးတေးတေးလေးရှိသည့် သူမ နှုတ်ခမ်းဆူဆူလေးကိုလည်း ကျွန်တော်လွမ်းသည် ။

_ အရမ်းသဝန်တိုတတ်ပြီး ကျွန်တော့်ကိုဘယ်သူနဲ့မှစိတ်မချတတ်သော ကောင်မလေးတစ်ယောက်ကို ကျွန်တော်လွမ်းသည် ။

_ သူမရဲ့မုန့်ဖိုးလေးတွေကို အသည်းအသန်ခြစ်ကုတ်စုဆောင်းပြီး အမြဲတမ်း ကျွန်တော့်အတွက် လက်ဆောင်လေးတွေဝယ်လာပေးတတ်သော သူမလေးကို ကျွန်တော်လွမ်းသည် ။

_ လူတွေကြားထဲ သူမလက်လေးကိုဆွဲပြီးလမ်းလျှောက်ကြသည့်အခါ .. အပြင်ထွက်လည်ကြတိုင်း ကျွန်တော့်သူငယ်ချင်းတွေနှင့်သူမကိုအလေးအနက်ထားပြီးမိတ်ဆက်ပေးသည့်အခါ အရမ်းပျော်ရွှင်ကြည်နူးနေတတ်သော သူမကို ကျွန်တော်လွမ်းသည် ။

_ သူမလိုချင်တဲ့ပစ္စည်းလေးတွေ အရုပ်လေးတွေတွေ့တိုင်း သူမလောက်မချမ်းသာသည့်ကျွန်တော့်ကိုစဉ်းစားပေးပြီး ထိုအရုပ်လေးတွေကို ငေးရုံပဲငေးကြည့်နေတတ်သည့် သူမကိုကျွန်တော်လွမ်းသည် ။

_ အခြေအနေ အကြောင်းကြောင်းကြောင့် သူမနှင့်ကျွန်တော်ဝေးနေကြရသော်လည်း ကျွန်တော့်အပေါ် စိတ်မပျက်သွားဘဲ သစ္စာရှိရှိချစ်နေပေးသည့် သူမလေးကို ကျွန်တော် အမှန်တကယ်လွမ်းနေပါသည် ။ ။




{ မယ်ပိုး }
< Heart Canteen >

မိန်းကလေးတစ်ယောက်

Posted by : လက်တွဲဖော် 0 Comments

  1. ❥ နင်သိပါတယ် ...
    ငါနင့်ကို စိတ်ကောက်တဲ့အခါတိုင်း နင်စိတ်ညစ်မှာစိုးလို့ ငါပဲအမြဲပြန်ချော့ခဲ့တယ် ဆိုတာကို!!

    ❥ နင်သိပါတယ် ...
    အရာရာတိုင်းမှာ အနိုင်လိုချင်တဲ့ငါက နင်နဲ့ပတ်သက်ရင် အမြဲ အရှုံးပေးခဲ့တယ် ဆိုတာကို!!

    ❥ နင်သိပါတယ် ...
    နင်စိတ်ဆိုးပြီး ငါ့ကိုအော်တိုင်း ငါဝမ်းနည်းလွန်းလို့ ကလေးတစ်ယောက်လို ငိုကြွေးတတ်တယ် ဆိုတာကို!!

    ဒါပေမယ့် ....

    ❥ နင်မသိပါဘူး ...
    နင့်ဆီက ဂရုစိုက်မှုကို မျှော်လင့်မိတိုင်း ငါဘယ်လောက် နာကျင်ရတယ် ဆိုတာကို!!

    ❥ နင်မသိပါဘူး ...
    နင်ချော့တာခံချင်လို့ စိတ်ကောက်တိုင်း စိတ်မရှည်သလို အပြစ်တင်တတ်တဲ့ နင့်စကားတွေကြောင့် ငါဘယ်လောက် ခံစားရတယ် ဆိုတာကို!!

    ❥ နင်မသိပါဘူး ...
    ငါ့ခံစားချက်တွေကို ဥပေက္ခာပြုပြီး နင့်ကိုဆက်ချစ်နေရတာ ငါ့အတွက် ဘယ်လောက်ပင်ပန်းတယ် ဆိုတာကို!!


    ★ Thu Thu Lay ★

    ( Heart Canteen )

နင်သိပါတယ် ...

Posted by : လက်တွဲဖော် 0 Comments
ငါနင့်ကို ခဏခဏ အရမ်းလွမ်းတယ်လို့ 
ပြောနေတတ်တာ အပိုတွေလို့ နင်ထင်နေရင်
ရတယ်ထားလိုက်တော့ အဲ့တာ အပိုတွေလို့ 


ငါနင့်ကိုအရမ်းဂရုစိုက်နေတတ်တာက
အရမ်းကိုအဖြစ်သည်းတယ်လို့ နင်ထင်နေရင်
ရတယ်ထားလိုက်တော့ ငါအဖြစ်သည်းနေတာ


နင့်ကိုငါမဟုတ်တဲ့တစ်ခြားတစ်ယောက်
ပိုင်ဆိုင်သွားမှာဆိုးလို့ ငါနင့်ကိုပိုင်ဆိုင်ချင်တာက
အတ္တတွေပါဆိုရင် ရတယ်ထားလိုက်တော့
ငါနင့်အတွက်ဆို အရမ်း အတ္တကြီးတယ်


ဒါပေမဲ့ ငါအခုလိုအပိုတွေလုပ်နေတတ်တာ
အဖြစ်သည်းနေတတ်တာ..အတ္တကြီးနေတတ်တာတွေက
ငါနင့်ကိုအရမ်းချစ်လို့ ဆိုတာကိုတော့ ငါမပြောလဲ
နင်နားလည်နေတတ်ရမယ်နော် ချစ်သူ...........




khin myo aye

ခဏခဏ

Posted by : လက်တွဲဖော် 0 Comments

နင်ပြုံးလိုက်တဲ့ အပြုံးတွေကငါအတွက်အမြဲတမ်း တောက်ပနေခဲ့တယ်


♥ နင်ပြောလိုက်တဲ့ စကားလုံးတွေတိုင်း င့ါအတွက်ချိုမြိန်နေခဲ့တယ်


♥ နင့် ရဲ့ မျက်နှာလေးကငါ့အတွက်တော့အမြဲတမ်းနှစ်သက်ဖွယ်
ကောင်းနေခဲ့တယ်


♥ နင်ပေးလိုက်တဲ့ ဂရုစိုက်မှုတိုင်းက ငါ့ကိုအချိန်တိုင်းပျော်ရွှင်စေခဲ့တယ်


♥ နင့် ရဲ့ ရင်ခွင်လေးက ငါ့အတွက်အရမ်းကိုနွေးထွေးမှုတွေပေးနိုင်ခဲ့တယ်


♥ နင်က တစ်ခြားသူတွေအတွက် ဘာတွေပဲ ဖြစ်နေ ဖြစ်နေ
နင့်ကို အရမ်းချစ်နေတဲ့ ငါ့အတွက်တော့ ဘယ်အရာနဲ့ မှမလဲနိုင်တဲ့
တစ်ဦးတည်းသော ချစ်ရတဲ့သူတစ်ယောက်ပါ ချစ်သူရယ်..........







khin myo aye

ချစ်သူရယ်..

Posted by : လက်တွဲဖော် 0 Comments

  1. ချစ်လွန်းလို့  သ၀န်တိုတယ်ဆိုတာထက်
    ဆုံးရှုံးမှာ စိုးလို့  သ၀န်တိုတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်နော်.....

    မုန်းသွားမှာစိုးလို့  စကားမာမာမပြောရဲတာထက်
    မျက်နှာညိုးမှာစိုးလို့  အရာရာ အလျော့ ပေးတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်နော်......

    လမ်းခွဲသွားမှာစိုးလို့  တားမြစ်နေမိတာထက်
    ပိုချစ်နိုင်တဲ့ သူရှိမှာမဟုတ်ဘူးဆိုတာသိလို့ 
    တားဆီးနေမိတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်နော်..


    တခါတလေ ငါနားလည်ပေးတဲ့ နင်က
    ငါနားမလည်နိုင်လောက်အောင်
    ပြဒါးသုတ်ထားတဲ့  မှန်ကိုပဲကြည့်တက်တာ ငါ သိပ်ရင်နာတယ်ချစ်သူရယ်.....

    ရင်တခုလုံးထိုးဖောက်မမြင်နိုင်ပဲနဲ့ တော့ 
    ချစ်သူနှစ်ဦးကြားက နားလည်မူ့ဆိုတဲ့ စကားလုံးကို
    ရုပ်တည်ကြီးနဲ့ တော့ 
    ငါ Dictionary ထဲမှာ ရှာမနေချင်တော့ ဘူးဟာ......

    လူတစ်ယောက်ကို ချစ်ရတာ ကမ္ဘာတပါတ် ပတ်ရသလို စိတ်မောရတဲ့ အထဲ
    လူတစ်ယောက်ကို နောက်ထပ်နားလည်ပေးနိုင်ဖို့ ဆိုရင်.....
    ငါရင်ခုန်သံတွေ အဲ့နေရာမှာပဲ ရပ်တန့် သွားနိုင်တယ်....

    (ပုံရိပ်စစ်)

ချစ်လွန်းလို့ 

Posted by : လက်တွဲဖော် 0 Comments
ယုံကြည်လို့ပေးပါ.....ချစ်သူ
++++++++++++++++
++++++++++++++++

ချစ်သူရေ ငါ့ရင်ခွင်က ထွက်သွား
နောက်တယောက်ရင်ခွင်မှာမင်းရောက်သွားရင်
ငါမင်းကို အပစ်မတင်ဘူး
ဆွဲဆောင်မှုညံ့ဖျင်းတဲ့ ငါ့ကိုယ်ငါဘဲ အပစ်တင်ပါ့မယ်.......
အလွမ်းတွေ ပြည့်နေတဲ့ ငါ့ရင်
မင်းကြောင့်နာကြင်နေရင်
တပါးသူရင်ခွင် ခိုဝင်နေတဲ့မင်းကို အပစ်မတင်
အချစ်ကြီးတဲ့ ငါ့ကိုယ်ငါသာ အပစ်တင်လိုက်ပါ့မယ်.........
မကြင်နာကာ ထားရစ်
ပြစ်သွားတဲ့ ချစ်သူကို
နာကြင်စွာနဲ့ နှလုံးသားမှာ
ဒဏ်ရာတွေရနေရင်တောင်
ဟိုးးးးးးးးးးအဝေး တနေရာက
ဆွေးဆွေးလေး လွမ်းလို့
ချစ်နေဦးမယ် ချစ်နေဆဲပါ
ဆိုတာတော့ အကြွင်းမဲ့လေး
ယုံကြည်ပေးပါ...ကွာ.....နော်..........
(s.l)

ယုံကြည်လို့ပေးပါ.....ချစ်သူ

Posted by : လက်တွဲဖော် 0 Comments
❤ နင်ငါ့ကို ဥပေက္ခာပြုထားတဲ့ အချိန်တွေမှာ
တစ်ခြားတစ်ယောက်က ငါ့ကို နွေးထွေးကြင်နာစွာနဲ့ ဂရုစိုက်နေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်ငါ့ကို ပြဿနာတွေရှာပြီး စိတ်ဆင်းရဲအောင် လုပ်နေချိန်မှာ
တစ်ခြားတစ်ယောက်က ငါရင်ဖွင့်သမျှကို နားထောင်ပြီး အားပေးနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်တခြားကိစ္စတွေနဲ့ရှုပ်ပြီး ငါ့ကိုမေ့နေချိန်မှာ
တစ်ခြားတစ်ယောက်က ငါ့အတွက် အချိန်ပေးပြီး ငါ့အနားမှာရှိနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်ငါ့ကို ၀မ်းနည်းပြီး မျက်ရည်ကျအောင် လုပ်နေချိန်မှာ
တစ်ခြားတစ်ယောက်က ငါပြန်ပြုံးပျော်လာအောင် ကြိုးစားနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်ငါ့ကို လိုအပ်နေသေးလားဆိုတာကို နင်ကိုယ်တိုင်တောင် သေချာမသိတဲ့ အချိန်မှာ
တစ်ခြားတစ်ယောက်က ငါ့ကိုနွေးထွေးစွာ ကြိုဆိုဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူ စောင့်ကြိုနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!


★ Thu Thu Lay ★

( Heart Canteen

အေးချမ်းမွန်မှ Heart Canteen တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

နင်ငါ့ကို

Posted by : လက်တွဲဖော် 0 Comments
ဘယ်သူတွေကတကယ်လုပ်ပြီး ဘယ်သူတွေက လူစွာလူကြွားလုပ်နေကြလဲ
***********************************************

စစ်သား ။ ။ သူတို့တွေရဲ့ ဘ၀ကို ခြေပြတ် လက်ပြတ် ကိုယ်လက်အဂါင်္တွေ့ စုတ်ပြတ်ပြီး ဘဝတွေ အပိုင်းပိုင်း အတစ်တစ် ဖြစ်တဲ့အထိ ပေးဆပ်ရင်း ပြည်သူတွေရဲ့ အနာဂါတ် ဘ၀ကို ကောင်းကောင်း ပုံဖော်နိုင်စေဖို့  အသက်ခန္ဓာနဲ့ ရင်းနေတဲ့သူတွေ.................................................။

စစ်သား ။ ။ အဖေနဲ့ ကွဲ ၊ အမေနဲ့ ကွဲ ၊ သားသမီးတွေနဲ့ ကွဲ ၊ ဇနီးသည်တွေနဲ့ ကွဲ မိသားစုတွေ ဖယိုဖရဲ ငိုသံမျက်ရည်တရွဲရွဲနဲ့ ဖြစ်မှာသိလဲ အပြုံးမပျက်ပဲ သွေးညှော်နံ့လှိုင်း ယမ်းငွေ့ ရိုင်းတွေရဲ့ ကြားမှာ ပြည်သူတွေရဲ့ ဘ၀အနာဂါတ်ကို ဖြောင့်ဖို့အရေးသာ အတွေးရောက်နေတဲ့ သူတွေ......။

သူတို့လဲလူပဲ စစ်သားဆိုတာမျိုးက စစ်ပွဲတွေကြား ကြီးပြင်းရတာမျိုးလား သူတို့တွေရဲ့ ဝေဝါး မသေချာအနာဂါတ်ဘ၀တွေနဲ့  မိသားစုမျက်ရည်တွေကို သွေ့ ခြောက်သွားအောင် ဘယ်သူသုတ်ပေးမလဲ သူတို့တွေရဲ့ ဘ၀အနာဂါတ်ကိုရော ဘယ်သူတွေက ထွန်းညှိ လင်းလက်ပေးမလဲ.................................................................။

သွေးညှော်နံ့လှိုင်း ယမ်းငွေ့ ရိုင်းတွေရဲ့ ကြားမှာ သူတို့စစ်သားတွေ ပျောက်ရှမှုအပေါင်း သရဖူဆောင်းနေရသူတွေ များလှပါပြီ.................။
သူတို့တွေရဲ့ ကျန်ရစ်သူ မိသားစုတွေ ဘယ်လိုဝေဒနာမျိုးများ ရင်ဝယ်ခံစားရပါ့မလဲ...............................................................။

သူတိုတွေရဲ့ မိသားစုတွေရဲ့ နေရာကို ကိုယ်တိုင်ပေးဆပ်သွားရတဲ့ သူတို့ရဲ့နေရာကို ဘယ်သူတွေ ကိုယ်ချင်းစာတရားနဲ့  ဥာဏ်ယှဉ်စဉ်းစား ပေးကြမလဲ...........................................................................။

ပြည်သူ့စစ်သား အမည်ခံထားတဲ့ သူတို့ကလဲ စစ်ပွဲဆိုတဲ့လှိုင်းကို ပြည်သူ့ကြားမှာ ဘယ်တုန်းကမှ မရိုက်ခတ်စေချင်ခဲ့ပါဘူး သူတို့တွေပဲ ဘာအခွင့်အရေးမှလဲ မမျှော်လင့်ပေးဆပ်နေကြတာရင်းနဲ့ လူတွေမုန်းနေတဲ့ သူတို့ဘ၀ကို ကြုံသလို အဖြေရှာရင်း မရေမရာနဲ့ဘဲနေခဲ့ကြရတယ်.......။

အိယောင်ဝါး ။ ။ ရသမျှအခွင့်အရေး လက်မနှေးတမ်းယူနေတတ်တဲ့ သူတွေကိုတော့ ဘုမသိဘမသိ ယုံကြည်လက်ခံနေကြတယ် ကင်မရာလေး တစ်လုံးနဲ့ အလုပ်ရှုပ်ပြနေတာကို ကယ်တင်ရှင်ကြီး မဟာသူရဲကောင်းကြီး ထင်နေကြတယ်....................................................................။

စစ်သားတွေလည်း သေနတ်အစား ဗီဒီယိုကင်မလာလေး နဲ့နေချင်တာပေါ့ ပေါ့ပေါ့ပါးပါး ဒါမဲ့ တကယ့်ရှေ့တန်းမှာ ကင်မရာလေးစွဲပြီး မှတ်တမ်းတင်နေလို့ ရမလား နေရဲရင်လဲ နေကြည့်ပါလား ဆီဗူးဆောင်ထားရမှာပေါ့.........................................................။
တကယ့်စစ်မြေပြင် စစ်ပွဲတွေမှာက ကိုယ်မသတ်ရင် သူသတ်မှာပဲ အသေခံမလား အသက်ရှင်အောင်နေမလား ၂ မျိုးပဲရှိတယ်...............။

မိုင်းဆိုတာကရော ခင်များတို့ မဟာသူရဲကောင်းကြီးများ ဗီဒီယိုမှတ်တမ်း တင်ပြသလို ပေါ်တင်ကြီး လူမြင်အောင်ထောင်တယ် ထင်နေလား အဲလိုသာဆိုရင် သူတိုဘ၀မှာ မိုင်းထိတယ်ဆိုတဲ့စကား ကိုယ်တိုင်ကြုံတွေ့ ခံစားနေရဖို့ နေနေသာသာ သမိုင်းမှာတောင် ကြားဖူးခဲ့မှာ မဟုတ်ဖူး...။

ထောင်ထွက် မဟာသူရဲကောင်း ကင်မရာတကိုင်ကိုင်နဲ့ ဒါရိုက်တာရူး ရူးနေတဲ့သူရဲ့ ပါးစပ်က ထွက်လာသေးတယ် လူပီသတဲ့သူ ဖြစ်ချင်တယ်တဲ့ ပြည်သူအတွက် နိုင်ငံအတွက်တဲ့ ပြီးတော့ ကျောင်းတော်အတွက် ဂုဏ်ဆောင်မယ်တဲ့ ပြောတဲ့စကားကလည်းအကြီးကြီးတွေ
တယ်လဲလုပ်တတ်ကြပါပေ့ တတ်လည်းတတ်နိုင်ကြပါပေ့ကွာ...........။

တတ်နိုင်မျှ ဒီလိုလူစွာလူကြွားလုပ်ချင်သူတွေနဲ့ ကျူပ်တို့ကို မနိုင်းပါနဲ့ဗျာ
နိုင်းစရာလဲ မရှိပါဘူး နိုင်းဖို့လဲ မလိုပါဘူး အော့နှလုံးနာလို့ပါ............။

သေချာစဉ်းစား တွေးခေါ်ကြည့်ကြပါတော့ ဘယ်သူတွေ တကယ်လုပ်ပြီး ဘယ်သူတွေ လူစွာလူကြွားလုပ်နေတယ် ဆိုတာကို.......................။

ရင်ဝယ်ခံစားရပါ့မလဲ..

Posted by : လက်တွဲဖော် 0 Comments
အရမ်းချစ်တဲ့သူတွေ စိတ်ဆိုးစိတ်ကောက်ရင် ၁ ရက်ထပ်ပိုမကြာဘူး
အရမ်းချစ်တဲ့သူတွေ စိတ်နာသွားရင်လည်း တသက်လုံး လှည့်မကြည့်ကြတော့ဘူး






မနောဖြူ

အရမ်းချစ်တဲ့သူတွေ

Posted by : လက်တွဲဖော် 0 Comments
ဘယ်လောက်နားထောင်ထောင် မရိုးတဲ့ ဂုဏ်ယူ အလွမ်း တေးသီချင်းပါ။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ကြတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု တပ်မတော်မှ သားကောင်း စစ်သည်များ အောင်ပွဲအလီလီ ဆွတ်ခူးနိုင်ပါစေ။

စစ်သည်များ

Posted by : လက်တွဲဖော် 0 Comments
ချစ်သူဆိုတာ ကမ္ဘာ့ အချောလှဆုံးမိန်းကလေးမဟုတ်ဘူး
သင့်အပေါ်ဆိုးနွဲ့သလိုလိုနဲ့ မိုးချုပ်အိမ်ပြန်မရောက်သေးတဲ့အခါ
မြန်မြန်ပြန်ဖို့ သတိပေးတတ်တဲ့
သနပ်ခါးပါးကွက်ကြားလေးလည်းဖြစ်နိုင်တယ်

ချစ်သူဆိုတာ ကမ္ဘာ့အကောင်းမွန်ဆုံးယောကျာ်းလေးမဟုတ်ဘူး
သင့်အပေါ်ရိုးမြေကျစိတ်နဲ့ သစ္စာထားနိုင်တဲ့
ညစ်ကျယ်ကျယ်ကောင်လေးတစ်ယောက်လည်းဖြစ်နိုင်တယ်

အကောင်းဆုံးချစ်သူဆိုတာ အမြင်တတ်ဆုံးလူဆီမှာရှိပါတယ်

'စိန်' ကိုတန်ဖိုးကြီးတယ်လို့ သတ်မှတ်ခဲ့လို့ တန်ဖိုးကြီးနေရတာပါ
မဟုတ်ရင်တော့ 'အရောင်လက်လက်ကျောက်ခဲလေးတစ်လုံး'ဆိုတာထက်
ပိုခဲ့မှာမဟုတ်ဘူးလေ

'သတ်မှတ်ခြင်း'က အဓိကကျနေတဲ့ ဒီကမ္ဘာမှာ
သင့်ချစ်သူရဲ့'တန်ဖိုး'ဆိုတာ
သူတစ်ပါးမျက်လုံးတွေပေါ်မှာ တွက်ချက်ရတာမဟုတ်ပါဘူး
သင့်နှလုံးသားပေါ်မှာ အရာရာအဖြေထုတ်ရခြင်း ဖြစ်ပါတယ်....။








(Pan)

ချစ်သူဆိုတာ

Posted by : လက်တွဲဖော် 0 Comments
မသေချာတဲ့လူတစ်ယောက်ကို သံယောဇဉ်တွယ်မိတာ
ညာမဲ့လူကိုယုံမိတာ
တန်ဖိုးမထားတဲ့လူကို တန်ဖိုးကြီးမိတာ
ကတိဖျက်မဲ့လူကို ကတိတွေတောင်းမိတာ
ပြန်မလာမဲ့လူကို စောင့်မိတာ
ဖြစ်မလာနိုင်တဲ့အရာတွေကို မျှော်လင့်မိတာ
လှည့်စားသွားမဲ့လူကို နက်နက်နဲနဲချစ်မိတာ

အဲဒီအကြောင်းအရာတွေဟာ
ကျနော်တို့ကို
နက်နက်နဲနဲနာကျင်စေခဲ့ရတဲ့အကြောင်းအရာတွေပဲမလား??



ခင်မင်လျက်
ကောင်ကလေး
25-02-13:04:50PM

နက်နက်နဲနဲ

Posted by : လက်တွဲဖော် 0 Comments
မိန်းမသားတွေ....

တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။

ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။

ကြိုးမှာချိတ်နေတဲ့လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။

အဲဒီအချိန်မှာ...

.". ကဲ.... အားလုံးအတွက်ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက်ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ်

အနစ်နာခံနေရတဲ့ ကျွန်မတို့မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။

အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံးလက်ခုပ်ဝိုင်းတီးကြတော့တယ်..

တိန်

ရီမောပျော်ရွှင်ပါစေ......

Lon Ely.....

မိန်းမသားတွေ....

Posted by : လက်တွဲဖော် 0 Comments
တစ်ဖက်သတ်တဲ့
ဒီနာမည်နဲ့ အချစ်ကို ဘောင်ခတ်ထားတယ်

ပစ်စလတ်ခတ် မထားရက်ပေမဲ့
ရစ်ပတ်ထားတဲ့ကြိုးက ကိုယ့်တကိုယ်စာ …

ခပ်ဝေးဝေးကငေး
တိတ်တိတ်ကလေးဆွေး
တိုးတိုးကလေးမေးမိသေးရဲ့
သူ့အချစ်တွေ ဘယ်ဆီမှာလဲ ....

ညတိုင်းက အိမ်မက်ဆိုး မနက်အနိုးမှာလဲ
မကြေညာရဲတဲ့ ဝေဒနာက အတိ
သူ့ငြိတွယ်မှုလဲ တစိုးတစိမှ မရှိ .....

အပြစ်တစ်ခုလားကွယ် ...?

မမျှော်ကိုးရဲတော့ဘူးကွယ် အပြန်အလှန်ဆိုတာမျိုး
မယုံရဲတော့ဘူးကွယ် တန်ပြန်တယ် ဆိုတာမျိုး
မလိုချင်ပါဘူးကွယ် … ဒီလို ခပ်ဆိုးဆိုး ခံစားမှုမျိုး ...။

(Shwe Kit)

အပြစ်တစ်ခုလားကွယ်

Posted by : လက်တွဲဖော် 0 Comments
တွေးမထားမိခဲ့ဘူး
တနေ့ ဒီဇတ်လမ်းအဆုံးသတ်ရမယ်ဆိုတာ
ဘ၀မှာ အားနည်းချက်တွေများလွန်းတော့လဲ
တခါတခါ
အချစ်က ရက်စက်တတ်တယ်..

မစဉ်းစားမိခဲ့ဘူး
တနေ့ ဒီလိုဝေးရမယ်ဆိုတာ
ရှေ့ရေးမှာ အနာဂတ်တွေ မလှပခဲ့တော့လဲ
တခါတခါ
နားလည်မှု့တွေ သွေးအေးသွားတယ်..

မမြင်မိခဲ့ဘူး
တနေ့ ဒီလိုနှုတ်ဆက်ရမယ်ဆိုတာ
နှစ်ဦးကြားမှာ ကွာဟချက်တွေကြီးမားလွန်းတော့လဲ
တခါတခါ
ယုံကြည်မှု့တွေ သိုသိပ်သွားတယ်..


ချစ်သူ..
မမျှော်လင့်ချင်တော့ဘူး
တနေ့ ပြန်ဆုံရမယ်ဆိုတာ
နောက်ကွယ်မှာ နင်နေတတ်သွားမှာသိနေတော့လဲ
တခါတခါ
တို့နှစ်ယောက်အချစ်က အိမ်မက်ဆန်တယ်..

ဟုတ်တယ်
တကယ်ကို အိမ်မက်လေးပါပဲကွယ်..။


(လွမ်းဝေ)

မစဉ်းစားမိခဲ့ဘူး

Posted by : လက်တွဲဖော် 0 Comments

  1. ခြေများချင်တဲ့လူတွေက
    ဘယ်တော့မှမခွဲသွားဘူးဆိုတဲ့စကားကို လိုတာထက်ပိုသုံးတတ်ကြတယ်

    လိမ်ညာတဲ့လူတွေကလည်း
    ယုံပါဆိုတဲ့စကားကို ခဏခဏပြောပြီး
    လှည့်စားတတ်ကြတယ်

    အနားမှာ မနေတာ သေချာနေတဲ့လူတွေကလည်း
    ထာဝရရှိပါမယ်ဆိုတဲ့စကားကို
    နားငြီးလောက်အောင်ပြောပြီး ထားသွားတတ်ကြတယ်

    ချစ်သူတစ်ယောက်က သိပ်လှည့်စားချင်နေပြီ
    သိပ်လိမ်ချင်နေပြီဆို လိုတာထက်ပိုပြီးတော့ စကားလုံးတွေကို အိနြေ္ဒမရပြောတတ်တယ်

    ခွဲမသွားဘူးအခါခါပြောတဲ့လူတွေကပဲထားသွားတတ်သလို
    မလိမ်ပါဘူး အခါခါရှင်းပြနေတဲ့လူတွေကပဲ
    လှည့်စားသွားတတ်ပါတယ်

    ပြီးတော့ နောက်ကွယ်မှာမဟုတ်တာတွေ သိပ်လုပ်နေတဲ့လူတွေကရှေ့ရောက်ရင်ချိုသာတဲ့ စကားတွေသိပ်များတတ်ကြတယ်ဆိုတာကို သင်သတိထားမိဖို့လိုပါတယ်



    မှတ်ချက် ။ ။ များသောအားဖြင့်ခဏခဏညာလို့လူမိပြီး သံသယများနှင့်ချစ်နေရသောချစ်သူများတွင်အဖြစ်များပါတယ်





    ခင်မင်လျက်
    ကောင်ကလေး
    26-02-13,02:52pm

နောက်ကွယ်မှာမဟုတ်တာတွေ

Posted by : လက်တွဲဖော် 0 Comments
အွန်လိုင်းပေါ်မှာ တွေ့ခဲ့တာပါ...

အွန်လိုင်းပေါ်မှာ ခင်ခဲ့မိတာပေါ့...

အွန်လိုင်းပေါ်မှာ သံယောဇဉ်တွယ်ခဲ့မိတာပေါ့...

ဖုန်းတွေပြောခဲ့တယ်...တယောက်နဲ့တယောက်
နားလည်မှုလေးနဲ့ ငါတို့အဖြစ်လေဟာ ပျော်စရာအတိပေါ့...

အခုတော့ လေလှိုင်းပေါ်က စကားလေထဲမှာပဲအဆုံးသတ်
တော့မှာလား...ချစ်သူ

ပေးခဲ့မိတာက အပြင်ကနှလုံးသားပါ...သေချာပါတယ်...

ငါတို့နှစ်ယောက်ရဲ့ လေပေါ်ကတိုက်အိမ်လေးပြိုကျခဲ့ရင်တော့
အပြင်မှာ အသဲကွဲပြီး ငိုမိမှာက ငါပါဟာ...

ကောင်မလေးတယောက်တောင်းထားတဲ့ ကဗျာလေးပါ
အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော...:)






phoe phyu

အွန်လိုင်းပေါ်မှာ

Posted by : လက်တွဲဖော် 0 Comments
မပြောချင်တော့တာ မဟုတ်ဘူး ချစ်သူ...
ပြောဖို့စကားလုံးတွေ မရှိတော့တာပါ...

အရင်လို မနွေးထွေးတော့တာ မဟုတ်ဘူး ချစ်သူ...
ငါ့ရဲ့အကြင်နာတွေ နင့်အတွက်မလိုအပ်တော့လို့ပါ...

မလွမ်းတော့တာ မဟုတ်ဘူး ချစ်သူ...
ငါ့ရဲ့အလွမ်းတွေက နင့်အတွက်ဟာသ
တပုဒ်ဖြစ်နေတက်လို့ပါ...

မချစ်တော့တာ မဟုတ်ဘူး ချစ်သူ...
နင့်ရဲ့အချစ်တွေက ငါ့အတွက်မဟုတ်တော့လို့ပါ...

ငါထားခဲ့တာ မဟုတ်ဘူး ချစ်သူ...
နင်ကိုယ်တိုင်လှည့်ထွက်သွားခဲ့တာပါ...

နင့်ကိုယ်ငါ မေ့သွားတာမဟုတ်ဘူး ချစ်သူ...
ငါတို့နှစ်ယောက်ရဲ့နှလုံးသားနှစ်ခုကို ဝေးသထက်
ဝေးသွားအောင် နင်ကိုယ်တိုင်ပဲဖန်တီးခဲ့တာပါ...






phoe phyu

မပြောချင်တော့တာ

Posted by : လက်တွဲဖော် 0 Comments
▶ငါးကလေးတွေက ~~~ကုန်းပေါ်ရောက်မှာကို ကြောက်တတ်ကြတယ်
(ဘာကြောင့်လဲဆိုတော့ သူတို့ကရေရှိမှ အသက်ရှင်နိုင်တာလေ )


▶ဌက်ကလေးတွေက~~~ လေထုမရှိမှာကြောက်ကြတယ်
(ဘာကြောင့်လဲဆိုတော့ သူတို့အတောင်ပံတွေ ဖြန့်ကျက်ဖို့ လေထုလိုအပ်တယ်လေ)


▶ငါကလဲ ~~~နင်ငါဘ၀မှာမရှိတော့မှာကို ငါကြောက်တယ်
(ဘာကြောင့်လဲဆိုတော့ နင်ရှိမှ ငါဘ၀လေးပျော်ရွှင်နိုင်မှာ ).............!!!






✿✿✿Poem✿✿✿

နင်ရှိမှ

Posted by : လက်တွဲဖော် 0 Comments
♥♥♥♥နားလည်မှု♥♥♥♥


တကယ်တော့ချစ်သူတွေဆိုတာ....

နားလည်မှုဆိုတဲ့ကြိုးတန်းလေးပေါ်မှာ...

လက်ချင်းတွဲယှက်လျှောက်လှမ်းနေတဲ့သူတွေပါ..

အဲဒီကြိုးတန်းလေးပေါ်မှာ

ဟန်ချက်မညီရင်တော့...

နှစ်ယောက်စလုံးလိမ့်ကျသွားနိုင်တယ်...

ဘယ်လောက်အတိုင်းအတာထိ

မျှော်လင့်ထားသလဲ

အဲလောက်ထိကို ....

အကျနာသွားလိမ့်မယ်လေ..

နှစ်ယောက်စလုံးကိုအထိနာစေတာပါပဲ...

တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း.....

တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ဆုပ်ရင်း......

တစ်ယောက်ကိုတစ်ယောက် စာနာရင်းနဲ့......

ဘ၀ပန်တိုင်းခရီးလမ်းကိုလျှောက်လှမ်းသွားဖို့ကတော့.......

တစ်ယောက်ယောက်ကလက်မလွတ်လိုက်မိပါစေနဲ့♥♥♥♥

Vo Vo

နားလည်မှု

Posted by : လက်တွဲဖော် 0 Comments
နင်က လွဲပြီး မချစ်နိုင်တဲ့ ငါ
ငါကို မေ့ပြီး အချစ်ကို အသစ်လုပ်မယ် နင့်...


နင်ပျော်ရွင်အောင် လုပ်ပေးနိုင်သော စိတ်
ငါပျော်ရွင်ဖို့မေ့ပြီး နာကျင်နေမယ့် နှလုံးသား


မခေါ်ပဲ ၀င်ရောက်နေရာပေးခဲ့သော ငါ
ပြန်မလွတ်ပဲ လက်ပြသွားသော နင်...


အချစ်ကို ကစားခဲ့တဲ့ နင်...
အချစ်ကို ကိုးကွယ်ခဲ့တဲ့ ငါ


အတိတ်ကို စွဲလမ်းနေတဲ့ ငါ
အနာဂတ်ကို ပြောင်းလဲသွားသော နင်...


အမှတ်တရကို သိမ်းဆည်းထားတဲ့ ငါ
အမှတ်တရသစ်တွေ ဖန်တီးနေတဲ့ နင်...


အပြောင်းလဲသစ်တွေမှာ ပျော်ရွင်နေတဲ့ နင်...
ကျေခိုင်းသွားသူကို ရပ်ကြည်ဖြစ်နေတဲ့ ငါ


နင်က နာကျင်စရာအတိတ်တွေကို ထုဆစ်ခဲ့တယ်ဆိုပေမယ့်
နာကျင်မှုမှာ တိတ်ဆိတ်ကျေကွဲနေတဲ့ ငါကိုငါပဲ မုန်းလိုက်တော့မယ်...


ငါ နင့်ကို ပိုင်ဆိုင်ချင်တာထက် ပျော်ရွင်စေချင်တာ ....






လမင်း @♥♥♥ Real Love

နင်က လွဲပြီး

Posted by : လက်တွဲဖော် 0 Comments
◘ခွဲခွာခြင်းတခု....
နင်ပြန်လာရင် ကြိုဆိုနိုင်ဖို့..
အကွာဝေးတခုမှာ ငါစောင့်မျှော်နေမယ်။


◘၀မ်းနည်းမူတခု...
နင်ပြန်လာရင် မြင်ခွင့်ရဖို့..
အိမ်မက်တွေနဲ့ ငါရှင်သန်နေမယ်။


◘အလွမ်းလေးတခု...
နင်ပြန်လာရင် ပြောပြနိုင်ဖို့..
မျက်ရည်တချို့ ငါသိမ်းထားမယ်။


◘အချစ်တခု...
နင်ပြန်လာရင် သက်သေပြနိုင်ဖို့...
ငါ့နှလုံးသားထဲမှာ ထာဝရရှိနေမယ်။

( ကဗျာအဟောင်း)


◘မင်းအလင်္ကာ

ဝမ်းနည်းမူတခု...

Posted by : လက်တွဲဖော် 0 Comments
✆ချစ်သူ၊တစ်ခါတစ်လေတော့လည်းနင်က
င့ါရဲ့ဖုန်းလေးနဲ့တူတယ်..ဘာဖြစ်လို့လဲဆိုတော့
သူကညဘက်တိုင်းမှာနင့်ရဲ့ကိုယ်ပွားလေးလိုပဲ
နင်ပို့ပေးတဲ့smsလေးတွေကိုဖတ်ရင်းနဲ့ပဲငါကြည်နူးပြီး
အိပ်ပျော်သွားခဲ့တယ်။ငါစိတ်ညစ်နေရင်ဖုန်းနဲ့အားပေးပေးတယ်။
ဟော..မနက်ရောက်တော့လည်းငါအိပ်ရာကမထမချင်း
နှိုးပေးတယ်၊ဘယ်လောက်ချစ်ဖို့ကောင်းလဲ?
ဒါကြောင့်ပြောတာပေါ့....
နင်ကင့ါဖုန်းလေးရဲ့ကိုယ်ပွားပါလို့...✆

~!ပျော်ရွှင်နိုင်ကြပါစေ!~
Admin-☎SK☎

နင်ကင့ါဖုန်းလေး

Posted by : လက်တွဲဖော် 0 Comments
သံယောဇဉ်ထားမိတော့

အရမ်းခင်တတ်တော့

လွယ်လွယ်နဲ့မမေ့တတ်တော့

ငါပဲခံစားရတာပေါ့

နင်ကတော်ပါတယ်

လွယ်လွယ်နဲ့မေ့

တကယ်မခင်တတ်

ဘယ်သူ့ကိုမှသံယောဇဉ်မထား

ကောင်းပါတယ်...

ငါကိုကညံ့တာကိုး......

ကောင်းပါတယ်...

Posted by : လက်တွဲဖော် 0 Comments
******* နင့်အတွက် ********

♥ ငါပြုံးတဲ့ အပြုံးတွေ မှာ ဟန်ဆောင်မှုတွေ မပါဘူး

♥ ငါပြောလိုက်တဲ့ စကားတွေမှာ အလိမ်အညာတွေမပါဘူး

♥ ငါအရမ်း ဂရုစိုက်နေတတ်ခဲ့တာက မာယာတွေမဟုတ်ဘူး

♥ ငါနင့် ကိုအရမ်းချစ်တယ်ပြောနေတတ်တာကလဲ
အပိုတွေမဟုတ်ခဲ့ပါဘူး

♥ နင့်အတွက်ဆိုရင် အရာအားလုံးကို ငါ ဘယ်တော့မှ
လိမ်ညာဖို့ ဆိုတာကို စိတ်ကူးနဲ့ တောင်မကြိုးစားခဲ့မိဘူး ချစ်သူ




ငါ နင်နဲ့ ပါတ်သက်လာရင် အရာအားလုံးကို အရမ်းခံစားလွယ်သလို
ဝမ်းနည်းတာလဲအရမ်း လွယ်တတ်တယ် ချစ်သူ
အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကို ခဏခဏ မေ့ပြီး ပစ်မထားမထားလိုက်ပါနဲ့  နော်
ငါအရမ်းကို စိတ်မကောင်းဖြစ်ရလွန်းလို့ ပါ ချစ်သူရယ်.........




khin myo aye

နင့်အတွက်

Posted by : လက်တွဲဖော် 0 Comments
သိပ်ချောတဲ့မိန်းခလေးတွေမှာ ခင်တဲ့ယောက်ကျားလေးတွေအများကြီးရှိနိုင်တယ်

သိပ်ခန့်တဲ့ယောက်ကျားလေးတွေမှာလည်း
ခင်တဲ့မိန်းခလေးတွေအများကြီးရှိနိုင်တယ်

တကယ်တမ်းသူတို့ကိုခင်တာ
သူတို့ရဲ့ရုပ်ရည်အလှကြောင့်ပဲ တကယ်စစ်မှန်တဲ့ခင်မင်မှုကိုရဖို့သိပ်ခက်ခဲတယ်

ရုပ်ချောတဲ့လူတစ်ယောက်ကို ခင်မင်တဲ့လူဆယ်ယောက်ရဲ့စိတ်ထက်
ရုပ်ဆိုးတဲ့လူတယောက်ကို ခင်မင်တဲ့လူတစ်ယောက်ရဲ့စိတ်က ပိုလည်းချစ်ဖို့ကောင်းတယ် ပိုလည်းစစ်မှန်ပါတယ်

ဘဝမှာရုပ်ချောတဲ့လူ ကျော်ကြားတဲ့လူတွေဟာ
လူကြိုက်များသလောက် ကိုယ့်အပေါ်တကယ်စစ်မှန်တဲ့စိတ်နဲ့ချစ်ခင်တဲ့လူတစ်ယောက်ရဖို့တော့ အတော်ခက်ခဲပါတယ်







ခင်မင်လျက်
ကောင်ကလေး
18-02-13

သိပ်ချောတဲ့မိန်းခလေးတွေ

Posted by : လက်တွဲဖော် 0 Comments
မိန်းကလေးတစ်ယောက်ရဲ့
ချစ်ခြင်းကို သူ့အပြုံးထဲမှာ
မြင်ရပြီး...

ယောက်ျားလေးတစ်ယောက်ရဲ့
ချစ်ခြင်းကို သူ့မျက်လုံးထဲမှာ
မြင်ရတယ်...




မြတ်ဘုန်းရည်မွန်

မိန်းကလေး

Posted by : လက်တွဲဖော် 0 Comments
မသေချာတဲ့လူတစ်ယောက်ကို သံယောဇဉ်တွယ်မိတာ
ညာမဲ့လူကိုယုံမိတာ
တန်ဖိုးမထားတဲ့လူကို တန်ဖိုးကြီးမိတာ
ကတိဖျက်မဲ့လူကို ကတိတွေတောင်းမိတာ
ပြန်မလာမဲ့လူကို စောင့်မိတာ
ဖြစ်မလာနိုင်တဲ့အရာတွေကို မျှော်လင့်မိတာ
လှည့်စားသွားမဲ့လူကို နက်နက်နဲနဲချစ်မိတာ

အဲဒီအကြောင်းအရာတွေဟာ
ကျနော်တို့ကို
နက်နက်နဲနဲနာကျင်စေခဲ့ရတဲ့အကြောင်းအရာတွေပဲမလား??



ခင်မင်လျက်
ကောင်ကလေး
25-02-13:04:50PM

နက်နက်နဲနဲ

Posted by : လက်တွဲဖော် 0 Comments
ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်


ဒီစာလေးကတော့ချစ်သူကိုအမြဲလက်တွဲဖို့ရည်ရွယ်ထားတဲ့သူတွေဖတ်ဖို့ရေးလိုက်တာပါ။
ချစ်သူတွေဖြစ်လာပြီးဆိုရင်အချင်းချင်းပဋိပက္ခဖြစ်လို့စိတ်ညစ်ရတာတွေတော့ရှိကောင်းရှိမှာပါ။
ဒါပေမယ့်သင့်ကြောင့်လွန်ကြူးတဲ့စိတ်ညစ်စရာတွေများလာရင်တော့
သင့်ရဲ့ချစ်သူကသင့်ကိုစိတ်ကုန်တဲ့အဆင့်ရောက်လာပါလိမ့်မယ်။
စိတ်ကုန်တာတွေစုလာရင်တော့သင့်ကိုစိတ်ထဲကပါထုက်လိုက်ပါလိမ့်မယ်။
ဒါကြောင့်ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်၊ချစ်သူကိုစိတ်မညစ်စေရ
အောင် အတက်နိုင်ဆုံးဂရုစိုက်သင့်ပါတယ်။

အလွန်အမင်းသ၀န်တိုခြင်းကိုရှောင်ကြဉ်ပါ။

တကယ်တော့သ၀န်တိုတယ်ဆိုတာကအချစ်ကြီးလို့ဖြစ်လာရတဲ့ခံစားမှုမျိုးပါ။
သင့်တင့်မျှတသောသ၀န်တိုခြင်းကတော့သင့်ချစ်သူသင့်ကိုပိုချစ်အောင်စွမ်း
ဆောင်ပေးနိုင်ပေမဲ့၊သူ့ရဲ့သိက္ခာနဲ့အရှက်ပါထိခိုက်စေလောက်အောင်သ၀န်
ကြောင်လာရင်တော့သင့်ချစ်သူ့ကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။

သဘောထားမကွဲလွဲအောင်ဂရုစိုက်ပါ။
သင့်ချစ်သူရဲ့ဆုံးဖြတ်ချက်တစ်ခုကမမှားဘူးဆိုရင်၊
သင်လက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုမှာပဲဆိုရင်တော့
သင့်သဘောထက်ချစ်သူရဲ့သဘောထားကိုအတက်နိုင်ဆုံးလိုက်လျောပေးပါ။
ဒါမှလဲသဘောထားချင်းကိုက်ညီမှုရပြီးချစ်သူနဲ့အဆင်ပြေနိုင်ပါ။
ဒီနေရာမှာသူ့သဘောတရားကိုလက်ခံနိုင်ရဲ့သားနဲ
ကိုယ့်စိတ်တိုင်းကျမဖြစ်လို့အပြင်းအထန်မဆန့်ကျင်ပါနဲ့။
ချစ်သူကိုနားမလည်ပဲသင်ထင်တာတွေကိုပဲတယူသန်နေရင်တော့
သင့်ချစ်သူကသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်



ချစ်သူကိုလျစ်လျရှူမထားမိပါစေနဲ့

မင်းအချိန်တွေကိုလဲချစ်သူအတွက်ပေးနိုင်အောင်ကြိုးစားပါ။
တကယ်လို့မင်းကအရမ်းအလုပ်များတဲ့သူဖြစ်ရင်တောင်သီးသန့်အချိန်တော့
ပေးနိုင်ပါစေ။
တကယ်လို့ချစ်သူကိုအချိန်မပေးနိုင်တဲ့အကြောင်းပြချက်နဲ့
လျစ်လျူရှူထားမိရင်တော့ သူ့အနေနဲ့ပထမဆုံးဝမ်းနည်းခံစားရမှာပါ။
လျစ်လျုရှုတာ များလာရင် သူ.အနေနဲ့ဝမ်းနည်းတာတွေက
ဒေါသအဖြစ်ပြောင်းလဲပြီးသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။


Credit - Original up-loader


အေးချမ်းမွန်မှ ရေးမိရေးရာလေးများ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်

Posted by : လက်တွဲဖော် 0 Comments
♥ မင်းချစ်သူလေးကို သနားပါ ဘယ်တော့မှမလှည့်စားပါနဲ့ သူကမင်းတစ်ယောက်တည်းကိုပဲ ယုံကြည်ပီးချစ်နေတာပါ

♥ မင်းချစ်သူလေးကိုဂရုစိုက်ပါ သူကမင်းဆီကဂရုစိုက်မှုကို
တခြားသူတွေထက် ပိုလိုချင်နေတဲ့ထူးထူးဆန်းဆန်းလေးတစ်ဦးပါ

♥ မင်းချစ်သူလေးမလှတော့ဘူးဆိုပြီးရိုးမသွားပါနဲ့
မင်းကစိတ်ချမ်းသာမှုထက် အပေါ်ယံအလှအပတွေကို
မက်မောတတ်သူလား ???

♥ မင်းချစ်သူလေးကနားညည်းအောင်လုပ်လို့မင်းစိတ်တိုလား သူဟာသင့်တယောက်ထဲကိုသူ့ပါးစပ်အညောင်းခံပီး စိတ်ပူစွာနဲ့ပြောပြနေတာပါ . . .

♥ သူဟာသင့်အတွက်လက်ဆောင်ကောင်းတစ်ခုဆိုတာ မမေ့ပါနဲ့ !!!

ချစ်သူအားလုံးကိုအဆင်ပြေစေလိုသောရည်ရွည်ချက်ဖြင့် . . . . .

~^•Sean Jon•^~
[ Heart Canteen ]

အေးချမ်းမွန်မှ Heart Canteen တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

မင်းချစ်သူလေးကို

Posted by : လက်တွဲဖော် 0 Comments
အပြင်ပန်းကို လေ့လာမလိုက်စားပါနှင့်။
သူက လိမ်လည်လှည့်ဖြားတတ်၏။

ချမ်းသာကြွယ်ဝမှုကို လေ့လာမလိုက်စားပါနှင့်။
သူက ပျောက်ဆုံးသွားတတ်၏။

သင့်ကို အမြဲပျော်ရွှင် ရယ်မောပြုံးနိုင်အောင် လုပ်ပေးသူကို
လေ့လာလိုက်စားပါ။

ပြုံးပြခြင်းက ဝမ်းနည်းပူဆွေးမှောင်ရိပ်သန်းနေသော
သင့်ဘဝကို ရုတ်တရက်နေရောင်ခြည်လို
တောက်ပပွင့်လင်းပြီးပျော်ရွှင်စေတယ်။

Credit - Jin Li Chao

သင့်ဘဝကို

Posted by : လက်တွဲဖော် 0 Comments
▶သူသိပါစေ ........ကျွန်မသူကို သိပ်ချစ်တယ်ဆိုတာကိုပေါ့



▶သူကြားနိုင်ပါစေ ...... ကျွန်မသူကို ချစ်ကြောင်းပြောတဲ့ အသံကိုပေါ့



▶သူလဲလွမ်းပါစေ ........ကျွန်မသူကိုလွမ်းသလိုမျိုး သူလဲ ကျွန်မအပေါ်လွမ်းပါစေ



▶သူလဲ ချစ်ပါစေ ............ ကျွန်မသူကို ချစ်တဲ့အချစ်မျိုး သူကျွန်မအပေါ် ပိုမချစ်ပေးနိုင်ရင်တော့ မလျော့သောအချစ်မျိုးနဲ့ ချစ်ပေးပါစေ



▶ချစ်သူ တချိန်ပေါ့ ငါတို့နှစ်ယောက်ဆုံရင်လေ ငါနင်ကို အရမ်းချစ်ကြောင်း နင်ကို အရမ်းလွမ်းတယ်ဆိုတာကို နင်ရင်ခွင်ထဲဝင်ပြီ ပြောခွင့်ရတဲ့သူဖြစ်ချင်တယ် ......♥♥♥






✿✿✿Poem✿✿✿

သူသိပါစေ .

Posted by : လက်တွဲဖော် 0 Comments
အရမ်းချစ်ပြီးသွားတဲ့လူတစ်ယောက်
နောက်တစ်ကြိမ်အရမ်းထပ်မချစ်တတ်တော့ဘူး

အရမ်းနာကျင်ပြီးသွားတဲ့လူတစ်ယောက်
နောက်တစ်ကြိမ်အရမ်း ထပ်မနာကျင်တတ်တော့ဘူး

အရမ်းငိုကြွေးခဲ့ပြီးတဲ့ လူတစ်ယောက်
နောက်တကြိမ် အရမ်းထပ်မငိုကြွေးတတ်တော့ဘူး

အရမ်းယုံကြည်ခဲ့ဘူးတဲ့လူတစ်ယောက်
နောက်တကြိမ် အရမ်းထပ်မယုံကြည်တတ်တော့ဘူး

အရမ်းချစ်ဘူးတဲ့လူတစ်ယောက်ဟာ
အရမ်းထပ်ချစ်ဖို့မလွယ်တော့သလို
အရမ်းဝမ်းနည်းခဲ့ဘူးတဲ့လူတစ်ယောက်ဟာလည်း
မျက်ရည်ကျဖို့အရမ်းကိုခက်ခဲသွားရတတ်တယ်

ဘာဖြစ်လို့လဲဆိုတော့ ခံစားချက်ဆိုတာ
တစ်ခုခုကိုအမြင့်ဆုံးခံစားခဲ့ပြီးသွားရင်နောက်တကြိမ်ထပ်ပြီးခံစားဖို့ဆိုတာ
သိပ်ကိုခက်ခဲသွားရရောလေ~~



ခင်မင်လျက်
ကောင်ကလေး
24-02-13

အရမ်းချစ်ပြီးသွားတဲ့လူ

Posted by : လက်တွဲဖော် 0 Comments
ချစ်သေးလားမေးရင် ချစ်သေးတယ်
ထပ်ယုံကြည်လို့မရတော့တာ

ချစ်သေးလားမေးရင် ချစ်သေးတယ်
ထပ်ပြီးအညာမခံချင်တော့တာ

ချစ်သေးလားမေးရင် ချစ်သေးတယ်
သံသယတွေကြီးသွားတာ

ချစ်သေးလားမေးရင် ချစ်သေးတယ်
လက်မတွဲရဲတော့တာ

ချစ်သေးလားမေးရင်...ချစ်သေးတယ်
ဒဏ်ရာတွေထပ်ရမှာကို ကြောက်သွားတာ

ချစ်သေးလားမေးရင် ချစ်သေးတယ်
အရင်လိုအကောင်းဆုံးပုံစံနဲ့ပြန်ချစ်လို့မရတော့တာ

သစ္စာမဲ့ခဲ့တဲ့ချစ်သူတယောက်က ချစ်သေးလားမေးရင်
ချစ်သေးတယ်ပဲဖြေရမယ်
ဒါပေမဲ့ဘဝတစ်ခုလုံးအရင်လိုပုံအပ်ပြီးမချစ်ရဲတော့တာ~~~

အချစ်မှာထပ်ချစ်လို့ရရင်ရမယ်
ဒါပေမဲ့ထပ်ယုံကြည့်လို့မရတော့လို့
ကျနော်တို့တွေ လမ်းခွဲခဲ့ကြရတာမလား?


ခင်မင်လျက်
ကောင်ကလေး
24-02-13

ချစ်သေးတယ်

Posted by : လက်တွဲဖော် 0 Comments
နင့်ကိုလွမ်းတိုင်း
အမှတ်တရတွေကို ပြန်ပြန် သတိရနေတဲ့  အဖြစ်တွေကိုလည်း မုန်းတယ်.....

ငါ့ထက်ပိုတဲ့ သူများရှိနေဦးမလားဆိုတဲ့ စိတ်နဲ့ 
အိပ်မပျော် စားမ၀င်ဖြစ်နေရတဲ့  အချိန်တွေကို လည်း မုန်းတယ်.....

ငါမဟုတ်တဲ့  အခြားတစ်ယောက်နဲ့ 
နင်ပျော်နေမလားဆိုတဲ့  အတွေးတွေကိုလည်း မုန်းတယ်.........

နင့် အကြောင်းတွေးလိုက်တာနဲ့ 
စိတ်ဓါတ်မခိုင်မာတက်တဲ့  ငါ့ မျက်ရည်တွေကိုလည်း မုန်းတယ်......

နင်နဲ့  ဆုံစည်းဖို့  မဖြစ်နိုင်သေးတဲ့  ကံတရားကိုလည်း မုန်းတယ်.....

ချစ်တယ်လို့ ဖြေခဲ့ မိတဲ့ 
ငါနှုတ်ခမ်းကိုလည်း မုန်းတယ်........

အဆိုးဆုံးကတော့ 
မချစ်တက်ခဲ့ တဲ့  နှလုံးသားလေးကို
ချစ်တက်အောင် သင်ပေးမိခဲ့ တဲ့  ငါ့ကိုယ်ငါလည်း မုန်းတယ်.........

(ပုံရိပ်စစ်)

နင့်ကိုလွမ်းတိုင်း

Posted by : လက်တွဲဖော် 0 Comments
Sex ၏ အံ့အားသင့်ဖွယ်ရာ အစွမ်း

အိမ်ထောင်သည်တို့ တစ်လင်တစ်မယားစနစ် ကျင့်သုံးပြီး လင်မယား အတူနေတာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

- စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။

- သွေးတိုးကို ကျစေပါတယ်။

- ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

- ကိုယ်လက် လှုပ်ရှားမှု လုပ်ဖြစ်စေပါတယ်။

- ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

- နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေပါတယ်။

- ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် တိုးစေပါတယ်။

- စိတ်ဓာတ် သန်မာစေပါတယ်။

- ကိုက်ခဲမှု သက်သာစေပါတယ်။

- အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

- တင်ပါးဆုံတစ်ဝိုက် ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

- နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

ကေအမ်

Source ► http://bit.ly/XeWuRF

Sex ၏ အံ့အားသင့်ဖွယ်ရာ အစွမ်း

Posted by : လက်တွဲဖော် 0 Comments
SEXY ဆိုတာ....

sexy ဆိုတဲ့စကားလုံးကို တဖက်လိင်ကိုဆွဲဆောင်နိုင်တဲ့ အစွမ်းရှိသူတွေအတွက် သုံးရတဲ့စကားပါ ဘိုဆန်ဆန်ပြောရမယ်ဆိုရင်တော့ sex appeal ရှိတဲ့လူမျိုးတွေအတွက်သုံးတွေပါ ဒီစကားလုံးဟာ မိန်းမတွေအတွက်ချည်းပဲမဟုတ်ပါဘူး ယောင်္ကျားတွေအတွက်လဲ
အသုံးပြုခွင့်ရှိပါတယ် ဥပမာဗျာ အခုခေတ်နာမည်ကြီးနေတဲ့ foreign celebrity - Angelina Jolie ပေါ့ သူမ ဟာဆိုရင် ကမ္ဘာ့ sexy အကျဆုံးအမျိုးသမီးတွေထဲမှာပါဝင်တဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပါ ဒါပေမယ့် သူအဲ့လိုနာမည်ကြီးရတဲ့အကြောင်းရင်းက သူမရဲ့ဖက်ရှင်ကြောင့်မဟုတ်ပဲ သူမရဲ့ညှို့ယူမှု့အားကောင်းလှတဲ့နှုတ်ခမ်းလေးတွေကြောင့်ပါပဲ (အဲ့လိုတော့ပြောကြတာပဲ ကျွန်တော်ကတော့ ဘယ်လိုမှကိုခံစားကြည့်လို့မရဘူး) သူမရဲ့ခင်ပွန်း Brad Pitt ဟာဆိုရင်လဲ မိန်းကလေးထုရဲ့အလယ်မှာ sexy ကျတဲ့ယောကျာင်္းတစ်ယောက်အဖြစ်ရပ်တည်နေပါတယ် နိုင်ငံခြားမှာဆိုရင် sexy ကျတယ်လို့အပြောခံရတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့ကိုသူအရမ်းကိုဂုဏ်ယူပါတယ် ဘာလို့လဲဆိုတော့ ဒီ sexy ကျတယ် ဆိုတဲ့စကားဟာ သူမဟာတဖက်သားအားအရမ်းကိုညှို့ယူနိုင်တဲ့အစွမ်းရှိသူလို့ပြောတာနဲ့အတူတူပါပဲ ဒီနေရာမှာ ကျွန်တော်အဓိကပြောချင်တာက sexy ကျတယ်ဆိုတာ အ၀တ်အစားကို လျပ်ပေါ်လော်လီစွာ ၀တ်စားတာ (provocative style) ကိုဆိုလိုတာမဟုတ်တာကိုပါပဲ ဒါပေမယ့် အခုခေတ်မှာ လူတော်တော်များများဟာ sexy ဆိုတဲ့စကားလုံးကို အဓိပ္ပာယ်မှားယွင်းစွာသုံးနေကျတာ တွေ့မြင်နေရပါတယ် ထားပါတော့ဗျာ ဥပမာအနေနဲ့ပေါ့ မြန်မာမိန်းကလေးတယောက်က မြန်မာဆန်ဆန်ဝတ် ထားပြီးအရမ်းလှနေတယ်ပေါ့ဗျာ အဲ့မှာသူမရဲ့အပြုံးဟာ မြင်လိုက်ရတဲ့ တဖက်လူယောင်္ကျားသားတွေရဲ့ဘ၀င်ကိုခွေ့သွားစေတယ်ဆိုရင် သူမကို sexy ကျတယ်လို့ပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ သူမရဲ့အပြုံးဟာ တဖက်လိင်ဖြစ်တဲ့ယောင်္ကျားတွေကိုဆွဲဆောင်နိုင်တာကိုး ဒါကြောင့် sexy ကျခြင်းနှင့် လူမြင်မကောင်းအောင် ဟိုပေါ်ဒီဖော်ဝတ်စားခြင်း(Provocative Style)ကိုခွဲခြားနိုင်ကြပါစေလို့ ..........(MMG)

SEXY ဆိုတာ....

Posted by : လက်တွဲဖော် 0 Comments
အွန်လိုင်းပေါ်မှာ တွေ့ခဲ့တာပါ...

အွန်လိုင်းပေါ်မှာ ခင်ခဲ့မိတာပေါ့...

အွန်လိုင်းပေါ်မှာ သံယောဇဉ်တွယ်ခဲ့မိတာပေါ့...

ဖုန်းတွေပြောခဲ့တယ်...တယောက်နဲ့တယောက်
နားလည်မှုလေးနဲ့ ငါတို့အဖြစ်လေဟာ ပျော်စရာအတိပေါ့...

အခုတော့ လေလှိုင်းပေါ်က စကားလေထဲမှာပဲအဆုံးသတ်
တော့မှာလား...ချစ်သူ

ပေးခဲ့မိတာက အပြင်ကနှလုံးသားပါ...သေချာပါတယ်...

ငါတို့နှစ်ယောက်ရဲ့ လေပေါ်ကတိုက်အိမ်လေးပြိုကျခဲ့ရင်တော့
အပြင်မှာ အသဲကွဲပြီး ငိုမိမှာက ငါပါဟာ...

ကောင်မလေးတယောက်တောင်းထားတဲ့ ကဗျာလေးပါ
အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော...:)






phoe phyu

အွန်လိုင်းပေါ်မှာ

Posted by : လက်တွဲဖော် 0 Comments
ယောင်္ကျင်္ားလေးတွေကအဖြေ
မရသေးခင်အထိသဲသဲလှုပ်ချစ်
ပြတက်ကြတယ်...

မိန်းကလေးတွေကအဖြေမပေး
ရသေးခင်မှာမသိသလိုနေတက်
ပေမဲ့အဖြေပေးပီးမှအရမ်းချစ်
တက်တယ်...

ယောင်္ကျင်္ားလေးတွေကချစ်မိ
သွားရင်အရာရာတိုင်းကိုတက်
နိုင်သလောက်နားလည်ပေး
တက်တယ်...

မိန်းကလေးတွေကတကယ်ချစ်
မိသွားပြီဆိုရင်ဟိုဟာမလုပ်နဲ့
ဒီဟာမလုပ်နဲ့လို့ချုပ်ချယ်နေသ
လိုဖြစ်နေတက်ပါတယ်...

ဒါတွေကလဲကိုယ်ချစ်ရတဲ့လူကို
ချစ်တဲ့စိတ်တွေပါပဲ...

တကယ်တော့မိန်းကလေးတွေ
ဟာ radio တလုံးနဲ့တူတယ်ဆို
ပေမဲ့ ကိုယ်ချစ်တဲ့လူတယောက်
အတွက်တော့သာယာနာပျော်
ဖွယ်ကောင်းတဲ့တေးသံလေးကို
ထုတ်လွှင့်ပေးချင်ကြတာပါ...





phoe phyu

ယောင်္ကျင်္ားလေးတွေက

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -