Posted by : လက်တွဲဖော်
Wednesday, October 10, 2012
ကိုယ့်ရဲ့ဘ၀ကို အဆင်ပြေပြေ ထိန်းချုပ်ကိုင်တွယ်သွားနို င်သူ အမျိုးသမီးအများစုဟာ TV မကြည့်ကြပါဘူး။ အထူးသဖြင့်ကတော့ ဘာမှတန်ဖိုးမရှိတဲ့ အချစ်ဇာတ်လမ်းတွဲတွေကိုပေါ့ ။ ဒါလဲပဲ တိုက်ဆိုင်မှုတစ်ရပ်တော့ မဟုတ်ပါ။
လှပသာယာတဲ့ ဘ၀တစ်ခုလုံးကို ဖန်တီးမယ့် အမျိုးသမီးတွေအဖို့ ဇာတ်လမ်းတွဲတွေထဲက
“ ကံစီမံရာနာခံ” ဆိုတဲ့ တန်ဖိုးအပြင်ကနေ ဖောက်ထွက်သွားဖို့ လိုပါတယ်။ အကြောင်းက ဒီဇာတ်လမ်းတွဲတွေဟာ ကျွန်မတို့လူ့ဘ၀ခရီးရဲ့ မှန်ကန်တဲ့သရုပ်ဖော်ချက် ကြေးမုံပြင်မဟုတ်လို့ပါပဲ။
ကိုယ်ဝန်နဲ့ အမျိုးသမီးဇာတ်လိုက်က ပစ်သွားတဲ့ချစ်သူအတွက် ကလေးမွေးပြီး စောင့်နေရမှာလား???။
အချစ်ဇာတ်လမ်းတွေဟာ ဇာတ်ရှိန်တက်လာစေဖို့ ဇာတ်ကွက်တွေကို တိုးသာဆုတ်သာရှိအောင် ဆင်ထားတတ်ကြတယ်။ မဖြစ်နိုင်တဲ့ဇာတ်ကွက်တွေ ဖန်တီးထည့်သွင်းပါတယ်။ နောက်ပရိသတ်ကြီး လက်ခံအောင် တင်ပြတယ်။ ဒါဟာ အချစ်ဇာတ်လမ်းတွဲတွေရဲ့ သဘောသဘာဝပါ။
ဒါကြောင့်လဲ ဇာတ်လမ်းတွဲတွေထဲမှာ ဒီလိုဇာတ်ကွက်တွေ ပါတတ်ပါတယ်။ မူလကအမျိုးသမီးအခွင့်အရေးဝါ ဒီတစ်ဦးဖြစ်တဲ့
အမျိုးသမီးတစ်ယောက်၊ အကြောင်းအမျိုးမျိုးနဲ့ ခွဲခွာသွားတဲချစ်သူနဲ့
ရတဲ့ကိုယ်ဝန်ကိုထိန်းထား၊ ကလေးမွေးပြီးပြုစုစောင့်ရှောက်နေ၊ ဆယ်နှစ်ကြာတော့ နှစ်ဦးပြန်တွေ့၊ သေတစ်ပန်သက်တစ်ဆုံးပေါင်းသွား ဆိုတာမျိုးပါ။
နောက်ရှိပါသေးတယ်။ အမျိုးသားဘက်ကအချက်အလက်တွေ သိပ်မဆိုးပါဘူးဆိုပြီး လက်ထပ်လိုက်တဲ့ အမျိုးသမီးဟာ နောက်ဆုံးမှာ ဆင်းရဲဒုက္ခတွေနဲ့ချည်း နိဂုံးချုပ်လိုက်ရတာမျိုး။ တကယ်လို့ လက်ထပ်ပြီး ပျော်ပျော်ရွင်ရွင်နေရတယ် ဆိုရင်တောင် အမျိုးသမီးဘက်က အမျိုးသားဘက်က ချမ်းသာကြောင်းမသိဘဲ ယူလိုက်မိတယ်ဆိုတာမျိုး။
ဒီလိုဇာတ်လမ်းတွဲတွေချည်း ခဏခဏကြည့်နေရတော့ အမျိုးသမီးတွေဟာ ငွေကြေးချမ်းသာတဲ့အမျိုးသား ဆိုရင် ကိုယ့်အပေါ် ပစ်ခွာသွားနိုင်တယ်ဆိုပြီး ထင်လာပါတော့တယ်။
ဘယ်အမျိုးသမီးကမှ ကိုယ့်ထက်အချက်အလက်ညံ့တဲ့ အမျိုးသားကို လက်မထပ်ချင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းဟာ မှားယွင်းတဲ့အယူအဆတစ်ခုရဲ့ ထောင်ချောက်ထဲမှာတော့ ကျသွားနိုင်ပါတယ်။
နောက်အမျိုးသမီးတွေ အိမ်ထောင်ပြုရမှာ ချီတုံချတုံဖြစ်ရတဲ့ အဟန့်အတားတစ်ခုက ယောက္ခမပါ။ ဇာတ်လမ်းတွေထဲမှာ တွေ့ရတဲ့ တွေထဲက ဆယ်ယောက်မှာ ရှစ်ယောက်လောက်က လက်ထက်ဖို့ ဆန့်ကျင်ကြတဲ့ ယောက္ခမဆိုးတွေပါ။ သူတို့ထဲက အများစုကလည်း လက်ထက်ပြီးနောက်ဆို ချွေးမကိုဒုက္ခပေးပြီ။
ဒီလိုယောက္ခမတွေဆိုးတဲ့၊ ယုတ်တဲ့အကြောင်းချည်း အမြဲရိုက်ပြနေတော့ အများစုတစ်ကိုယ်တော် အမျိုးသမီးတွေ အိမ်ထောင်ကျရမှာ ကြောက်နေကြပါတော့တယ်။
ဇာတ်လမ်းတွဲတွေဟာ ယောက္ခမဆိုးတယ်ဆိုတာသာ ပြတာ၊ ဒီလိုမသင့်တော်တဲ့ မိသားစုဖွဲ့စည်းပုံစနစ်ကိုေ တာ့ သံသယဖြစ်တာ၊ ဝေဖန်တာတွေ မပြရဲပြန်ပါဘူး။ ပရိသတ်ကြီးကတော့ အနှိပ်စက်ခံ၊ အနိုင်ကျင့်ခံရပြီး ပြန်လည်မခုခံနိုင်တဲ့ချွေးမ ကိုတော့ သနားကြတာပေါ့လေ။
ဒီလိုဇာတ်လမ်းတွေ ကြည့်ဖန်များလေ “သည်းခံခြင်းသည်သာ မိန်းကလေးတို့ရဲ့ အလှစာရိတ္တ”
ဆိုတဲ့ လွဲမှားတဲ့အမြင်ကို မသိစိတ်နဲ့လက်ခံမိတတ်ပါတယ်။
ဇာတ်လမ်းတွဲတွေဟာ လူတွေကို ခုလိုမှားယွင်းတဲ့ တန်ဖိုးအမြင်တွေ အမြောက်အမြားသွတ်သွင်းနေပါတ ယ်။
ဒီထဲအဆိုးဆုံးကတော့ “ချစ်ခြင်းမေတ္တာသည်သာ ဘ၀ပါ” ဆိုတဲ့ အတွေးအခေါ်ကို
အမျိုးသမီးတွေကို သွတ်သွင်းပေးခြင်းပါ။ ရှိရှိသမျှ
ဇာတ်လိုက်မင်းသမီးတိုင်း၊ မရေမတွက်နိုင်တဲ့ အနစ်နာခံမှုတွေ ပေးဆပ်စတေးပြီး
သူတို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အချစ်ကို အကောင်အထည်ဖော်ကြပါတယ်။
ဇာတ်လမ်းတွဲတွေထဲက မဟုတ်တမ်းတရားတွေကို သင်ယူလက်ခံဖို့အထိတော့ လူတွေမတုံးမအ ကြသေးပါဘူးလို့ သင်ဆိုကောင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာသည်သာ ဘ၀ပါ ဆိုတဲ့ Message ကတော့ အမျိုးသမီးတွေရဲ့ ခေါင်းထဲမှာ စွဲစွဲမြဲမြဲနစ်ဝင်သွားပါပြီ။
လက်တွေ့ဘ၀ထဲမှာတော့ သူတို့ဟာ အချစ်အတွက် ဘ၀ကို မစွန့်လွှတ်နိုင်သလို၊ စစ်မှန်တဲ့အခြေအနေအရ ဘ၀ကိုလည်း မဖန်တီးနိုင်တော့ပါဘူး။ ဒါကသာလျှင် ဇာတ်လမ်းတွဲတွေက ဖန်တီးလာခဲ့တဲ့ ဟိုယောင်ယောင် ဒီယောင်ယောင်သဘောထားပါ။
တခြားလဲ ဇာတ်လမ်းတွဲတွေထဲမှာ သတိထားစရာ၊ အတုမယူမိဖို့ ဂရုစိုက်ရမှာတွေ အများကြီးရှိပါသေးတယ်။ ဇာတ်လမ်းတွဲတွေက လူ့ဘ၀ဟာ လက်တွေ့ဘ၀အတွင်း မပြောပလောက်တဲ့ အသေးအဖွဲလေးကိုပဲ ပြောထားတာပါ။
ဒါကြောင့် လက်တွေ့ဘ၀ရဲ့ မြောက်များလှတဲ့ ပြသနာတွေနဲ့ မထိတွေ့သေးခင်၊ အရင်ဦးဆုံးဇာတ်လမ်းတွဲတွေထဲက မပြည့်မစုံ စိတ်ကူးယဉ်ကမ္ဘာထဲကို ကျွံဝင်သွားတာဟာ သိပ်ပြီးအန္တ
ရာယ်ကြီးပါတယ်။ဒါကြောင့် တကယ်တမ်းပါးနပ်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင် ရင် လှပတဲ့ပျော်ရွှင်ဖွယ်ဘ၀တစ်ခု ပိုင်ချင်ရင် ဇာတ်လမ်းတွဲတွေထဲက အချစ်တွေ၊ အမုန်းတွေကနေ ချက်ချင်းရုန်းထွက်လာခဲ့ပါ။
ပါးနပ်တဲ့အမျိုးသမီးဟာ ဇာတ်လမ်းတွဲထဲကနေ ဘ၀ကိုသိနားလည်တာမဟုတ်ပါဘူး၊ ကိုယ့်ဘ၀ထဲကပဲ အသွေးအရောင်စုံတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ဖန်တီးယူတာပါ။
ဘ၀ကိုအဆုံးအဖြတ်ပေးတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် စာအုပ်မှကောက်နုတ်ဖော်ပြသည် ။
Posted by Admin T
လှပသာယာတဲ့ ဘ၀တစ်ခုလုံးကို ဖန်တီးမယ့် အမျိုးသမီးတွေအဖို့ ဇာတ်လမ်းတွဲတွေထဲက
“ ကံစီမံရာနာခံ” ဆိုတဲ့ တန်ဖိုးအပြင်ကနေ ဖောက်ထွက်သွားဖို့ လိုပါတယ်။ အကြောင်းက ဒီဇာတ်လမ်းတွဲတွေဟာ ကျွန်မတို့လူ့ဘ၀ခရီးရဲ့ မှန်ကန်တဲ့သရုပ်ဖော်ချက် ကြေးမုံပြင်မဟုတ်လို့ပါပဲ။
ကိုယ်ဝန်နဲ့ အမျိုးသမီးဇာတ်လိုက်က ပစ်သွားတဲ့ချစ်သူအတွက် ကလေးမွေးပြီး စောင့်နေရမှာလား???။
အချစ်ဇာတ်လမ်းတွေဟာ ဇာတ်ရှိန်တက်လာစေဖို့ ဇာတ်ကွက်တွေကို တိုးသာဆုတ်သာရှိအောင် ဆင်ထားတတ်ကြတယ်။ မဖြစ်နိုင်တဲ့ဇာတ်ကွက်တွေ ဖန်တီးထည့်သွင်းပါတယ်။ နောက်ပရိသတ်ကြီး လက်ခံအောင် တင်ပြတယ်။ ဒါဟာ အချစ်ဇာတ်လမ်းတွဲတွေရဲ့ သဘောသဘာဝပါ။
ဒါကြောင့်လဲ ဇာတ်လမ်းတွဲတွေထဲမှာ ဒီလိုဇာတ်ကွက်တွေ ပါတတ်ပါတယ်။ မူလကအမျိုးသမီးအခွင့်အရေးဝါ
နောက်ရှိပါသေးတယ်။ အမျိုးသားဘက်ကအချက်အလက်တွေ သိပ်မဆိုးပါဘူးဆိုပြီး လက်ထပ်လိုက်တဲ့ အမျိုးသမီးဟာ နောက်ဆုံးမှာ ဆင်းရဲဒုက္ခတွေနဲ့ချည်း နိဂုံးချုပ်လိုက်ရတာမျိုး။ တကယ်လို့ လက်ထပ်ပြီး ပျော်ပျော်ရွင်ရွင်နေရတယ် ဆိုရင်တောင် အမျိုးသမီးဘက်က အမျိုးသားဘက်က ချမ်းသာကြောင်းမသိဘဲ ယူလိုက်မိတယ်ဆိုတာမျိုး။
ဒီလိုဇာတ်လမ်းတွဲတွေချည်း ခဏခဏကြည့်နေရတော့ အမျိုးသမီးတွေဟာ ငွေကြေးချမ်းသာတဲ့အမျိုးသား
ဘယ်အမျိုးသမီးကမှ ကိုယ့်ထက်အချက်အလက်ညံ့တဲ့ အမျိုးသားကို လက်မထပ်ချင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းဟာ မှားယွင်းတဲ့အယူအဆတစ်ခုရဲ့ ထောင်ချောက်ထဲမှာတော့ ကျသွားနိုင်ပါတယ်။
နောက်အမျိုးသမီးတွေ အိမ်ထောင်ပြုရမှာ ချီတုံချတုံဖြစ်ရတဲ့ အဟန့်အတားတစ်ခုက ယောက္ခမပါ။ ဇာတ်လမ်းတွေထဲမှာ တွေ့ရတဲ့ တွေထဲက ဆယ်ယောက်မှာ ရှစ်ယောက်လောက်က လက်ထက်ဖို့ ဆန့်ကျင်ကြတဲ့ ယောက္ခမဆိုးတွေပါ။ သူတို့ထဲက အများစုကလည်း လက်ထက်ပြီးနောက်ဆို ချွေးမကိုဒုက္ခပေးပြီ။
ဒီလိုယောက္ခမတွေဆိုးတဲ့၊ ယုတ်တဲ့အကြောင်းချည်း အမြဲရိုက်ပြနေတော့ အများစုတစ်ကိုယ်တော် အမျိုးသမီးတွေ အိမ်ထောင်ကျရမှာ ကြောက်နေကြပါတော့တယ်။
ဇာတ်လမ်းတွဲတွေဟာ ယောက္ခမဆိုးတယ်ဆိုတာသာ ပြတာ၊ ဒီလိုမသင့်တော်တဲ့ မိသားစုဖွဲ့စည်းပုံစနစ်ကိုေ
ဒီလိုဇာတ်လမ်းတွေ ကြည့်ဖန်များလေ “သည်းခံခြင်းသည်သာ မိန်းကလေးတို့ရဲ့ အလှစာရိတ္တ”
ဆိုတဲ့ လွဲမှားတဲ့အမြင်ကို မသိစိတ်နဲ့လက်ခံမိတတ်ပါတယ်။
ဇာတ်လမ်းတွဲတွေဟာ လူတွေကို ခုလိုမှားယွင်းတဲ့ တန်ဖိုးအမြင်တွေ အမြောက်အမြားသွတ်သွင်းနေပါတ
သူတို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အချစ်ကို အကောင်အထည်ဖော်ကြပါတယ်။
ဇာတ်လမ်းတွဲတွေထဲက မဟုတ်တမ်းတရားတွေကို သင်ယူလက်ခံဖို့အထိတော့ လူတွေမတုံးမအ ကြသေးပါဘူးလို့ သင်ဆိုကောင်းဆိုနိုင်ပါတယ်။
လက်တွေ့ဘ၀ထဲမှာတော့ သူတို့ဟာ အချစ်အတွက် ဘ၀ကို မစွန့်လွှတ်နိုင်သလို၊ စစ်မှန်တဲ့အခြေအနေအရ ဘ၀ကိုလည်း မဖန်တီးနိုင်တော့ပါဘူး။ ဒါကသာလျှင် ဇာတ်လမ်းတွဲတွေက ဖန်တီးလာခဲ့တဲ့ ဟိုယောင်ယောင် ဒီယောင်ယောင်သဘောထားပါ။
တခြားလဲ ဇာတ်လမ်းတွဲတွေထဲမှာ သတိထားစရာ၊ အတုမယူမိဖို့ ဂရုစိုက်ရမှာတွေ အများကြီးရှိပါသေးတယ်။ ဇာတ်လမ်းတွဲတွေက လူ့ဘ၀ဟာ လက်တွေ့ဘ၀အတွင်း မပြောပလောက်တဲ့ အသေးအဖွဲလေးကိုပဲ ပြောထားတာပါ။
ဒါကြောင့် လက်တွေ့ဘ၀ရဲ့ မြောက်များလှတဲ့ ပြသနာတွေနဲ့ မထိတွေ့သေးခင်၊ အရင်ဦးဆုံးဇာတ်လမ်းတွဲတွေထ
ရာယ်ကြီးပါတယ်။ဒါကြောင့် တကယ်တမ်းပါးနပ်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်
ပါးနပ်တဲ့အမျိုးသမီးဟာ ဇာတ်လမ်းတွဲထဲကနေ ဘ၀ကိုသိနားလည်တာမဟုတ်ပါဘူး၊
ဘ၀ကိုအဆုံးအဖြတ်ပေးတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် စာအုပ်မှကောက်နုတ်ဖော်ပြသည်
Posted by Admin T
Post a Comment