Posted by : လက်တွဲဖော် Tuesday, February 26, 2013

အွန်လိုင်းပေါ်မှာ တွေ့ခဲ့တာပါ...

အွန်လိုင်းပေါ်မှာ ခင်ခဲ့မိတာပေါ့...

အွန်လိုင်းပေါ်မှာ သံယောဇဉ်တွယ်ခဲ့မိတာပေါ့...

ဖုန်းတွေပြောခဲ့တယ်...တယောက်နဲ့တယောက်
နားလည်မှုလေးနဲ့ ငါတို့အဖြစ်လေဟာ ပျော်စရာအတိပေါ့...

အခုတော့ လေလှိုင်းပေါ်က စကားလေထဲမှာပဲအဆုံးသတ်
တော့မှာလား...ချစ်သူ

ပေးခဲ့မိတာက အပြင်ကနှလုံးသားပါ...သေချာပါတယ်...

ငါတို့နှစ်ယောက်ရဲ့ လေပေါ်ကတိုက်အိမ်လေးပြိုကျခဲ့ရင်တော့
အပြင်မှာ အသဲကွဲပြီး ငိုမိမှာက ငါပါဟာ...

ကောင်မလေးတယောက်တောင်းထားတဲ့ ကဗျာလေးပါ
အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော...:)






phoe phyu

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -