Posted by : လက်တွဲဖော် Wednesday, October 10, 2012

မလွယ်တဲ့  အလုပ်ကိုလုပ်နေတဲ့  လူတချို့ ရှိတယ်.........

ပထမလူက...........

မိသားစု ထက် တခါတလေ အဖွဲ့  အစည်းကို ပိုချစ်ရတယ်
မိသားစုထက် တခါတလေ တိုင်းပြည် အလုပ်တွေ ပိုလုပ်ရတယ်.........
မိသားစုထက် တခါတလေ အပေါင်းအဖော်တွေကို ပိုချစ်ရတယ်.................
မိသားစုထက် တခါတလေ ရဲဘော်ရဲဘက်တွေကို ပို သံယောဇဉ်တွယ်တာရတယ်........
မိသားစုထက် တခါတလေ အချိန်တွေ ပို ပြီးပေးဆပ်ရတယ်............


ဒုတိယလူက...........

မိသားစုထက် အဖွဲ့ အစည်းကို ပိုချစ်တဲ့  သူကိုလည်းချစ်ရတယ်
မိသားစုထက် တိုင်းပြည်အလုပ်လုပ်ရတဲ့ သူဝေရာဝစ္စကိုလည်းပိုလုပ်ရတယ်
မိသားစုထက် အပေါင်းအဖော်ကို ပိုဂရုစိုက်ရတဲ့ သူကိုလည်း ပိုဂရုစိုက်ရတယ်
မိသားစုထက် ရဲဘော်ရဲဘက်ကိုပိုသံယောဇဉ်ဖြစ်တဲ့ သူကိုလည်း ပိုပြီး သံယောဇဉ်တွယ်တာရတယ်
မိသားစုထက် အချိန်ပိုပေးနေတဲ့ သူကိုလည်း ပိုပြီး အချိန်ပေးပြီး နားလည်ပေးရတယ်

အဲဒီလူနှစ်မျိုး ကို

တပ်မတော်သားနဲ့  သူရဲ့ 
ပါရမှီဖြည့် ဘက်လို့  ခေါ်တယ်...............

(ပုံရိပ်စစ်

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -