Posted by : လက်တွဲဖော်
Tuesday, February 26, 2013
သိပ်ချောတဲ့မိန်းခလေးတွေမှာ ခင်တဲ့ယောက်ကျားလေးတွေအများကြီးရှိနိုင်တယ်
သိပ်ခန့်တဲ့ယောက်ကျားလေးတွေမှာလည်း
ခင်တဲ့မိန်းခလေးတွေအများကြီးရှိနိုင်တယ်
တကယ်တမ်းသူတို့ကိုခင်တာ
သူတို့ရဲ့ရုပ်ရည်အလှကြောင့်ပဲ တကယ်စစ်မှန်တဲ့ခင်မင်မှုကိုရဖို့သိပ်ခက်ခဲတယ်
ရုပ်ချောတဲ့လူတစ်ယောက်ကို ခင်မင်တဲ့လူဆယ်ယောက်ရဲ့စိတ်ထက်
ရုပ်ဆိုးတဲ့လူတယောက်ကို ခင်မင်တဲ့လူတစ်ယောက်ရဲ့စိတ်က ပိုလည်းချစ်ဖို့ကောင်းတယ် ပိုလည်းစစ်မှန်ပါတယ်
ဘဝမှာရုပ်ချောတဲ့လူ ကျော်ကြားတဲ့လူတွေဟာ
လူကြိုက်များသလောက် ကိုယ့်အပေါ်တကယ်စစ်မှန်တဲ့စိတ်နဲ့ချစ်ခင်တဲ့လူတစ်ယောက်ရဖို့တော့ အတော်ခက်ခဲပါတယ်
ခင်မင်လျက်
ကောင်ကလေး
18-02-13

Post a Comment