Posted by : လက်တွဲဖော် Wednesday, October 10, 2012



နင်စေခိုင်းလို့  သေခိုင်းမယ်ဆိုရင်တောင်
တိုင်းပြည်အတွက်အသက်ပေးပြီးသားဖြစ်နေလို့  ငါ ထပ်စွန့် လွတ် ဖို့  မဖြစ်နိုင်တော့ ဘူး

နင်နေစေချင်တဲ့  နေရာတစ်ခုကို သတ်မှတ်ပေးရင်တောင်
တပ်ကပေးထားတဲ့  လိုင်းခန်း၇ှိပြီးသားမို့  ငါ ခေါင်းညိတ်ဖို့  မဖြစ်နိင်တော့ ဘူး

နင်လိုအပ်လို့  တောင်းရင်တောင်
တလစာက တသိန်းခွဲလောက်ပဲ ရှိလို့  ငါ ပိုပေးဖို့  မဖြစ်နိုင်တော့ ဘူး

တခုတော့ ရှိတယ်
နင်ဆန္ဒရှိရင် ငါ့ ဘေးနားမှာ တသက်လုံးခေါ်ထားချင်တယ်
နင်လိုက်နေချင်ရင် ငါ ရတဲ့  တပ်လိုင်းခန်းကိုခေါ်သွားမယ်
နင်ကျေနပ် ရင် လကုန်တာနဲ့  ချက်ခြင်း လစာအပ်မယ်
နင်ချစ်စေချင်ရင် တိုင်းပြည်အတွက်အသက်ပေးထားပေမဲ့ 
နင့် ကို ငါ့ နှလုံးသားပေးပြီး တဘ၀လုံးချစ်မယ်ယုံ..............

(ပုံရိပ်စစ်)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -