Posted by : လက်တွဲဖော် Wednesday, October 10, 2012

မိန်းခလေးတယောက်ကိုချစ်တဲ့အခါ ပြည့်စုံအောင်ထားရုံနဲ့မပြီးဘူး
သူ့ဘဝကိုလုံခြုံအောင်သင်တာဝန်ယူရပါတယ်

လိုအပ်တဲ့အရာတွေဖြည့်ဆည်းပေးနေရုံနဲ့ မပြီးသေးဘူး
သူ့ကိုအားပေးနှစ်သိမ့်နိုင်ဖို့လည်း လိုအပ်ပါတယ်

အနာဂါတ်အိပ်မက်တွေ ကြိုးစားပေးရုံနဲ့မပြီးသေးဘူး
သူ့ကို နေ့စဉ်နေ့တိုင်းမမေ့မလျော့ဂရုစိုက်ပေးနေဖို့လည်းလိုအပ်ပါတယ်

ချစ်တယ်ချစ်တယ်ပြောနေရုံနဲ့မပြီးသေးဘူး
သစ္စာရှိနေဖို့လည်းလိုအပ်ပါတယ်

တချို့လူတွေကချစ်သူဘဝကျော်လွန်ပြီး အိမ်ထောင်သည်ဘဝရောက်ကြတဲ့အခ
ဘဝအတွက်ကြိုးစားကြရင်း တဖြည်းဖြည်းနဲ့လစ်ဟင်းလာကြတယ်
ငါသူ့အတွက်ကြိုးစားနေတာပဲလေဆိုပြီး မေ့လျော့လာကြတယ်
မိန်းမတယောက်ကိုဖြစ်စေ ယောက်ကျားတယောက်ကိုဖြစ်စေ
တကယ်ချစ်တဲ့အခါ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာသာမက ၊
စိတ်ပိုင်းဆိုင်ရာကိုပါသင်ပြည့်စုံအောင်ထားသင့်ပါတယ်

ယောက်ကျားတယောက်အနေနဲ့သင်အိမ်ပြန်ချိန်နောက်ကျတာကို
ထမင်မစားပဲစောင့်နေတဲ့မိန်းမတယောက်ရှိကြောင်းသတိရသင့်သလို
မိန်းမတယောက်အနေနဲ့လည်း အလုပ်ရှုပ်နေတဲ့ယောက်ကျားတယောက်က
ပြန်မလာသေးဘူးလား နောက်ကျလိုက်တာဆိုတဲ့ ဖုန်းခေါ်သံလေးတချက်ကိုစောင့်မျှော်နေတတ်ပါတယ်

အချစ်ဆိုတာ ပိုက်ဆံထုတ်ကြီးပုံပေးပြီး
သင်လူတယောက်ကိုဂရုစိုက်ပြရုံနဲ့မှမပြီးသေးပဲ
နွေးထွေးတဲ့အကြင်နာမေတ္တာလေးတွေနဲ့လည်း
သင့်သူ့ကိုအဆက်မပြတ်နွေးထွေးချစ်ခင်နေတတ်ဖို့လိုတယ်လေ ။ ။




ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -