Posted by : လက်တွဲဖော် Tuesday, February 26, 2013

နင်က လွဲပြီး မချစ်နိုင်တဲ့ ငါ
ငါကို မေ့ပြီး အချစ်ကို အသစ်လုပ်မယ် နင့်...


နင်ပျော်ရွင်အောင် လုပ်ပေးနိုင်သော စိတ်
ငါပျော်ရွင်ဖို့မေ့ပြီး နာကျင်နေမယ့် နှလုံးသား


မခေါ်ပဲ ၀င်ရောက်နေရာပေးခဲ့သော ငါ
ပြန်မလွတ်ပဲ လက်ပြသွားသော နင်...


အချစ်ကို ကစားခဲ့တဲ့ နင်...
အချစ်ကို ကိုးကွယ်ခဲ့တဲ့ ငါ


အတိတ်ကို စွဲလမ်းနေတဲ့ ငါ
အနာဂတ်ကို ပြောင်းလဲသွားသော နင်...


အမှတ်တရကို သိမ်းဆည်းထားတဲ့ ငါ
အမှတ်တရသစ်တွေ ဖန်တီးနေတဲ့ နင်...


အပြောင်းလဲသစ်တွေမှာ ပျော်ရွင်နေတဲ့ နင်...
ကျေခိုင်းသွားသူကို ရပ်ကြည်ဖြစ်နေတဲ့ ငါ


နင်က နာကျင်စရာအတိတ်တွေကို ထုဆစ်ခဲ့တယ်ဆိုပေမယ့်
နာကျင်မှုမှာ တိတ်ဆိတ်ကျေကွဲနေတဲ့ ငါကိုငါပဲ မုန်းလိုက်တော့မယ်...


ငါ နင့်ကို ပိုင်ဆိုင်ချင်တာထက် ပျော်ရွင်စေချင်တာ ....






လမင်း @♥♥♥ Real Love

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -