Posted by : လက်တွဲဖော် Monday, February 25, 2013

နင့်ကိုလွမ်းတိုင်း
အမှတ်တရတွေကို ပြန်ပြန် သတိရနေတဲ့  အဖြစ်တွေကိုလည်း မုန်းတယ်.....

ငါ့ထက်ပိုတဲ့ သူများရှိနေဦးမလားဆိုတဲ့ စိတ်နဲ့ 
အိပ်မပျော် စားမ၀င်ဖြစ်နေရတဲ့  အချိန်တွေကို လည်း မုန်းတယ်.....

ငါမဟုတ်တဲ့  အခြားတစ်ယောက်နဲ့ 
နင်ပျော်နေမလားဆိုတဲ့  အတွေးတွေကိုလည်း မုန်းတယ်.........

နင့် အကြောင်းတွေးလိုက်တာနဲ့ 
စိတ်ဓါတ်မခိုင်မာတက်တဲ့  ငါ့ မျက်ရည်တွေကိုလည်း မုန်းတယ်......

နင်နဲ့  ဆုံစည်းဖို့  မဖြစ်နိုင်သေးတဲ့  ကံတရားကိုလည်း မုန်းတယ်.....

ချစ်တယ်လို့ ဖြေခဲ့ မိတဲ့ 
ငါနှုတ်ခမ်းကိုလည်း မုန်းတယ်........

အဆိုးဆုံးကတော့ 
မချစ်တက်ခဲ့ တဲ့  နှလုံးသားလေးကို
ချစ်တက်အောင် သင်ပေးမိခဲ့ တဲ့  ငါ့ကိုယ်ငါလည်း မုန်းတယ်.........

(ပုံရိပ်စစ်)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -