Posted by : လက်တွဲဖော် Wednesday, October 10, 2012

ဟိုအဝေး တနေရာက

အသက်မက မြတ်နိုးရတဲ့

တို့ ရဲ့ ချစ်သူရေ.....

ဒီလိုအချိန် တို့ ရင်မှာ

အလွမ်းမိုးတွေ ရွာနေတာ

ချစ်သူ မြင်နိုင်မှာလား.....

ချစ်သူကိုလွမ်းတဲ့ ဝေဒနာ

မကြေငြာခြင်ပေမဲ့

လက်ဝဲဘတ် ရင်အုံအောက်

တချက်တချက် အောင့်တက်လာတယ်.....

အရမ်းသတိရလွန်းလို့ ပါ

အဝေးက ချစ်သူရယ်.....

ဘယ်လို ကံကြမ္မာကြောင့်

တို့ နှစ်ယောက်.....

ချစ်လျှက်နဲ့ တမြေဆီဝေး

လွမ်းဆွေးနေရတာလဲ.....

အတားအဆီးတွေ ကြုံတာများ

အားတင်းထားပါ ချစ်တဲ့သူ....ကို.

ချစ်သူ ကိုလွမ်းတဲ့အခါ

ဟိုအရင်ကြည်နူးသမျှ

တွေးရင်းက ပီတိဖြစ်

ခွန်အားသစ် တဖန်မွေး

တို့နှစ်ယောက်ရဲ့  ဘဝလေး

အေးချမ်းလို့ စိုပြေ

အတူနေဖို့ ကိုကြိုးစား

နောင်လာမဲ့ နေ့ရက်များမှာ

ချစ်သူအနားက တဖဝါးမခွာ

အမြဲသာ မင်းပျော်ရွှင်အောင်

တို့ စွမ်းဆောင်းပေးပါမယ်

အဝေးက ချစ်သူရယ်.....

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -