Archive for October 2012


လူတွေက လာလာမေးကြတယ်

~~ မင်းရဲ့ချစ်သူကို ဘာလို့ချစ်တာလဲ ~~

ငါ.....မဖြေရဲဘူး.....ချစ်သ


မင်းကို ချစ်ရတဲ့ အကြောင်းရင်းသာ

သူတို့သိသွားခဲ့ရင် မင်းကို ချစ်မိသွားလိမ့်မယ်

မင်းကို ချစ်မိသွားလိမ့်မယ်

Posted by : လက်တွဲဖော် 0 Comments

သူဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်

အရသာက ပေါ့ပျက်ပျက်ဖြစ်နေခဲ့လျှင်

သူ့ကို ပိုချစ်ပါ. . .သင့်အတွက် မဖျော်တတ်ပေမဲ့ကြိုးစားခဲ့တယ်လေ။



♥ သူ သင့်အပေါ်

သ၀န်တိုနေခဲ့လျှင်

သူ့ကို ပိုချစ်ပါ...ချစ်ခွင့်ပန်သူအားလုံးထဲက သင့်ကိုသာရွေးချယ်ခဲ့တယ်လေ။


♥ သူ တစ်ခုခုကို

ဆူဆူပူပူ နဲ့ ပွစိပွစိပြောနေခဲ့လျှင်

သူ့ကို ပိုချစ်ပါ. . .သင့်ကို စိုးရိမ်လို့ ပြောနေတဲ့စကားလေးတွေလေ။


♥ သူက သင်မကြိုက်တဲ့

ကိုးရီးယားအချစ်ဇာတ်လမ်းအကြောင်းပြောနေခဲ့လျှင်

သူ့ကို ပိုချစ်ပါ. . .အဲဒီလို ခိုင်မြဲတဲ့အချစ် သူလိုချင်နေတယ်လေ။


♥ သူ သင့်ကို

အရွှဲ့တိုက်နေခဲ့လျှင်

သူ့ကိုပိုချစ်ပါ. . . သင့်ရဲ့အချစ်ကို သူအမျိုးမျိုးစမ်းသပ်နေတယ်လေ။


♥ သူက သင့်ကို

နေကောင်းရဲ့လား လို့မေးတဲ့အခါ

သူ့ကို ပိုချစ်ပါ. . .သူနေမကောင်းလို့ နွေးထွေးမှုလိုအပ်နေတယ်လေ။


♥ သူက သင့်ကို

ရယ်စရာမကောင်းတဲ့ ဟာသတစ်ချို့ပြောပြနေတဲ့အခါ

သူ့ကို ပိုချစ်ပါ. . .သင့်ကို ပျော်ရွှင်စေချင်တဲ့စိတ် သူ့မှာရှိတယ်လေ။


♥ သူက သင့်ကို

ယုံပါတယ် ကို လို့ ထပ်ခါထပ်ခါပြောနေတဲ့အခါ

သူ့ကိုပိုချစ်ပါ. . . သူ့စိတ်မှာ ယုံကြည်မှုတွေတည်ဆောက်နေတယ်လေ။


♥ သူ ရုတ်တရက်

မျက်ရည်တွေ ကျကျလာတဲ့အချိန်

သူ့ကို ပိုချစ်ပါ. . .သင့်ကို ဆုံးရှုံးသွားမှာ စိုးရိမ်နေလို့လေ။

သူ့ကိုပိုချစ်ပါ

Posted by : လက်တွဲဖော် 0 Comments

ငယ်ငယ်က ကလေးတစ်ယောက်ဟာ သူအရမ်းမြတ်နိုးတဲ့ အရုပ်ကလေးပျောက်သွားရင် တအားငိုကြွေးပြီ ၀မ်းနည်းတတ်တယ် အဲဒီအချိန်မိဘတွေက အရုပ်အသစ်လေး ၀ယ်ပေးလိုက်ရင် အရုပ်ဟောင်းဆိုတာကိုတောင်းမေ့သွားပါတယ် ။ ကလေးကိုး သူအတွက်အသစ်အဆန်းကို သဘောကျတာ သဘာဝဘဲလေ


အဲလိုဘဲ အချစ်ဆိုတာလဲ တချိန်က အနားမှာအမြဲရှိနေမယ်ထင်တဲ့သူက အနားမှာအမြဲမရှိတော့ အရမ်းခံစားရတယ် သစွာရှိမယ့်ထင်တဲ့သူက သစွာဖောက်သွားရင် ရင်နာမယ် လက်တွဲဖော်အဖြစ်ရွေးထားရက်နဲ့

သူဘက်က စပြီလက်တွဲဖြုတ်သွားရင် မုန်းတီးရမယ် ဒါပေမယ့် အချစ်ဆိုတာ ကလေးဘ၀ကလို အရုပ်သစ်ဝယ်ပြီအစားထိုးလို့မရပါဘူး အစားထိုးလို့ ရတဲ့ အချစ်ကလဲ အချစ်စစ်နဲ့ အဲဒီလူကို တကယ်ချစ်ခဲ့တာမဟုတ်ပါဘူး ။ အချစ်ဟောင်းဆိုတာ အချစ်တွေဟောင်းသွားတဲ့ သူကိုခေါ်တာမဟုတ်ဘူး အရင်ဆုံးချစ်ခဲ့တဲ့သူ အတိတ်ဟောင်းမှာသူအချစ်ကိုပြန်မရနိုင်တော့မယ်သူကိုအချစ်ဟောင်းလို့ခေါ်တာပါ

အချစ်ဟောင်းလို့

Posted by : လက်တွဲဖော် 0 Comments

ချစ်သူနှစ်ဦးကြားမှာ "ပျော်ရွှင်မှု" တွေချည်း ရှိနေရင် အဲဒါ "အချစ်စစ်" လို့မခေါ်ဘူး ။
" သာယာမှု " သက်သက်ပဲဖြစ်တယ် ။
တကယ့် နွေးထွေးတဲ့ " အချစ်စစ် " တစ်ခုမှာ ..
"ပျော်ရွှင်ခြင်း" တွေပါသလို "ဝမ်းနည်းခြင်း" တွေလည်းပါတယ် ။
"ကြည်နူးခြင်း" တွေပါသလို "စိတ်ဆိုး စိတ်ကောက် ရန်ဖြစ်ခြင်း" တွေလည်းပါတယ် ။

"သဝန်တိုခြင်း" တွေပါသလို "ယုံကြည်ခြင်း" "နားလည်ခွင့်လွှတ်ပေးခြင်း" တွေလည်းပါတယ် ။
ဒါပေမယ့် ..
"နာကျင်စေခြင်း" တော့မပါဘူး ။
အချစ်တစ်ခုက သင့်ကို နာကျင်စေပြီဆိုရင် ..
အဲဒါ သင့်အတွက် "အချစ်စစ်" မဟုတ်တော့ပါဘူး ။ ။





{ မယ်ပိုး }

သာယာမှု

Posted by : လက်တွဲဖော် 0 Comments

ကောင်မလေး : ငါတို့လက်ထပ်ပြီးတဲ့အခါ နင်ဆေးလိပ်လုံးဝမသောက်ရဘူးနော် ..

ကောင်လေး : Ok!

ကောင်မလေး : အရက်လည်းမသောက်ရဘူး ...


ကောင်လေး : ကောင်းပြီလေ

ကောင်မလေး : Night Club လည်းမတက်ရဘူး ...

ကောင်လေး : အင်းပါ ..

ကောင်မလေး : နင့်သူငယ်ချင်းတွေနဲ့လည်း အရင်လို ညနက်သန်းခေါင်ထိ ဘောလုံးပွဲတွေ တူတူမကြည့်ရဘူး ...

ကောင်လေး : အင်!

ကောင်မလေး : နောက်ထပ်ရော ဘာတွေစွန့်လွှတ်နိုင်သေးလဲ??

ကောင်လေး : နင့်ကို လက်ထပ်ဖို့ စိတ်ကူး!!


★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★

ချစ်သူကို အတိုင်းအတာတစ်ခုထက် ပိုပြီး ချုပ်ချယ်ခြင်းဟာ သူ့ကို ဆုံးရှုံးဖို့အတွက် လမ်းစတစ်ခုပါပဲ ♥

သူ့ကို ဆုံးရှုံးဖို့အတွက် လမ်းစတစ်ခု

Posted by : လက်တွဲဖော် 0 Comments

နေကောင်းလား တဲ့
အမှတ်တမဲ့မို့ယောင်ရမ်းပြီး ခေါင်းညိမ့်တယ်

အဆင်ပြေပါစေ တဲ့
သတိမထားမိပဲမျက်ရည်လေးဝဲပြီး ပြုံးပြတယ်


ပြီးတော့မှ သတိထားမိတာ ဖုန်းထဲ Message ၀င်လာတာပါလား.~~ !_!

....လွမ်းလိုက်တာဟာ...
.......နေကောင်းတယ် မှတ်လား...
...........နင်လည်းငါ့လိုပဲ လွမ်းနေမှာပါ...
.........အတူတူရှိနေချင်တယ်..........တရစပ်ရေးမိတဲ့ Message အဆုံးမှာ ငါနှိပ်မိတဲ့ခလုတ်လေးက delete တဲ့

နင် သတိတရMessage ပို့တိုင်း
နင့်ဆီ ပြန်ရောက်နေကျMessage က "အင်း" တလုံးပဲ ဖြစ်နေတက်တယ်နော်..ဒါပေမယ့် ငါရေးလိုက်တဲ့ ရင်ဝှက်စာတွေ နင်မြင်တက်ရင်ကောင်းမယ်...။


"ရင်ဝှက်စာ"

အတူတူပါပဲ
သတိရတယ် ချစ်သူ
အမှတ်တရတွေများလွန်းတော့
အခံရခက်တဲ့ ရင်ခွင်က တချက်တချက် ထထငိုတယ်

အတူတူပါပဲ
လွမ်းမိတယ် ချစ်သူ
အတိတ်တွေကို တမ်းတမိပြန်တော့
ရင်နာစရာတွေက တစ်နင့်နင့်နဲ့ရင်ဘက်ကိုစူးတယ်

ဒီလိုပါပဲ အချစ်ဆိုတာ
ချစ်ပြီးရင် ဝေး ...ဝေးပြီးရင် လွမ်းရတာပဲ မဟုတ်လား

နင်မြင်နိုင်ပါစေ ချစ်သူ
ငါ့ကဗျာတွေထဲမှာ ချစ်ခြင်းတွေ ကိန်းအောင်းနေတယ်

နင်မြင်နိုင်ပါစေ ချစ်သူ
ငါ့စကားလုံးတွေမှာ မေတ္တာတရားတွေ သိုဝှက်ထားတယ်

နင်မြင်နိုင်ပါစေ ချစ်သူ
ငါ တသက်လုံး နင့်တယောက်ကိုပဲ ချစ်နေမယ်ဆိုတာ နင်မြင်နိုင်ပါစေဟာ..။









အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

နေကောင်းလား

Posted by : လက်တွဲဖော် 0 Comments
 
သို့...ချစ်သူ
ချစ်သူ ...
တခါတလေ စိတ်ဓါတ်ပျော့ညံ့ပါ
မနေတတ်အောင်လွမ်းတယ်ဆိုတဲ့စကား
မင်းနှုတ်ဖျားက ကြားဖူးချင်လို့ပါ။

ချစ်သူ ...
တခါတလေ အပိုတွေပြောစမ်းပါ
အရမ်းချစ်တယ်ဆိုတဲ့ စကား
မလိုအပ်လဲ ထပ်ကြားချင်လွန်းလို့ပါ ။

ချစ်သူ ...
တခါတလေ ဟန်ဆောင်နေကြည့်ပေးစမ်းပါ
ငါမရှိရင် မဖြစ်တော့သလိုဘဝမျိုး
ဟုတ်နိုးနိုးနဲ့ တိတ်တခိုး ကျေနပ်နေချင်လို့ပါ ။

သို့...ချစ်သူ

Posted by : လက်တွဲဖော် 0 Comments

ကောင်လေး: နင်ဘာလို့ ငါ့ကို နေရာတကာ လိုက်ပြီး သ၀န်တိုနေတာလဲ??? ဘာလဲ?? နင်က ငါ့ကို မယုံဘူးလား??

ကောင်မလေး: ဟင့်အင်း! ငါနင့်ကို အကြွင်းမဲ့ ယုံပါတယ် ... ဒါပေမယ့် နင့်ဘေးက ကောင်မလေးတွေကိုတော့ ငါမယုံဘူး ;(

ကောင်လေး: ဘာပဲဖြစ်ဖြစ် ငါက နင့်ချစ်သူလေ ... နင်ငါ့ကိုပိုင်ဆိုင်ထားပြီးပြီပဲ ...


ကောင်မလေး: မပိုင်ဆိုင်ရသေးခင် လက်လွှတ်လိုက်ရတာထက် ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးသွားရတဲ့အဖြစ်က ပိုပြီးခံစားရတယ် ....
အဲ့ဒီခံစားချက်ကို လက်ခံနိုင်လောက်တဲ့အထိတော့ ငါ့နှလုံးသားက မရင့်ကျက်သေးဘူးဟာ ...

မရင့်ကျက်သေးဘူးဟာ

Posted by : လက်တွဲဖော် 0 Comments

ကောင်မလေးတစ်ယောက် နောက်ကနေ ကောင်လေးတစ်ယောက် တကောက်ကောက် လိုက်နေတယ် …

ကောင်မလေး : နင်ဘာလို့ ငါ့နောက်ကနေ တကောက်ကောက်လိုက်နေတာလဲ ?

ကောင်လေး : နင်ကအရမ်းချစ်စရာကောင်းလို့ပေါ့ … ငါတော့ နင့်ကိုချစ်မိသွားပြီထင်တယ် ...


ကောင်မလေး : တကယ်လား ?? … ဒါပေမယ့် နင်ငါ့သူငယ်ချင်းကို မတွေ့ဖူးသေးလို့ပါ … သူကငါ့ထက် အများကြီးပိုလှပါတယ် … ဟော … ပြောရင်းဆိုရင်း နင့်နောက်ဘက်ကနေ လမ်းလျှောက်လာတာ သူပေါ့ …

(ကောင်လေးလည်း စိတ်ဝင်တစားနဲ့ နောက်ကိုလှည့်ကြည့်လိုက်တယ် … ဒါပေမယ့် ဘယ်သူ့ကိုမှ မတွေ့ဘူး)

ကောင်လေး : (စိတ်ဆိုးဟန်ဖြင့်) နင်က ငါ့ကို ဟာသလုပ်နေတာလား ?? ငါ့နောက်မှာ ဘယ်သူ့ကိုမှ မတွေ့ပါဘူး …

ကောင်မလေး : (ခေါင်းကိုခါလိုက်ပြီး) ဟာသလုပ်တာ မဟုတ်ဘူး … နင့်စိတ်ကိုသိချင်လို့ စမ်းလိုက်တာပါ … တကယ်လို့ နင်သာငါ့ကိုတကယ်ချစ်ရင် … ငါ့ထက်လှပါတယ်ဆိုတဲ့ သူငယ်ချင်းကို နင်စိတ်ဝင်တစား နောက်လှည့်ကြည့်နေမှာ မဟုတ်ဘူးလေ …

◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆

အချစ်ဆိုတာ လူတယောက်ရဲ့ အနက်ရှိုင်းဆုံး ခံစားမှုတွေကို ကိုယ့်နှလုံးသားနဲ့ ထွေးပွေ့ထားတတ်ခြင်းပါ …
အပေါ်ယံအမြင်နဲ့ နှစ်သက်သဘောကျရုံသက်သက် မဟုတ်ပါဘူး …

★ပိုးဟပ်ဖြူ★

နင့်ကိုချစ်မိသွားပြီထင်တယ်

Posted by : လက်တွဲဖော် 0 Comments

တချိန်တုန်းက တယောက်နဲ့တယောက် သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ် ။
မမျှော်လင့်ဘဲ တနေ့မှာ ကောင်မလေး သေဆုံးသွားခဲ့တယ် ။

အဲဒီအခါ ကောင်လေးက ယူကြုံးမရဖြစ်ပြီး အချိန်ရှိတိုင်း ကောင်မလေးကိုပဲ တမ်းတနေခဲ့တယ်။ ကောင်မလေးကိုလွမ်းတိုင်း နေ့တိုင်းနီးပါးကျနေရတဲ့
မျက်ရည်တွေခမ်းခြောက်ဖို့ သူ့ကိုယ်သူနှစ်သိမ့်ခဲ့သလို Joker တရုပ်အဖြစ်နဲ့လည်း အပူမျက်နှာကို ဟန်လုပ်ပြုံးပြရင်း လူတွေကိုပျော်ရွှင်အောင်လုပ်ပေးရင်းနဲ့ ဖြေသိမ

့်ခဲ့တယ်။
ဒါပေမယ့် မျက်ရည်တွေ ခြောက်ခမ်းသွားဖို့ကိုတော့ သူကိုယ်တိုင်အပြင် ဘယ်သူကမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ။

တနေ့ .. .. ..
ကောင်လေးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတုန်း အိပ်မက်ထဲမှာ သူ့ချစ်သူကောင်မလေးကို နတ်ပြည်မှာ တွေ့ခဲ့တယ်။ နတ်သမီးပေါင်းမြောက်မြားစွာနဲ့အတူ သူသိပ်ချစ်ရတဲ့ တဦးတည်းသော ချစ်သူလေးပေါ့ ။

နတ်သမီးတိုင်းလိုလို ရွှေရောင်ပြိုးပျက်တဲ့အဝတ်အစားတွေ ဝတ်ဆင်ထားကြပြီး လက်ထဲမှာ အလင်းရောင်ရှိတဲ့ ဖယောင်းတိုင်တစ်တိုင်စီ ကိုင်ဆောင်ထားကြတယ် ။

အဲဒီမှာ သူ သတိထားမိလိုက်တာက သူ့ချစ်သူကောင်မလေးက ရွှေရောင်ပြိုးပြိုးပျက်ပျက်ဝတ်စုံလေးကိုတော့ ဝတ်ဆင်ထားပါရဲ့ ။ ဒါပေမယ့် သူမ လက်ထဲက ဖယောင်းတိုင်က အလင်းရောင်ကင်းမဲ့နေတယ် ။

သူ .. ကောင်မလေးကို မေးလိုက်တယ် ။
" သဲ .. သူများတွေရဲ့ ဖယောင်းတိုင်တွေအကုန်လုံး အလင်းရောင်ရှိပါလျက်နဲ့ သဲရဲ့ဖယောင်းတိုင်ကျတော့ ဘာလို့ အလင်းရောင်ကင်းမဲ့နေရတာလဲ " တဲ့ ။ ။

ကောင်လေးရဲ့ အမေးစကားကို ကောင်မလေး ပြန်ဖြေခဲ့တယ် ။
" ကို .. နင်က ငါ့ရဲ့အလင်းရောင်လေးလေ ။ နင်ငိုနေမှတော့ ငါ့ဖယောင်းတိုင်လေးလည်း ဘယ်အလင်းရောင်ရှိနိုင်ပါ့မလဲ ။ နင် မငိုပါနဲ့နော် ။ " တဲ့ ♥





{မယ်ပိုး}

နင် မငိုပါနဲ့နော်

Posted by : လက်တွဲဖော် 0 Comments

ညတစ်ညမှာ ယောက်ျားတစ်ယောက် အရက်မူးမူးနဲ့ အိမ်ပြန်ရောက်လာပြီး ပစ္စည်းတွေကို ပစ်ပေါက်ရိုက်ခွဲနေရင်းက အော့အန်ပြီးတော့ ကြမ်းပြင်ပေါ်လဲကျသွားတယ် … သူ့မိန်းမက သူ့ကို ဆွဲထူပြီး အခန်းထဲပို့ပြီးတဲ့အခါ အန်ဖတ်တွေနဲ့ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းခဲ့တယ် …

နောက်တစ်နေ့မနက် ယောက်ျားနိုးလာတဲ့အခါမှာ မနေ့ညက အဖြစ်ကိုစဉ်းစားပြီး သူ့မိန်းမ သူ့ကို အရမ်းစိတ်ဆိုးဒေါသထွက်နေပြီလို့ ထင်နေတယ် … သူ့မိန်းမနဲ့ ရန်မဖြစ်ရပါစေနဲ

့လို့လည်း ဆုတောင်းနေတာပေါ့ …

ဒါပေမယ့် သူအိပ်ယာကနေ ထထိုင်လိုက်တဲ့အခါ ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့လိုက်တယ် …


“မနက်စာအတွက် ကို ကြိုက်တဲ့ မုန့်ဟင်းခါး စားပွဲပေါ်မှာ ပြင်ပေးထားတယ်နော် …
ဝယ်စရာတွေရှိလို့ ဈေးသွားလိုက်ဦးမယ် …
ကိုအလုပ်မသွားခင် အရောက်ပြန်လာခဲ့မယ် …
အရမ်းချစ်တယ် …”


စာကိုဖတ်ပြီးတဲ့အချိန်မှာ သူအရမ်းအံ့သြသွားပြီး သူ့သားကိုမေးလိုက်တယ် ..

“မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ??”

သားက ပြန်ဖြေလိုက်တယ် …


“မနေ့ညက အဖေအရမ်းမူးပြီး လဲကျသွားတဲ့အချိန်မှာ အမေ အဖေ့ကို အိပ်ယာထဲ တွဲခေါ်လာပြီး အဖေ့ ဖိနပ်တွေ အကျီင်္တွေ ချွတ်ပေးနေတုန်း အဖေက မျက်စိတောင် မဖွင့်နိုင်ဘဲ ပြောလိုက်တယ်လေ …

♥ ဟေ့ ကောင်မလေး!ငါ့ကို မထိနဲ့ … ငါ့တစ်ယောက်တည်း ထားခဲ့ … ငါ့မှာ အိမ်ထောင်ရှိတယ်!! ♥

တဲ့ …”


✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿


ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်ချစ်သူအပေါ် သစ္စာရှိပါ!!
သင်သာ သူ့ကို တကယ် တန်ဖိုးထားရင် သူလည်း သင့်တန်ဖိုးကိုသိပြီး သင့်ကို ပြန်တန်ဖိုးထားပါလိမ့်မယ်

ငါ့မှာ အိမ်ထောင်ရှိတယ်!

Posted by : လက်တွဲဖော် 0 Comments

 
"ချစ်တယ်" လို့တစ်ခွန်းပြောရုံနဲ့ အချစ်တစ်ခုက ပြီးပြည့်စုံတာမဟုတ်ဘူး ။
တစ်ယောက်ကိုတစ်ယောက် သတိရစေမယ့်အမှတ်တရမျိုးလေးတွေ ဖန်တီးတတ်ရတယ် ။
ဥပမာ - သူ့အတွက် ကိုယ်ကိုယ်တိုင်ကဗျာရေးပေးတာမျိုး သီချင်းစပ်ပေးတာမျိုး သူသဘောကျမယ့်ကိစ္စတစ်ခုခုကို အတူတကွလုပ်ဆောင်ပေးတာမျိုး ။ ♥ ။


Facebook မှာ Relationship တင်ရုံနဲ့ အချစ်တစ်ခုကပြီးပြည့်စုံတာ မဟုတ်ဘူး ။
ကိုယ်ချစ်တဲ့သူ သဘောကျနှစ်သက်စေမယ့် အရာလေးတွေလည်း ဖန်တီးပေးတတ်ရတယ် ။
ဥပမာ - နံနက်ခင်းတိုင်း သူ့ wall ပေါ်တက်ပြီး ♥ morning my love ♥ လို့နှုတ်ဆက်ပေးတာမျိုး သူရေးတဲ့စာလေးတွေ ကဗျာလေးတွေ သူတင်တဲ့ဓါတ်ပုံလေးတွေကို ဂရုတစိုက်နဲ့ comment ပေးပေးတာမျိုး ။ ♥ ။


ကိုယ့်ချစ်သူကို အရမ်းချစ်လို့ တန်ဖိုးထားလို့ သူ့ကိုသဝန်တိုနေရုံနဲ့ အချစ်စစ်တစ်ခုဖြစ်လာမှာ မဟုတ်ဘူး ။
တချို့ကိစ္စရပ်တွေက သည်းခံသင့်ရင် သည်းခံပြီး ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်ပေးရတယ် ။ ယုံကြည်ပေးရတယ် ။ အရာရာမှာချုပ်ချယ်နေရုံနဲ့တော့ သာယာတဲ့အချစ်တစ်ခုဖြစ်လာမှာ မဟုတ်ဘူး ။ ♥ ။


တကယ်တော့ ..
"အချစ်စစ်" တစ်ခုဖြစ်တည်ဖို့အတွက် "နားလည်ခွင့်လွှတ်တတ်မှု" နဲ့ "ယုံကြည်မှု" ပဲ လိုတာပါ ။ ။






{မယ်ပိုး}

"ချစ်တယ်"

Posted by : လက်တွဲဖော် 0 Comments

ချစ်သူနဲ့ အဆင်ပြေချင်ရင် ဒါလေးတွေကို ရှောင်
--------------------------------------------------

(၁) “တော်ပြီ… နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”

ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေချာရင်… ဟန်ဆောင်ပြီး လမ်းခွဲမယ်ဆိုတဲ့စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုရင်… သူတော်တော်ခံစားရပါတယ်… ဒီစကားက သူမကြားချင်ဆုံးစကားပါပဲ… ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲလာတတ်တယ်…



(၂) “အရင်ရည်းစားကို ဘယ်လောက်ထိချစ်ခဲ့လဲဟင်”

ချစ်သူရဲ့  အရင်ရည်းစားအကြောင်းကို ခဏခဏမမေးမိပါစေနဲ့… သူစိတ်ရှုပ်လာတတ်တယ်… ငါ့ချစ်သူက ငါ့ကို ဒီလောက်တောင်မယုံဘူးလား… နားမလည်ပေးနိုင်ဘူးလားဆိုပြီး တွေးလာတတ်တယ်… သိထားသင့်ရုံလောက်မေးထားသင့်ပါတယ်… ခဏခဏ စိတ်ရှိတိုင်း လိုက်လိုက်ပြီး မမေးပါနဲ့ … တော်ကြာကိုယ့်ကြောင့် သူ့အရင် ရည်းစားအကြောင်းပြောပြရပါများပြီး ... စိတ်ပြန်လည်သွားမှ ဒုက္ခ…



(၃) ကိုယ့်ချစ်သူကို လူ့ရှေ့သူ့ရှေ့မှာ မအော်မိပါစေနဲ့ … မဆူမိပါစေနဲ့

ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မာနကမသေးဘူး … သူတို့ ဘယ်လောက်မှားနေမှားနေ မအော်သင့်ပါဘူး… သူတို့ကို သိက္ခာကျစေတဲ့အတွက် ကိုယ့်ကို စိတ်နာသွားတတ်တယ်… ပြီးတော့ကိုယ့်ကိုလည်း အဆင့်မရှိတဲ့လူ လို့ထင်သွားတတ်ပါတယ် …



(၄) ကိုယ့်ချစ်သူကျူးလွန်ခဲ့တဲ့ အရင်က အပြစ်တွေကို ခဏခဏ ပြန်မပြောမိပါစေနဲ့

ကိုယ့်ကိုရော အရင်က အပြစ်တွေ ခဏခဏ ပြန်ပြန်ပြီး လာပြောနေရင်ကြိုက်မလား… ဘယ်ကြိုက်မလဲ … စိတ်ညစ်တာပေါ့… သူတို့လဲ ဒီလိုပဲ… ကိုယ်က ပွစိပွစိနဲ့ အရင်က ဟာတွေပြန်ပြန် ပြောနေရင် စိတ်ညစ်ကြမှာပါ …



(၅) “ဒါလေးတောင် မသိဘူးလား” (သို့) “ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့”

ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ အားမလို အားမရ ဖြစ်ဖြစ် ဒီလိုပြောလိုက်ရင် သူစိတ်ထိခိုက်သွားလိမ့်မယ်… သူ့ကို ဘယ်နည်းနဲ့မှ အထင်သေးတဲ့ စကားမျိုး မပြောမိစေနဲ့… ကိုယ်သူ့ကို တကယ်ချစ်တယ် ဆိုရင် သူ့ကို တန်ဖိုးထားပြီး လေးစားသင့်ပါတယ် ...



(၆) ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ဒေါသဖြစ်နေနေ မဆဲမိပါစေနဲ

ရှေ့မှာ ပြောခဲ့သလိုပဲ တကယ်ချစ်ရင် တန်ဖိုးထားသင့်ပါတယ် … သူကတချိန်ချိန်မှာ ကိုယ့်ရဲ့  အိမ်ထောင်ဖက် ဖြစ်မှာလေ… (ရည်ရွယ်ထားရင်ပေါ့) ဒီတော့ တယောက်ကို တယောက် လေးလေးစားစား ဆက်ဆံတာ အကောင်းဆုံးပါပဲ…



(၇) “နင်နဲ့ ချစ်သူဖြစ်ပြီးကတည်းက ငါ့မှာ သူငယ်ချင်းကို သိပ်မရှိတော့ဘူး … အဲဒါ နင့်ကြောင့် ”

သူနဲ့ ချစ်သူဖြစ်ပြီးတဲ့နောက် သူ့အတွက်ပဲ အချိန်တွေပေးဖြစ်ပြီး ကိုယ်က သူငယ်ချင်းတွေနဲ့ အဆက်အဆံကြဲသွားတတ်ပါတယ် … အဲဒါ ကိုယ့်ချစ်သူကြောင့်လို့ အပြစ်မတင်သင့်ဘူး ... ဘာလို့လဲ ဆိုတော့ သူ့ကို ချစ်လို့ ကိုယ်ပြောင်းလဲသွားတာလေ… သူက အတင်း သူငယ်ချင်းတွေကို မပေါင်းရဘူးဆိုပြီး ဖြတ်ခိုင်းတယ် ဆိုရင်တော့ တမျိုးပေါ့…



(၈) “ကိုကလေ တခါတခါ အခြောက်နဲ့တူတယ် သိလား”

ဒါကတော့ မိန်းကလေးများအတွက် အထူးသတိပြုစရာပါ ... တခါတလေ ကိုယ့်ကောင်လေးက အခြောက်နဲ့ တူသွားတဲ့ အပြုအမူတချို့  ရှိမှာပါ … ဒါပေမယ့် အခြောက်နဲ့ တူတယ်လို့ သွားပြောလိုက်ရင်တော့ မကောင်းပါဘူး … သူငယ်ချင်းတွေကြားထဲဆို ပိုဆိုးတာပေါ့ ... သူ့ကို စော်ကားရာရောက်ပြီး သူစိတ်ဆိုးသွားလိမ့်မယ်… တကယ်ခြောက်နေတဲ့ လူတချို့  တောင် သူတို့ကို အခြောက်နဲ့ တူတယ်လို့ ပြောရင် မကြိုက်ကြပါဘူး…



(၉) ကိုယ့်ချစ်သူရဲ့  ဆွေမျိုးတွေ မိဘတွေ မကောင်းကြောင်း ဘယ်တော့မှ မပြောမိပါစေနဲ့ …

တကယ်မကောင်းလို့ ပါးစပ်ကနေထုတ်ညည်းချင်တယ်ဆိုရင်တောင် သူ့ရှေ့မှာ မညည်းမိပါစေနဲ့… သူ့ဆွေမျိုး သူ့မိဘကို ကိုယ့်ဆွေမျိုး ကိုယ့်မိဘလိုပဲ သဘောထားပေးပါ …



(၁၀) ကိုယ့်ချစ်သူကို ဘယ်သူနဲ့မှ မနှိုင်းပါနဲ့ ...

ကိုယ့်ချစ်သူကို ကိုယ့်ရဲ့  သူငယ်ချင်းတွေနဲ့ မနှိုင်းပါနဲ့ ... ကိုယ့်သူငယ်ချင်းရဲ့  ရည်းစားတွေနဲ့လည်း မနှိုင်းနဲ့ … ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မနှိုင်းပါနဲ့ … တယောက်ယောက်နဲ့ခိုင်းနှိုင်းပြီး ပြောခံရခြင်းက သူ့ရင်ကို နာကျင်စေပါလိမ့်မယ် ...

★ပိုးဟပ်ဖြူ

ချစ်သူနဲ့ အဆင်ပြေချင်ရင်

Posted by : လက်တွဲဖော် 0 Comments

ညီမလေးရေ ...

ကိုယ်မကြုံဖူးတဲ့ အတွေ့အထိတွေ အယုအယတွေကြောင့် တစ်သက်လုံး တန်ဖိုးရှိရှိ ထိန်းသိမ်းလာတဲ့ ညီမလေးရဲ့ အပျိုစင်ဘ၀ကို မဆုံးရှုံးစေနဲ့!!

ချစ်သူဆိုတာ ဆုံးရှုံးသွားရင် အစားပြန်ရနိုင်ပေမယ့် ညီမလေးရဲ့ အပျိုစင်ဘ၀ကတော့ ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်ဘူး ...


တစ်သက်လုံး ထိန်းသိမ်းလာခဲ့ပြီးမှ တဒင်္ဂလေးနဲ့ မဖျက်ဆီးလိုက်မိစေနဲ့!!

ညီမလေးရဲ့ အပျိုစင်ဘ၀လေး ပျက်စီးသွားတဲ့ နောက်ကွယ်မှာ မကောင်းတဲ့ အကျိုးဆက်တွေက ညီမလေးကို စောင့်ကြိုနေလိမ့်မယ် ...

✿ ညီမလေးရဲ့ ပတ်ဝန်းကျင်အလယ် လူ့အသိုင်းအ၀ိုင်းအလယ်မှာ အရင်လို စိတ်သန့်သန့်နဲ့ ခေါင်းမော့ပြီး နေနိုင်ဖို့ ခက်ခဲလိမ့်မယ် ...

✿ အရင်ကရှိတဲ့ self-confidence တွေ ပျောက်ဆုံးကုန်လိမ့်မယ် ...

✿ အရေးအကြီးဆုံးက မတော်တဆ ကိုယ်ဝန်တွေ ဘာတွေ ရှိလာခဲ့ရင် ညီမလေးအတွက် ဘ၀ပျက်မတတ်အခက်အခဲတွေနဲ့ ရင်ဆိုင်လာရလိမ့်မယ် ...

အဲ့ဒီအခါ ညီမလေးဒုက္ခရောက်မယ့်လမ်းရယ် အပြစ်မရှိတဲ့ လူသားတစ်ဦး ဒုက္ခရောက်ရမယ့် လမ်းရယ် ... ဒီနှစ်လမ်းပဲ ညီမလေးရွေးခွင့်ရှိတော့မယ် ...

ညီမလေး စိတ်ဆင်းရဲခံချင်မှာမဟုတ်သလို လူသတ်သမားလည်း ဖြစ်ချင်မှာ မဟုတ်ပါဘူး ...

ဒါကြောင့် ....

ကိုယ့်ကိုကိုယ် ထိန်းနိုင်အောင် ကြိုးစားပါ ညီမလေးရယ် ...

ဘာမဟုတ်တဲ့ ခံစားမှုတွေကြောင့် ညီမလေးရဲ့ ဘ၀မပျက်ပါစေနဲ့ ...

ညီမလေးရဲ့ မိဘတွေလည်း မျက်ရည်မကျရစေနဲ့ ...

ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်တဲ့ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတစ်ယောက် ဖြစ်ပါစေကွယ် ♥♥♥


( Facebook ပေါ်မှ ညီမငယ်များ အားလုံးအတွက်!! )

ညီမလေးရေ ...

Posted by : လက်တွဲဖော် 0 Comments

✿ ညီမလေးရေ ...

ပိုက်ဆံ ၃၀၀ လောက်ရှိရုံနဲ့ အင်တာနက်သုံးလို့ရတဲ့ ခေတ်ကြီးထဲမှာ ( သူ့အပြင်လက်တွေ့ဘ၀အကြောင်း ဘာမှမသိဘဲ သူပြောသမျှပဲ သိရရုံနဲ့ ) Online ပေါ်က လူတစ်ယောက်ကို မျက်လုံးစုံမှိတ်ပြီး မယုံလိုက်နဲ့!!

ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်အဆင့်အတန်းနဲ့ကိုယ်နေတဲ့ ညီမလေး ... အဆင့်အတန်းမရှိတဲ့ မတော်တရော်တွေနဲ့ ချစ်ကြိုက်မိမှာ စိုးလို့ပါ ...


✿ ညီမလေးရေ ...

ကိုယ့်ဘေးက လူတွေကိုတောင် ယုံလို့မရတဲ့ ခေတ်ကြီးထဲမှာ တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို ရာနှုန်းပြည့် မယုံကြည်လိုက်နဲ့!!

အာမခံချက်မရှိတဲ့ ချစ်ခြင်းတစ်ခုအတွက် ညီမလေး ခံစားရမှာ စိုးလို့ပါ ...

✿ ညီမလေးရေ ...

အချိန်ဆိုတာ ပြန်အစားမရနိုင်တဲ့ လောကကြီးမှာ နီးစပ်ဖို့မသေချာတဲ့ လူတစ်ယောက်အတွက် Online ပေါ်မှာပဲ အအိပ်ပျက် အစားပျက် အချိန်မဖြုန်းမိစေနဲ့!!

ဘ၀ရှေ့ရေးအတွက် ကြိုးစားသင်ယူနေတဲ့ ညီမလေးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ အလဟဿဆုံးရှုံးမှာ စိုးလို့ပါ ...

✿ ညီမလေးရေ ...

ကိုယ့်အသားပါတာမှ မဟုတ်ဘဲဆိုပြီး Online ပေါ်မှာ ရည်းစားအများကြီး မထားပါနဲ့ ... Facebook ပေါ်မှာလည်း Relationship တွေ ခဏခဏ မချိန်းပါနဲ့!!

ရည်းစားများတာ ဂုဏ်ယူစရာမဟုတ်တဲ့အတွက် နောက်ကွယ်မှာ ညီမလေးကို သူများတကာ လက်ညှိုးထိုး မေးငေါ့ကြမှာ စိုးလို့ပါ ...
"လူတိုင်းလက်လှမ်းမီတဲ့ ပစ္စည်းဟာ ဈေးပေါတဲ့ပစ္စည်း" ဆိုတာလည်း ညီမလေး မမေ့နဲ့လေ ....


( Facebook ပေါ်မှ ညီမငယ်များ အားလုံးအတွက်!! )

ညီမလေးရေ ...

Posted by : လက်တွဲဖော် 0 Comments

ကောင်မလေးတယောက်
ကောင်လေးတယောက်ကိုတကယ်ချစ်ရင်
ဘယ်လောက်ခမ်းနားတဲ့လူ
လာချဉ်းကပ်ချဉ်းကပ် စိတ်မကစားဘူး

ကောင်လေးတယောက်
ကောင်မလေးတယောက်ကိုတကယ်ချစ်ရင်
ဘယ်လောက်ချောတဲ့လူက
အခွင့်အရေးပေးပေးမသာယာတတ်ဖူ

သင့်အပေါ်သစ္စာရှိရှိနဲ့ချစ်တဲ့လူဆိုတာ
ဘယ်လောက်အခွင့်အရေးပေးပေးစိတ်မကစားတတ်ဘူး

သင့်ကိုတကယ်မချစ်တဲ့လူကျတော့ အခွင့်အရေးမရှိတောင်
တမင်အခွင့်အရေးတွေကိုလိုက်ရှာပြီးဖောက်ပြန်နေတတ်တယ်





ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး

တကယ်ချစ်ရင်

Posted by : လက်တွဲဖော် 0 Comments

နင် စိတ်တိုတိုင်း
စိတ်တိုင်းမကျတိုင်း ၊သ၀န်တိုတက်တိုင်း နင်ဆူပူတက်ပေမယ့်
နင်ကျေနပ်သွားချိန်ဆို ငါ့ မျက်နှာပြန်ကြည့်ပြီး
" မျက်နှာက ဘာလို့ပျက်နေတာလဲ အသံက
ဘာလို့ သာသာယာယာမရှိတော့တာလဲ ဘာဖြစ်တာလဲ "လို့
ဂရုတစိုတ် နင်ပြန်မေးရင်...အပြုံးမျက်နှာနဲ့ ခေါင်းမော့ပြီး
"ရပါတယ်..ဘာမှမဖြစ်ဘူး" ဆိုတာ ငါပြောနေကျပါပဲ......။

တခါတရံမှာ မိန်းကလေးတွေဟာ
ကိုယ့်ရဲ့ စိတ်ဆန္ဒထက်
သူချစ်သူ့ အပေါ်မှာထားတဲ့ ပျော်ရွှင်စေလိုတဲ့စိတ်ဆန္ဒကို
ပိုအလေးထားပေးတက်ကြတယ်..........။
မသိဟန်ဆောင်ပြီးလည်း နားလည်မှု့ ပေးတက်ကြတယ်...........။
ဝမ်းနည်းအားငယ်မှုကိုလည်း ဖုံးကွယ်တက်ကြတယ်................။
ကြေကွဲနာကျင်မှု့ကိုလည်း သိုဝှက်တက်ကြတယ်............။
ဒါပေမယ့် ...ဘယ်သူမှ မမြင်နိုင်တဲ့တနေရာမှာတော့
တစ်ယောက်တည်းတိတ်တဆိတ် ငိုကြွေးနေတက်ပါတယ်..။


ရန်ဖြစ်စကားများချိန်မှာ
အနိုင်ရလိုစိတ်တစ်ခုနဲ့ သင်ပြောလိုက်တဲ့
စကားတခွန်း၊သင့်ရဲ့အမှတ်မထင်အပြုအမူတချို့ ဟာ
သင့်ချစ်သူမိန်းကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ
တခါတလေ နက်နက်ရှိုင်းရှိုင်း
ဝမ်းနည်းထိခိုက် သွားစေနိုင်တယ်ဆိုတာကို သင် မေ့ထားလို့မရပါဘူး..။

သင်က သ၀န်တိုလို့ ပြောလိုက်တာ ဖြစ်ဖြစ်၊
စိတ်တိုလို့ အော်ငေါက်မိတာဖြစ်ဖြစ်၊
စိတ်တိုင်းမကျလို့ ဆူပူမိတာ ဖြစ်ဖြစ်၊
သင် ပြုမှုတဲ့ အပြုမှုဟာ ကိုယ့်ချစ်သူ မိန်းကလေးအပေါ်
ချစ်လို့ ပြောမိတာ ဆိုပေမယ့် အတက်နိုင်ဆုံးတော့ သတိထားသင့်ပါတယ်..။

ဘာလို့လဲဆိုတော့ မိန်းကလေးအများစုဟာ
ချစ်သူ တစ်ယောက်ကို ချစ်မိရင်.......

မျော်လင့်ချက်တွေနဲ့ ဘ၀ကိုတည်ဆောက်ချင်သလို
နားလည်မှု့တွေနဲ့လည်း ဘ၀ ကို ဖန်ဆင်းပေးချင်ကြတာပါ..။

မာန တရားတွေ ကွယ်ဝှက်လိုက်သလို
သစ္စာတရားတွေနဲ့ နှစ်ယောက်အတူရှိချင်ကြတာပါ...။

နာကျင်မိတဲ့အချိန်တိုင်း ထိန်းချုပ်ဟန်ဆောင်ဖုံးကွယ်ကြသလို
ဝမ်းနည်းကြေကွဲမှု့တိုင်းကိုလည်း မြိုသိပ်တက်ကြတာပါ..။

သင့်ချစ်သူ မိန်းကလေးကို တကယ်ချစ်တယ်ဆိုရင်
သူနဲ့ ထပ်တူခံစား နားလည်ပေးနိုင်သောသူ ဖြစ်အောင်
နေထိုင်သင့်ပါတယ်...။

မိန်းကလေးတွေဟာ

Posted by : လက်တွဲဖော် 0 Comments
GOthere Myanmar Lucky Draw မှ FaceBook ပေါ်တွင် Like မည့်အစီအစဉ် ပါ


၁) FaceBook search box မှ GOthere Myanmar Community ကို ရှာပါ။ (မှတ်ချက် GOthere Myanmar Page မဟုတ်ပါ၊ GOthere Myanmar Community Page ဖြစ်ပါသည်။)
၂) ထိုပုံအား FaceBook မှ

သူငယ်ချင်းများLIKE လုပ်ခိုင်းပေးပါ ကျေးဇူးတင်ပါသည်

၃)ထိုဓာတ်ပုံအား LIKE လုပ်မည့်သူများသည်လည်း GOthere Myanmar Community Page ကို LIKE လုပ်ရပါမည်။
 
http://www.facebook.com/photo.php?fbid=541870629172624&set=a.199000216793002.57892.100000490744350&type=1&relevant_count=1
 
 https://www.facebook.com/GOthereMyanmarCommunity

၂ခု like လိုက်ပေးရမှာဖြစ်ပါသည် ဘုရားပုံတော်ရယ် GOthere Myanmar Community Page ရယ်ဖြစ်ပါသည် ..ကျေးဇူတင်ပါသည်
သူငယ်ချင်းကူညီပေးကြပါရန် တောင်းဆိုပါသည်



မရှင်းတာရှိရင် kothu1987@gmail.com ၀၉၄၃၁၇၉၉၈၅ ကိုဖုန်း
ဆက်ပီးမေးမြန်းနိုင်ပါသည်
 
 

LIKE လုပ်ပေးကြပါခင်ဗျာ

Posted by : လက်တွဲဖော် 0 Comments

ငါ့ကို စွဲစွဲမြဲမြဲ တစ်သက်လုံးမှတ်ထားပါလို့ မတောင်းဆိုပါဘူး
နင့်ဘဝထဲ ငါရောက်ခဲ့တယ်ဆိုတာကိုပဲ မှတ်ထားပေးပါ

ပခုံးချင်းရှပ်တိုက်သွားတဲ့လူတိုင်း ရင်းနှီးခွင့်ရကြတာမဟုတ်ဘူး
ခင်မင်တဲ့လူတိုင်းလည်း လက်ချင်းတွဲထားနိုင်ကြတာမဟုတ်ဘူး

အနည်းဆုံးတော့ ဒီဘဝ အဲဒီနေရာလေးမှာ
ငါတို့ တွေ့ခဲ့ကြတယ်၊ ငါတို့ ရင်းနှီးခဲ့ကြတယ်

အပြောကျယ်တဲ့ဒီလောကကြီးထဲ နင်နဲ့သိခွင့်ရခဲ့တာ ဝမ်းသာတယ်
နင်နဲ့ချစ်ခွင့်ရခဲ့လို့ ကျေးဇူးတင်တယ်

မမေ့ပါနဲ့. . . နင့်ဘဝထဲ ငါရောက်ခဲ့ဖူးတယ်

မမေ့ပါနဲ့.

Posted by : လက်တွဲဖော် 0 Comments

အစထဲကဘာလို့

ငါ့ကိုချစ်တယ်လို့ပြောခဲ့တာလဲ.......


ဘာလို့ကော အမှတ်ရစေမဲ့



အမှတ်တ၇တွေကို ဖန်တီးပေးခဲ့ရတာလဲ......


ငါ့ဘက်ကအရာအားလုံး


နင့်အပေါ်နားလည်ပေးခဲ့ရတာတောင်


ငါပြန်ရလိုက်တာက နင့်ရဲ့


မုသားတွေနဲ့ပြည့်နှက်နေတဲ့ နင့်ရဲ့


နှလုံးသားတစ်စုံပါဘဲ.........


နင် လိမ်ညာနေတာကို သိရဲ့သားနဲ့


မသိသလို ဟန်ဆောင်နေရတဲ့


ငါ့နှလုံးသားကို နင်........


သနားညှာတာရကောင်းမှန်း မသိခဲ့ဘူးနော်...


"နင့်ကိုချစ်တယ်" လို့ပြောတဲ့သူတွေအားလုံးထက်



ငါကအဆပေါင်းများစွာ


"နင့်ကိုချစ်တယ်လို့" ပြောရင် နင်ယုံမှာမဟုတ်ပါဘူး


အခုတော့.......နင်ထားခဲ့တဲ့ငါက


နင်ပေးခဲ့တဲ့အလွမ်းတွေထဲမှာနစ်မြှပ်နေတာ.......


ရေးသားသူ amonemyotthu

"နင့်ကိုချစ်တယ်"

Posted by : လက်တွဲဖော် 0 Comments


***** အချစ်တစ်ခုတည်း *****

 ပန်းကလေး တစ်ပွင့်ကြောင့်
ကမ္ဘာကြီးတစ်ခုလုံး
မမွှေးနိုင်ပါဘူး.......
ချစ်သူ
နှင်းကလေး တစ်စက်ကြောင့်
ကမ္ဘာကြီးတစ်ခုလုံး
မအေးမြ နိုင်ပါဘူး
ချစ်သူ
ပိုးစုန်းကြူးလေးရဲ့
အလင်းရောင်ကြောင့်
ကမ္ဘာကြီးတစ်ခုလုံး
မထွန်းလင်း စေနိုင်ပါဘူး
ချစ်သူ.......
လောကကြီးမှာ ဘယ်အရာမှ
တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ပေမယ့်
ငယ့်အတွက်တော့
နင့်ရဲ့
အချစ်တစ်ခုတည်းနဲ့ကို့ဘဝ
ပြည့်စုံနိုင်ပါတယ် ချစ်သူရယ်...... ။ ။

အချစ်တစ်ခုတည်း

Posted by : လက်တွဲဖော် 0 Comments

တစ်ခါတစ်လေ နင့်ကို တမင်မဆက်သွယ်ပဲ ပစ်ထားကြည့်တယ် ...
နင်များငါမရှိရင် မနေနိုင်ပဲ။ ငါ့ကို စပြီးဆက်သွယ်မလားလို့ပါ
ဒါပေမယ့် စမ်းသပ်တိုင်း နင်မရှိရင် ငါမနေနိုင်ဘူးဆိုတာ ပိုပြီး သေချာလာတယ် ။

တစ်ခါတစ်လေ

Posted by : လက်တွဲဖော် 0 Comments

ချစ်သူ နင့်ဘက်ကပြောင်းလဲနေတယ်ဆိုတာသတိထားမိရဲ့လား ...

တစ်ချိန်က ငါ အသံကျယ်ကျယ်ပြောတော့ ပွင့်လင်းတယ်တဲ့ အခုတော့ နင့်ကိုရန်လိုတယ်လို့ထင်နေပြီ

တစ်ချိန်က ငါ နင့်ကိုဘယ်သူနဲ့မှစိတ်မချပဲသ၀န်တိုတော့ အဲ့လောက်တောင်ချစ်တာပဲလားတဲ့ အခုတော့ အလကားနေရင်း စွပ်စွဲနေတယ်လို့ထင်နေပြီ

တစ်ချိန်က ငါ စိတ်ကောက်ပြီးဖုန်းချရင် မရမချင်းပြန်ခေါ်ပြီးလေပြေသွေးတယ် အခုတော့ မက်စေ့လေးတစ်ကြောင်းပို့တယ် ... ( နင့်ဘက်ကဖုန်းအရင်ချတာနော် ) တဲ့

နင့်ဘက်ကပြောင်းလဲနေတယ်

Posted by : လက်တွဲဖော် 0 Comments

တကယ့်အချစ်ဆိုတာ
အချိန်ကို အောင်နိုင်ရတယ်
နှစ်လရက်တွေကို ထိန်းထားနိုင်ရတယ်
ခွဲခွာခြင်းကို ကြံ့ကြံ့ခံနိုင်ရတယ်
လွမ်းဆွတ်ခြင်းကို တောင့်ခံနိုင်ရတယ်


ပါးစပ်က ချစ်တယ် ချစ်တယ်ပြောပြီး သင်နဲ့တဖြေးဖြေးဝေးဝေးသွားရင် ဒါဟာ လိမ်ညာတာပဲ
တကယ်ချစ်တယ် တကယ်ချစ်တယ်ဆိုပြီး ဘာဆင်းရဲဒုက္ခမှမခံနိုင်ရင် ဒါဟာ လှည့်စားတာပဲ
တကယ့်အချစ်ဆိုတာ နောက်ဆုံးရလဒ်နဲ့ အဖြေထုတ်တယ်
အဖြေထုတ်စရာမရှိရင်တော့ ဒါဟာ ချစ်ခဲ့ဖူးတာပဲရှိမယ်
တကယ်ချစ်တာမှ မဟုတ်ခဲ့တာ....

တကယ့်အချစ်ဆိုတာ

Posted by : လက်တွဲဖော် 0 Comments

လွမ်းတယ် ဆိုတဲ့ စကားထက် ပိုလွမ်းတယ် ...
ချစ်တယ် ဆိုတဲ့ စကားထက် ပိုချစ်တယ်...
တခါတလေကျရင် ခံစားချက်ကို ဖော်ပြဖို့ စကားလုံးဆိုတာတွေနဲ့ မလုံလောက်တော့ဘူး...
နှလုံးသားထဲကထွက်လာတဲ့ အနက်ရှိုင်းဆုံးခံစားချက်အတွက် သက်သေပြဖို့ ထိုက်တန်တဲ့ စကားလုံးမရှိနိုင်ပါဘူး ...
ဒါကြောင့် ငါ့နှလုံးသားရဲ့ခံစားချက်ကို မင်းနှလုံးသားနဲ့ခံစားပြီးဘာသာပြန်လှည့်ပါ ...
ငါနဲ့ရင်ခုန်သံချင်းထပ်တူညီရင်တော့ မင်းနားလည်နိုင်မှာပါ ...

လွမ်းတယ် ဆိုတဲ့

Posted by : လက်တွဲဖော် 0 Comments

 
ဒါလေးကတော့ Love Test လေးပါ ...
စာရွက်လေးထဲမှာ အဖြေကိုရေးထားပြီး နောက်မှ ဖြေရှင်းချက်လေးနဲ့ ပြန်တိုက်ကြည့်ကြနော် ...
ကဲစပါပြီ ...

အခု မင်းရဲ့ချစ်သူအိမ်ကို လမ်းလျှောက်နေတယ်လို့ စိတ်ကူးထားလိုက်ပါ ...

၁)
မင်းကအခုမင်းရဲ့ချစ်သူအိမ်ကိုလမ်းလျှောက်ပြီးသွားနေပါတယ်။ မင်းချစ်သူရဲ့အိမ်ကိုသွားဖို့ လမ်းနှစ်လမ်းရှိတယ်တဲ့။
တစ်လမ်းကတော့ - ဖြောင့်ဖြောင့်တန်းတန်းသွားရမယ့်လမ်းလေးပါ။ မင်းချစ်သူရဲ့အိမ်ကို မြန်မြန်ရောက်သွားနိုင်တယ်။ ဒါပေမယ့် လမ်းမှာ ဘာမှလဲမရှိဘူး။ ပျင်းဖို့ကောင်းတဲ့လမ်းလေးပေါ့။
နောက်တစ်လမ်းကတော့ - ကွေ့ပတ်ပြီးတော့သွားရမယ်။ လမ်းမှာတော့ စိတ်ဝင်စားစရာအပြည့်ပေါ့။ ရှုခင်းလေးတွေလဲလှတယ်။ ဒါပေမယ့် မင်းချစ်သူရဲ့အိမ်ကိုရောက်ဖို့ အချိန်တော့နဲနဲကြာလိမ့်မယ်တဲ့။
ကဲ ...
မင်းဘယ်လမ်းကိုရွေးမလဲ? တိုတဲ့လမ်းလား / ရှည်တဲ့လမ်းလား?

၂)
သွားနေရင်း လမ်းခရီးတစ်နေရာမှာ နှင်းဆီပန်းခင်း နှစ်ခင်းကိုတွေ့လိုက်ရတယ်တဲ့။ ပထမတစ်ခင်းက အဖြူရောင်နှင်းဆီတွေပဲ ပွင့်နေကြတယ်။ ဒုတိယတစ်ခင်းက အနီရောင်နှင်းဆီတွေပဲပွင့်နေတယ်တဲ့ ..။
မင်းက အဲဒီ့နှင်းဆီပန်းတွေထဲက ၁၀ပွင့်ကို မင်းချစ်သူကိုလက်ဆောင်ပေးဖို့ခူးသွားမယ်လို့စိတ်ကူးလိုက်တယ်။
မင်းဘယ်အရောင်ကိုဘယ်နှစ်ပွင့်စီယူသွားမယ်စိတ်ကူးလဲ။
(အဖြူနဲ့အနီ အရောလဲ ရသလို .. အကုန်အဖြူ အကုန်အနီဆိုလဲ ရပါတယ်)

၃)
နောက်ဆုံးမှာ မင်းချစ်သူရဲ့အိမ်ကိုရောက်သွားပါပြီ။ တံခါးဘဲလ်ကို တီးလိုက်တော့ အိမ်အကူအဒေါ်ကြီးက ပြန်ထူးသတဲ့။
မင်းအိမ်ထဲကိုဝင်လိုက်တယ်။ ချစ်သူက စာဖတ်ခန်းမှာ စာဖတ်နေတယ်တဲ့။
အိမ်အကူအဒေါ်ကြီးကို မင်းချစ်သူကိုခေါ်ပေးဖို့ပြောမလား / မင်းဟာမင်း မင်းချစ်သူကို သွားခေါ်မလား။

၎)
ပြီးတော့ မင်းက မင်းချစ်သူရဲ့အခန်းဆီတက်သွားတယ်တဲ့။ အခန်းထဲမှာ ဘယ်သူမှမရှိဘူး။ မင်းယူလာတဲ့ နှင်းဆီတွေကို မင်းချစ်သူအခန်းထဲက ပြတင်းပေါက်ဘောင်မှာပဲဖြစ်ဖြစ် အိပ်ယာပေါ်မှာပဲဖြစ်ဖြစ် တင်ထားလို့ရနိုင်တယ်။
မင်းဘယ်မှာထားခဲ့မလဲ။ အိပ်ယာပေါ်လား / ပြူတင်းပေါက် ဘောင်မှာလား။

၅)
မင်းချစ်သူနဲ့ စကားကောင်းနေလိုက်တာ အချိန်တော်တော်လင့်သွားပါပြီ။ ဒါကြောင့် ပြန်ဖို့နောက်ကျနေတော့ ချစ်သူအိမ်မှာပဲ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။
ကဲ... အခုတော့ .. အိပ်ယာဝင်ဖို့အချိန်ရောက်ပါပြီ။ မင်းနဲ့မင်းချစ်သူဟာ တစ်ခန်းစီ အိပ်ကြပါတယ်။ မင်းမနက်နိုးလာတဲ့အခါမှာ မင်းချစ်သူရဲ့အခန်းကိုသွားပြီး ချစ်သူကိုသွားကြည့်တယ်။ အခန်းထဲကို ၀င်လိုက်တဲ့အချိန်မှာ ..
မင်းချစ်သူဟာ နိုးနေပြီလား / အိပ်နေတုန်းလား။

၆)
အခု အိမ်ပြန်ဖို့အချိန်ရောက်ပါပြီ။ အပြန်လမ်းမှာ ထုံးစံအတိုင်းပဲ လမ်းနှစ်သွယ်ကိုပြန်ရွေးရပါဦးမယ်။ လျှင်လျှင်မြန်မြန်ပြန်နိုင်ပေမယ့် ပျင်းဖို့ကောင်းတဲ့လမ်းကို အပြန်လမ်းအဖြစ်ရွေးမလား။ နဲနဲကြာနိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ လမ်းလေးကိုပဲ

အပြန်လမ်းအဖြစ်ရွေးမလား။
.
.
.
ကဲပြီးပါပြီ.. အဖြေတွေနဲ့ရှင်းလင်းချက်တွေကို ဖတ်လို့ရပါပြီ .. (^_^) ..
.
.
.
၁)
မင်းချစ်သူဆီကိုသွားဖို့ ဘယ်လမ်းကိုရွေးချယ်လိုက်ပါသလဲ?
အဲဒီ့လမ်းတွေက မင်းရဲ့ ချစ်ကျွမ်းဝင်နိုင်မှု အနေအထားကိုဖော်ပြနေပါတယ်။
လမ်းတိုလေးကိုရွေးလိုက်မယ်ဆိုရင် လူတစ်ယောက်ကို လျှင်လျှင်မြန်မြန် လွယ်လွယ်ကူကူနဲ့ ချစ်သွားတတ်တဲ့ စိတ်မျိုးရှိတဲ့သူပါ။
လမ်းအရှည်ကိုရွေးလိုက်ရင်တော့ မင်းဟာ လူတစ်ယောက်ကိုချစ်မိသွားနိုင်ဖို့ အချိန်တော်တော်ယူရတယ်တဲ့။ လွယ်လွယ်ကူကူနဲ့ချစ်သွားလေ့ရှိတဲ့သူမျိုးလဲ မဟုတ်ပါဘူး။

၂)
ချစ်သူအတွက်နှင်းဆီပန်းလေးတွေကိုခူးသွားတဲ့အခါ အရောင်ရွေးချယ်မှုအတွက်ပါ။
အနီရောင်နှင်းဆီအရေအတွက်ဟာ မင်းရဲ့ ချစ်သူအပေါ်မှာ မင်းပေးဆပ်လိုတဲ့ နှုန်းထားပါပဲ ..။
အဖြူရောင်နှင်းဆီအရေအတွက်ဟာ မင်းရဲ့ ချစ်သူဆီကနေ ပြန်ရဖို့မျှော်လင့်ထားတဲ့ နှုန်းထားပါပဲ ..။
ဥပမာ - အနီရောင် ၉ ပွင့်နဲ့ အဖြူရောင် ၁ပွင့် ယူမယ်လို့ဆုံးဖြတ်ထားရင် .. မင်းဟာ မင်းချစ်သူကို ၉၀% လောက်ပေးဆပ်မယ် .. ဒါပေမယ့် သူ့ဆီက ၁၀%လောက် ပြန်ရဖို့ မျှော်လင့်ထားတယ်တဲ့ ။

၃)
ဒီမေးခွန်းဟာမင်းရဲ့ ချစ်မှုရေးရာတွေအပေါ်မှာ ဖြေရှင်းတဲ့သဘောထားကို ပြသပါတယ်။
အကယ်၍ မင်းဟာ အိမ်အကူအဒေါ်ကြီးကတဆင့် ချစ်သူကိုခေါ်ခိုင်းမယ်ဆိုရင်..
မင်းဟာ ချစ်သူနဲ့ ပြဿနာတစ်ခုခုဖြစ်ရင် ကြားထဲကနေ ၀င်ပြီး စေ့စပ်ဖြန်ဖြေပေးမယ့်သူကို အမြဲတမ်းအကူအညီတောင်းတတ်လိမ့်မယ်။ ပြောရရင်တော့ မင်းဟာ ပြဿနာတစ်ခုဖြစ်လာရင် ရှောင်လွဲတတ်တဲ့စိတ်မျိုးရှိတဲ့သူပါ။
အကယ်၍မင်းချစ်သူကိုမင်းကိုယ်တိုင်သွားခေါ်မယ်ဆိုရင်တော့ မင်းဟာတဲ့တိုးကျတဲ့သူပါတဲ့။ အကယ်၍ပြဿနာတစ်ခုဖြစ်လာရင် မျက်နှာချင်းဆိုင်ရင်ဆိုင်တယ်၊ သေချာဖြေရှင်းတယ်။ မှန်မှန်ကန်ကန်နဲ့ အဆင်ပြေသွားဖို့ကြိုးစားတယ်

၎)
နှင်းဆီပန်းတွေကိုဘယ်နားထားမလဲ။ ပြတင်းပေါက်ဘောင်ပေါ်မှာလား၊ အိပ်ယာပေါ်မှာလား။
ဒီလိုနေရာထားမှုဟာ မင်းချစ်သူကို မင်းဘယ်လောက် တွေ့မြင်ချင်လဲဆိုတာကို ရည်ညွှန်းပါတယ်။
အိပ်ယာပေါ်မှာတင်ထားလိုက်မယ်ဆိုရင် မင်းချစ်သူအပေါ် စိတ်ချလက်ချထားနိုင်ဖို့တော့ လိုအပ်နေသေးပါတယ်။ မင်းဟာ မင်းချစ်သူကိုနေ့တိုင်းတွေ့ချင်နေတယ်တဲ့ .. ဖြစ်နိုင်ရင်ပေါ့လေ ..။
ပြတင်းပေါက်ဘောင်ပေါ်မှာတင်ထားမယ်ဆိုရင်တော့ မင်းချစ်သူကို အမြဲတမ်းတွေ့နေရဖို့မမျှော်လင့်ထားဘူးတဲ့။ ချစ်သူနဲ့မတွေ့ရလဲ အဆင်ပြေပြေနေနိုင်တယ်ဆိုပဲ ..။

၅)
မင်းချစ်သူကို နိုးနေတာနဲ့မြင်လား / အိပ်နေတာနဲ့မြင်သလား။
အကယ်၍ အိပ်နေတယ်လို့ မြင်တယ်ဆိုရင်တော့ မင်းဟာ မင်းချစ်သူသဘောကျနေတာကို လက်ခံပေးနိုင်ပါတယ်တဲ့။ နားလည်ပေးနိုင်တဲ့သဘောပါပဲ။
တကယ်လို့ နိုးနေတယ်လို့ မြင်တယ်ဆိုရင်တော့ မင်းဟာ မင်းချစ်သူကို မင်းစိတ်ကြိုက်ပုံစံကို ပြောင်းလဲဖို့ မျှော်လင့်ထားတယ်တဲ့။

၆)
နောက်ဆုံးတစ်ခုပါ ...။
မင်းရဲ့အိမ်အပြန်လမ်းကိုရွေးချယ်မှုပါပဲ..။
အဲဒီ့ရွေးချယ်မှုဟာ မင်းရဲ့ ချစ်သက်တမ်းရှည်ကြာမှုကို ရည်ညွှန်းပါတယ်။
တိုတဲ့လမ်းကိုရွေးမိရင် မင်းရဲ့အချစ်ရေးဟာ လွယ်လွယ်ကူကူနဲ့ပဲ ပျက်စီးသွားနိုင်တယ်တဲ့။
ရှည်တဲ့လမ်းကိုရွေးမိရင်တော့ မင်းဟာ မင်းရဲ့အချစ်ရေးကို အချိန်ကြာကြာဆက်လက်တည်တံ့ဖို့ ကြိုးစားမယ့်သူပါတဲ့။

ကဲ .. မှန်လား မှားလား ..။ မှားတယ်ဆိုရင်လည်း အပျော်လို့သဘောထားလိုက်ကြပါနော်..။

Love Test

Posted by : လက်တွဲဖော် 0 Comments

စိတ်ချနေလိုက်ပါ ချစ်သူ

ငါနင့်ကိုအရောင်လွင့်ခြင်းကင်းတဲ့

ချစ်ခြင်းတွေနဲ့အတူတူ


စောင့်နေပါ့မယ်ဆိုတာ။

စိတ်ချနေလိုက်ပါ ချစ်သူ

နင်ကလွဲရင်

ငါ့ရင်ခုန်သံတွေ

တစ်ပါးသူလက်ထဲမရောက်စေရပါဘူးဆိုတာ။

စိတ်ချနေလိုက်ပါ ချစ်သူ

ငါဆိုတာ နင့်အတွက်ဖြစ်တည်

နင့်ကိုမျှော်လင့်ရင်း

နေ့ရက်တိုင်းကို အသက်ဆက်နေသူဆိုတာ

နင်သိပါစေတော့။

စိတ်ချနေလိုက်ပါ ချစ်သူ

Posted by : လက်တွဲဖော် 0 Comments

ကြယ်ကြွေချိန် ဆုတောင်းတိုင်းပြည့်တယ်ဆိုရင်....ချစ်သူရေ 
ငါကတော့ ဆုတောင်းမိတယ်....ငါ့ကို ချစ်တဲ့ 
မင်းအချစိတွေ ကြယ်လိုမကြွေသွားပါစေနဲ့လို့လေ...

ကြယ်ကြွေချိန်

Posted by : လက်တွဲဖော် 0 Comments


ခွန်ဆန်လောနဲ့ နန်းဦးပြင်(ရှမ်းပုံပြင်လေးပါ)


ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။ တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတ

စ်ရွာအရောက်မှာတော့ မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။ အသံလေးက တအားနားထောင်လို့ကောင်းတော့
အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလဲ တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။ သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ ဒါ့အပြင် လပေါင်းများစွာကြာတော့ နန်းဦးပြင်ကိုလဲ လွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေးဆီပြန်လာပြီး အပြန်မှာတော့ တစ်ခါတည်း လက်ထပ်ခေါ်ဆောင်လာပါတော့တယ်။

အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူက လုံးဝသဘောမတူပေမဲ့ ခွန်ဆန်လောရှေ့မှာတော့ သမီးရင်းပမာချစ်ပြပြီး နောက်ကွယ်မှာ နှိပ်စက်ပါတော့တယ်။ တစ်နေ့ ခွန်ဆန်လော ကုန်ကူးသွားတော့တယ်။ မိထွေးက ခွန်ဆန်လောလဲ မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။ စားမဲ့ ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှ့ပ်ပြီး ကျွေးတာတို့ ၊ လှေကားတွေမှာ နန်းဦးပြင်ခြေရှအောင် ၀ါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက်ပါတော့တယ်။ နန်းဦးပြင်ခမျာ ခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလဲ သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ်ထင်ပြီး ဒီတစ်ခါ ခရီးသွားတာ နည်းနည်းကြာသတဲ့။ နောက်ဆုံး နှိပ်စက်မှု့ဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ်ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။

လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးက အသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေးမှာ တင်ထားခဲ့ရပြီး မိဘရှိရာရပ်သို့ ဆက်ထွက်ခွာလာရပြန်တယ်။ အဲဒီကလေးလေးဟာ ဥသြငှက်လေးဖြစ်သွားပြီး အဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ “ဥသြ “လို့ အသံထွက်ကြားပေမဲ့ ကျွန်မတို့ ရှမ်းတိုင်းရင်းသားတွေနားမှာတော့ “ပေါ့ဝေ့ “(အဖေရေ)လို့ ခေါ်သံကြားရပါတယ်။ တကယ်လဲ ကျွန်မသေချာနားထောင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။

နန်းဦးပြင်တစ်ယောက် မိဘအိမ်အရောက်မှာတော့ နှိပ်စက်မှု့ဒဏ် ၊ ခရီးပင်ပန်းဒဏ် ၊ ရင်သွေးဆုံးရှုံးရတဲ့ဒဏ်စတဲ့ ဒဏ်ချက်ပေါင်းများစွာကြောင့် အိပ်ရာထဲလဲသွားပါတော့တယ်။ အဲဒီချိန်မှာ ခွန်ဆန်လောတစ်ယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ပြောပြမှု့တွေကြောင့် အကြောင်းစုံသိရပြီး ချက်ချင်းပဲ နန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေလို့ သေဆုံးသွားပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူက လိုက်လာခဲ့ပြီး သူက ရှေးအဆိုအရ စုန်းကဝေအတတ်ကိုလဲ တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ၀ါးလုံးတစ်ချောင်းခြားလိုက်တယ်တဲ့။ သေတာတောင် လိုက်ခွဲသေးတယ်နော်။ သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့တက်သွားပြီး ပေါင်းစုံမိပြီး ကြယ်လေးအဖြစ် ဖြစ်တည်သွားပေမဲ့ ပေါင်းဆုံခွင့်မရရှာပါဘူး။ သူတို့နှစ်ဦးကြား ( ကြယ်နှစ်လုံးကြားထဲ) ကြယ်တစ်လုံး ၀င်ရောက်တားဆီးနေတယ်လေ။ အခုကောင်းကင်မှာ မြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။ တစ်ဘက်တစ်ချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီး အလယ်ကတော့ မိထွေးရဲ့တားဆီးလိုက်တဲ့ ကြယ်ပေါ့။ ညမိုးကောင်းကင်မှာ ထွန်းလင်းနေပေမဲ့ အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတဲ့ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်း သနားနေရဆဲပေါ့။။။။။
ကန္တာရမိုးစက်များ
ခွန်သမ်လော နှင့် နန်းဦးပေ ငယ်ငယ်တုန်းက မေမေ စီက ကြားရတဲ့ပုံပြင်တွေထဲက ခုထိ ရင်ထဲ စွဲးညှိကျန်ရစ်ခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်

sipaw Generation. (သီပေါသား/သူများ)

ခွန်ဆန်လောနဲ့ နန်းဦးပြင်

Posted by : လက်တွဲဖော် 0 Comments


 
နင့်ချစ်သူက ငါ့ထက်အစစ အရာရာ
သာတယ်ဟုတ်လားချစ်သူ
ငါလက်ခံပေးလိုက်ပါတယ် ........
ဒါပေမဲ့ သူ့ အချစ်က ငါ့အချစ်ကို
မမှီနိုင်ဘူးဆိုတာ သိလာတဲ့တစ်နေ့ 
အဲ့ဒီအမှန်တရားကို နင်သာပြန်လက်ခံပေးလိုက်ပါ .......

***ငါကြားဖူးတဲ့အချစ်နဲ့  ကြုံရတဲ့အချစ် နဲနဲတော့ကွဲလွဲနေတယ်***

အရာရာ သာတယ်

Posted by : လက်တွဲဖော် 0 Comments


အချစ်တစ်ခုတည်မြဲဖို့ အတွက်
နင့်ဘက်က သစ္စာရှိအောင်နေ
ငါလဲသစ္စာရှိအောင်နေမယ်လို့ မပြောဘဲ
ငါတို့ နှစ်ယောက်ရဲ့ သစ္စာတရားနဲ့ အချစ်ကို
စစ်မှန်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ

ထာဝရ မြုပ်ထားလိုက်ရအောင်တွေးကြည့်လိုက်ပါ ..........

***ငါကြားဖူးတဲ့အချစ်နဲ့  ကြုံရတဲ့အချစ်နဲနဲတော့ ကွဲလွဲနေတယ်**

စစ်မှန်မှု

Posted by : လက်တွဲဖော် 0 Comments

ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်လို့ ဝမ်းနည်းမနေပါနဲ့ 
ကိုယ့်အတွက် ၁၅၀၀ ဆိုတဲ့ အချစ်တစ်ခုပဲ ဆုံးရှုံးသွားတာပါ
ကိုယ့်ဘေးနားမှာ ၅၂၈ ဆိုတဲ့ချစ်ခြင်းတရားများစွာ ပိုင်ဆိုင်ခွင့်ရှိနေတုန်းပ
ချစ်သူက အချစ်စစ်နဲ့ ချစ်နိုင်ဖို့ ခက်ခဲနေတဲ့အချိန်ကျရင်
ကိုယ့်ဘေနားမှာ ဖေးမကူညီပေးမဲ့ သူငယ်ချင်းတစ်ယောက်တော့ အမြဲရှိနေတုန်းပါ


.....ခေတ်လူငယ်.....

(ချစ်သူကမျက်ရည်ကိုကျစေတယ် ကျလာတဲ့မျက်ရည်ကို
သူငယ်ချင်းကသုတ်ပေးတယ် - လွန်းထားထား)

အချစ်စစ်နဲ့ ချစ်နိုင်ဖို့ 

Posted by : လက်တွဲဖော် 0 Comments

Msg တစ်စောင် Reply ပြန်ဖို့ အတွက် 25 ကျပ်ဘဲကုန်ပါတယ်ဟာ
မင်းငါ့ကို 25 ကျပ်ဖိုးလောက်တောင်တန်ဖိုးမထားဘူးနော်

ဖုန်းဆက်ချင်ပေမဲ့ မင်းနဲ့ စကားပြောရင် စကားလုံး မသုံးတတ်တဲ့ငါ့အတွက်
ရှုံးထွက်ကစားစရာ မလိုဘဲ အဆုံးသတ်သွားမဲ့ငါ့အဖြစ်ကို မင်းကအပြုံးမပျက်ပဲ အမုန်းတွေ သုံးလျက်နိုင်တယ်နော်

.....ခေတ်လူငယ်....

25 ကျပ်ဖိုး

Posted by : လက်တွဲဖော် 0 Comments

အချစ်ကိုအဓိပ္ပါယ် များစွာဖွင့်ဆိုကြတယ်

ငါနားလည်ထားတဲ့ အချစ်ကနင်ဘဲ......

နင်စကားပြောရင်လည်း အဲ့ဒါငါ့အတွက်အချစ်ပဲ.....


နင်ပြုံးလိုက်ရင်လည်း အဲ့ဒါငါ့အတွက်အချစ်ပဲ.....

နင်လမ်းလျှောက်ရင်လည်း အဲ့ဒါငါ့အတွက်အချစ်ပဲ.....

နင်ဘာလုပ်လုပ် ငါ့အတွက်

အချစ်တွေပဲ ပေါ်ထွက်နေတော့

သက်ဆုံးတိုင် နင့်တစ်ယောက်ထဲကိုဘဲ

ချစ်နေပါရစေ...........

....ခေတ်လူငယ်...

ငါနားလည်ထားတဲ့ အချစ်

Posted by : လက်တွဲဖော် 0 Comments

 
ငါမလွမ်းဘူးတဲ့သူမဟုတ်ပါဘူး အရင်တုန်းက
ကောင်မလေးတွေ လွမ်းခဲ့ဘူးပါတယ်
အဲ့လိုပြောလို့  စိတ်ဆိုးသွားရင်
ခွင့်လွှတ်ပေးပါကွာ ငါမလိမ်တတ်လို့ ပါ
ဒါပေမဲ့
နင်ကငါ့ဘဝအတွက် အလွမ်းဆုံးဆိုတာ
ဝန်ခံပါရစေ ငါမလိမ်တတ်ဘူးလို့ 
မင်းကိုပြောခဲ့ပြီးပြီနော်

.....ခေတ်လူငယ်.....

ငါမလွမ်းဘူးတဲ့သူ

Posted by : လက်တွဲဖော် 0 Comments

စိတ်ချပါ နင့်ချစ်သူ

ရသွားခဲ့ရင်တောင်

နင့်လိုအပ်ချက်လေးတွေကို


အဝေးကနေနင်မသိအောင်

တိတ်တိတ်လေးပျော်ရွှင်စွာ

ဖြည့် ဆီးပေးမဲ့သူပါဟာ........

နင်ပျော်ရင် ငါအလိုလို

ပျော်သွားတာက

ဘုရားကပေးတဲ့

ငါ့အတွက် ဘဝမှာ

အကောင်းဆုံးဆုလာဒ်တစ်ခုဘဲ............

.....ခေတ်လူငယ်..

စိတ်ချပါ နင့်ချစ်သူ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -