Posted by : လက်တွဲဖော် Wednesday, October 10, 2012

နင်နဲ့ ချစ်သူဖြစ်ပြီးတဲ့ နောက်ပိုင်း
ီနီးစပ်ဖို့  မဖြစ်နိုင်သေးတဲ့  ငါတို့ နှစ်ယောက်ကြားမှာ
အလွမ်းဆိုတဲ့  သူငယ်ချင်းတစ်ယောက် နံဘေးမှာ ရောက်လာတာပဲ အဖက်တင်တယ်........
တခါတလေ
သတိရခြင်းက လက်တို့ ကောင်းရင်
မျက်ရည်လေးတွေလည်းကျလို့ ပေါ့ ...........
ကောင်းကင်က ကြယ်ကြွေတိုင်းလည်း
ငါတကယ်ဆုတောင်းဖြစ်တယ်ချစ်သူရယ်...........
နင်နဲ ဝေးတဲ အရပ်မှာ
ဘယ်သောအခါမှ မနေပါရစေနဲ ဆိုပြီးတော့ ပေါ့ ...........
တဆက်တည်းဆိုသလို
ကြယ်ကြွေတိုင်း ဆုတောင်းဖြစ်နေတော့ 
နင်နဲ မဆုံခင် ကြယ်ကြွေတာကုန်မှာ လည်း စိုးတယ်ချစ်သူရယ်............

(ပုံရိပ်စစ်)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -