Posted by : လက်တွဲဖော် Tuesday, February 26, 2013


  1. ခြေများချင်တဲ့လူတွေက
    ဘယ်တော့မှမခွဲသွားဘူးဆိုတဲ့စကားကို လိုတာထက်ပိုသုံးတတ်ကြတယ်

    လိမ်ညာတဲ့လူတွေကလည်း
    ယုံပါဆိုတဲ့စကားကို ခဏခဏပြောပြီး
    လှည့်စားတတ်ကြတယ်

    အနားမှာ မနေတာ သေချာနေတဲ့လူတွေကလည်း
    ထာဝရရှိပါမယ်ဆိုတဲ့စကားကို
    နားငြီးလောက်အောင်ပြောပြီး ထားသွားတတ်ကြတယ်

    ချစ်သူတစ်ယောက်က သိပ်လှည့်စားချင်နေပြီ
    သိပ်လိမ်ချင်နေပြီဆို လိုတာထက်ပိုပြီးတော့ စကားလုံးတွေကို အိနြေ္ဒမရပြောတတ်တယ်

    ခွဲမသွားဘူးအခါခါပြောတဲ့လူတွေကပဲထားသွားတတ်သလို
    မလိမ်ပါဘူး အခါခါရှင်းပြနေတဲ့လူတွေကပဲ
    လှည့်စားသွားတတ်ပါတယ်

    ပြီးတော့ နောက်ကွယ်မှာမဟုတ်တာတွေ သိပ်လုပ်နေတဲ့လူတွေကရှေ့ရောက်ရင်ချိုသာတဲ့ စကားတွေသိပ်များတတ်ကြတယ်ဆိုတာကို သင်သတိထားမိဖို့လိုပါတယ်



    မှတ်ချက် ။ ။ များသောအားဖြင့်ခဏခဏညာလို့လူမိပြီး သံသယများနှင့်ချစ်နေရသောချစ်သူများတွင်အဖြစ်များပါတယ်





    ခင်မင်လျက်
    ကောင်ကလေး
    26-02-13,02:52pm

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -