Posted by : လက်တွဲဖော် Thursday, October 25, 2012


နင် စိတ်တိုတိုင်း
စိတ်တိုင်းမကျတိုင်း ၊သ၀န်တိုတက်တိုင်း နင်ဆူပူတက်ပေမယ့်
နင်ကျေနပ်သွားချိန်ဆို ငါ့ မျက်နှာပြန်ကြည့်ပြီး
" မျက်နှာက ဘာလို့ပျက်နေတာလဲ အသံက
ဘာလို့ သာသာယာယာမရှိတော့တာလဲ ဘာဖြစ်တာလဲ "လို့
ဂရုတစိုတ် နင်ပြန်မေးရင်...အပြုံးမျက်နှာနဲ့ ခေါင်းမော့ပြီး
"ရပါတယ်..ဘာမှမဖြစ်ဘူး" ဆိုတာ ငါပြောနေကျပါပဲ......။

တခါတရံမှာ မိန်းကလေးတွေဟာ
ကိုယ့်ရဲ့ စိတ်ဆန္ဒထက်
သူချစ်သူ့ အပေါ်မှာထားတဲ့ ပျော်ရွှင်စေလိုတဲ့စိတ်ဆန္ဒကို
ပိုအလေးထားပေးတက်ကြတယ်..........။
မသိဟန်ဆောင်ပြီးလည်း နားလည်မှု့ ပေးတက်ကြတယ်...........။
ဝမ်းနည်းအားငယ်မှုကိုလည်း ဖုံးကွယ်တက်ကြတယ်................။
ကြေကွဲနာကျင်မှု့ကိုလည်း သိုဝှက်တက်ကြတယ်............။
ဒါပေမယ့် ...ဘယ်သူမှ မမြင်နိုင်တဲ့တနေရာမှာတော့
တစ်ယောက်တည်းတိတ်တဆိတ် ငိုကြွေးနေတက်ပါတယ်..။


ရန်ဖြစ်စကားများချိန်မှာ
အနိုင်ရလိုစိတ်တစ်ခုနဲ့ သင်ပြောလိုက်တဲ့
စကားတခွန်း၊သင့်ရဲ့အမှတ်မထင်အပြုအမူတချို့ ဟာ
သင့်ချစ်သူမိန်းကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ
တခါတလေ နက်နက်ရှိုင်းရှိုင်း
ဝမ်းနည်းထိခိုက် သွားစေနိုင်တယ်ဆိုတာကို သင် မေ့ထားလို့မရပါဘူး..။

သင်က သ၀န်တိုလို့ ပြောလိုက်တာ ဖြစ်ဖြစ်၊
စိတ်တိုလို့ အော်ငေါက်မိတာဖြစ်ဖြစ်၊
စိတ်တိုင်းမကျလို့ ဆူပူမိတာ ဖြစ်ဖြစ်၊
သင် ပြုမှုတဲ့ အပြုမှုဟာ ကိုယ့်ချစ်သူ မိန်းကလေးအပေါ်
ချစ်လို့ ပြောမိတာ ဆိုပေမယ့် အတက်နိုင်ဆုံးတော့ သတိထားသင့်ပါတယ်..။

ဘာလို့လဲဆိုတော့ မိန်းကလေးအများစုဟာ
ချစ်သူ တစ်ယောက်ကို ချစ်မိရင်.......

မျော်လင့်ချက်တွေနဲ့ ဘ၀ကိုတည်ဆောက်ချင်သလို
နားလည်မှု့တွေနဲ့လည်း ဘ၀ ကို ဖန်ဆင်းပေးချင်ကြတာပါ..။

မာန တရားတွေ ကွယ်ဝှက်လိုက်သလို
သစ္စာတရားတွေနဲ့ နှစ်ယောက်အတူရှိချင်ကြတာပါ...။

နာကျင်မိတဲ့အချိန်တိုင်း ထိန်းချုပ်ဟန်ဆောင်ဖုံးကွယ်ကြသလို
ဝမ်းနည်းကြေကွဲမှု့တိုင်းကိုလည်း မြိုသိပ်တက်ကြတာပါ..။

သင့်ချစ်သူ မိန်းကလေးကို တကယ်ချစ်တယ်ဆိုရင်
သူနဲ့ ထပ်တူခံစား နားလည်ပေးနိုင်သောသူ ဖြစ်အောင်
နေထိုင်သင့်ပါတယ်...။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -