Posted by : လက်တွဲဖော်
Tuesday, February 26, 2013
တစ်ဖက်သတ်တဲ့
ဒီနာမည်နဲ့ အချစ်ကို ဘောင်ခတ်ထားတယ်
ပစ်စလတ်ခတ် မထားရက်ပေမဲ့
ရစ်ပတ်ထားတဲ့ကြိုးက ကိုယ့်တကိုယ်စာ …
ခပ်ဝေးဝေးကငေး
တိတ်တိတ်ကလေးဆွေး
တိုးတိုးကလေးမေးမိသေးရဲ့
သူ့အချစ်တွေ ဘယ်ဆီမှာလဲ ....
ညတိုင်းက အိမ်မက်ဆိုး မနက်အနိုးမှာလဲ
မကြေညာရဲတဲ့ ဝေဒနာက အတိ
သူ့ငြိတွယ်မှုလဲ တစိုးတစိမှ မရှိ .....
အပြစ်တစ်ခုလားကွယ် ...?
မမျှော်ကိုးရဲတော့ဘူးကွယ် အပြန်အလှန်ဆိုတာမျိုး
မယုံရဲတော့ဘူးကွယ် တန်ပြန်တယ် ဆိုတာမျိုး
မလိုချင်ပါဘူးကွယ် … ဒီလို ခပ်ဆိုးဆိုး ခံစားမှုမျိုး ...။
(Shwe Kit)
ဒီနာမည်နဲ့ အချစ်ကို ဘောင်ခတ်ထားတယ်
ပစ်စလတ်ခတ် မထားရက်ပေမဲ့
ရစ်ပတ်ထားတဲ့ကြိုးက ကိုယ့်တကိုယ်စာ …
ခပ်ဝေးဝေးကငေး
တိတ်တိတ်ကလေးဆွေး
တိုးတိုးကလေးမေးမိသေးရဲ့
သူ့အချစ်တွေ ဘယ်ဆီမှာလဲ ....
ညတိုင်းက အိမ်မက်ဆိုး မနက်အနိုးမှာလဲ
မကြေညာရဲတဲ့ ဝေဒနာက အတိ
သူ့ငြိတွယ်မှုလဲ တစိုးတစိမှ မရှိ .....
အပြစ်တစ်ခုလားကွယ် ...?
မမျှော်ကိုးရဲတော့ဘူးကွယ် အပြန်အလှန်ဆိုတာမျိုး
မယုံရဲတော့ဘူးကွယ် တန်ပြန်တယ် ဆိုတာမျိုး
မလိုချင်ပါဘူးကွယ် … ဒီလို ခပ်ဆိုးဆိုး ခံစားမှုမျိုး ...။
(Shwe Kit)
Post a Comment