Posted by : လက်တွဲဖော် Thursday, February 16, 2012

ကွယ်ဝှက်လို့မရအောင် ဖြစ်တတ်တဲ့ အချစ်ဆိပ်တက်ချိန် ကောင်လေးတစ်ယောက်က ဘယ်အချိန်မှာများ ကောင်မလေးတစ်ယောက်ကို တကယ်ချစ်မိသွားတာလဲဆိုတာကို ဒီပို့စ်လေးက ပြောပြမယ် ထင်တာပါပဲ.. မိန်းကလေး တစ်ယောက်ကို ရင်ခုန်ခံစား ချစ်မိပြီဆိုရင်ကိုရွှေယောက်ျားတော်တော်များများဟာ ဟန်ဆောင်ဖုံးကွယ်ထားပါစေ၊ သူ စိတ်လှုပ်ရှား ခံစားနေတယ်ဆိုတာ ပေါ်နေတတ်ပါတယ်။ အဲလို အမူအရာတွေ လှုပ်ရှားမှုတွေက ဘာတွေလဲ။ ၁။ ချစ်မိပြီဆိုတာ သိစေတဲ့ အချင်းအရာ။ အနာဂတ်အစီအစဉ်တွေ လုပ်စရာတွေ စဉ်းစားလိုက်တိုင်း သူမလေးက အဲဒီအစီအစဉ်တွေထဲမှာ တွဲလျက်ပါနေတာ၊ သူမလေးနဲ့ ဆက်စပ်နေတဲ့အလုပ်ကိစ္စတွေကိုပဲ ရှေ့ဆက်လုပ်ဖို့ စဉ်းစားနေတာ၊ သူမလေးနဲ့ အတူတကွသွားလာလည်ပတ်ဖြစ်တဲ့အခါ ဆက်ခါဆက်ခါ ဟိုသွားမယ် ဒီသွားမယ် ဟိုပွဲဒီပွဲတွေ နှစ်ယောက်သား ဆင်နွဲမယ်ဆိုတာပဲ တွေးဖြစ်တာတွေဟာ သင် သူမလေးအပေါ် ချစ်မိနေတာတွေပေါ့။ ၂။ တခြားအရေးကြီးတာတွေ သူမလေးနဲ့ ယှဉ်လိုက်ရင် အားလုံးနောက်ဆုံးမှာပါ။ အရင်က ဘယ်လို ကိစ္စတွေကိုပဲ ဦးစားပေးခဲ့.. ပေးခဲ့ သူ့ကိုတွေပြီးချိန်မှာ အားလုံးနောက်ကောက်ကျသွားပြီ။ သူမလေးက ကော်ဖီဆိုင်ထိုင်ဖို့ ပြောရင် အလုပ်တွေပစ်ပြီး လစ်ဖို့ အဆင်သင့်.။ ၃။ လိုက်လျောဖို့သိပ်ပြောမနေရပါ။ နှစ်ယောက်တွေဆုံတဲ့အခါ ကိုယ်စီရှိကြတဲ့ အစီအစဉ်တွေက တခြားစီဖြစ်နေကြစေဦး။ သူ့ဘက်က သိပ်တောင်းဆို ညှိနှိုင်းမနေရဘဲ သင်ကအမြဲ သူမရဲ့အစီအစဉ်နဲ့ အဆင်ပြေအောင် အလျှော့ပေး လိုက်လျော နေဖြစ်တာ။ ၄။အမြဲသူမလေးနဲ့တွေ့ဆုံအချိန်ဖြုန်းရတာကို ပျော်နေတာ။ သူနဲ့တွေ့ဖို့သာ စဉ်းစားတယ်။ သူနဲ့တွေ့ဖို့ပဲ စီစဉ်တယ်။ တခြားဘာမှ အဲဒါလောက် အရေးမကြီးတော့ဘူး။ လှပသာယာတဲ့ ညနေခင်းတိုင်း သူမလေးဆီက တီတီတာတာ စကားသံလေးတွေပဲ နားထောင် ရင်းနဲ့ လမ်းလျှောက်ကြမလား၊ ခုံတန်းကလေးပေါ်ပဲ ထိုင်ကြမလား။ အဲလိုအမြဲအချိန်ဖြုန်းချင်တဲ့အခါ။ ၅။သူမလေးက လွဲရင် ဖွဲနဲ့ ဆန်ကွဲဖြစ်နေတာ။ သင့်မျက်စိ သင့်ရင်ခုန်သံမှာ သူမကလွဲရင် တခြားသူ နေရာမရှိ၊ သိပ်ချောသိပ်လှတဲ့ မိန်းကလေးတွေနဲ့ အလုပ်လုပ်ကိုင်နေသည့်တိုင် သင်သတိမမူဖြစ်၊ အလွန့်အလွန်ဆုံး သင်သတိထားမိရင်တောင် သူမလေးရဲ့ အလှကို မမှီဘူး။ သူမလေးသာဆိုရင် ဘယ်နေရာမှာ ပိုသာတယ်ဆိုတာပဲ သင်တွေးနေတတ်တာ။ ၆။သူမနဲ့ အတူရှိနေချိန်မှာ သင်နေလို့ထိုင်လို့သိပ်ကောင်းနေပြီး သင့်မျက်လုံးတွေ တောက်ပနေမှာ။ သင့်ဆီမှာ ချစ်ဆိပ်ချစ်သွေးတွေ ပြည့်နေချိန်မှာ သင့် ခန္ဒ္စာကိုယ်ကဓာတ်သဘာဝ မျှတနေပြီး သင့်မျက်ဝန်းမှာလည်း ချစ်ရည်ရွှန်းတဲ့မျက်ဝန်းလဲ့ပြာပြာဆိုလောက်အောင် တောက်ပနေမှာ၊တက်ကြွ လန်းဆန်းနေမှာသေချာပါရဲ့။ ၇။သူမလေးရဲ့ ချစ်စရာကောင်းပုံတွေကို သင်ရှာဖွေဖြစ်နေတာ။ အချိန်တိုင်း သူမလေး ရဲ့ အများနဲ့ မတူ တစ်မူထူးတယ်လို့ ယူဆရတာလေးတွေကို ရှာဖွေ စဉ်းစားပြီး သင့်တစ်ယောက်တည်း ပြောမပြတတ်အောင် ကျေနပ်ပျော်ရွှင်နေတတ်တာ။ ၈။သူမလေးနဲ့ပတ်သက်သမျှ သင်သိချင် ပတ်သက်ချင်နေတတ်တာ။ ချစ်မိတဲ့အခါ သူမလေး အကြောင်း ဆံစ မှ ခြေဖျား အဆုံး သင်သိချင်တော့တာ၊ သူမ ဘာတွေသဘောကျတယ်။ သူမ ဘာတွေကြိုက်တယ်။ သူမလေး ဘာတွေကို နှစ်သက်တယ်။ ဘာတွေကို လုပ်ပေးရင် သူမကျေနပ်မယ်၊ ပြုံးပျော်မယ် ဆိုတာတွေ အားလုံး သင်သိချင် ဖြည့်ဆည်းပေးချင်နေတော့တာ။ ၉။ သူ့အကြောင်းတွေးတာ ရပ်လို့ မရအောင်ပါ။ ဘာကြောင့်ရယ်လို့ ဆင်ခြေမရှိဘဲ သူမရဲ့အကြောင်းလေးတွေ စဉ်းစားတိုင်း ပျော်ရွှင်ကြည်နှုးနေတတ်တာ၊ သူက သင့်တစ်ဝက်တောင် သင့်ကို သတိရမနေတဲ့တိုင် သင်ကတော့ တွေ့ဖို့ တွေးနေတာ၊ တွေ့ခဲ့တာတွေ တွေးမ၀နိုင်၊ အမြဲသတိရနေတာ။ ၁၀။ သူ့ရှေ့က ကြုံဖူးတဲ့ ရင်ခုန်စရာတွေကို မေ့လိုက်နိုင်တာ။ သင်ဟာ လှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ နီးစပ်တွေ့ဆုံနေပါလျက်နဲ့ ။အဲဒီ မိန်းကလေးရဲ့ ရှေ့က သင်ရင်ခုန်ဖူးသူတွေကို သတိရနေသေးရင် ဒါအချစ်မဟုတ်သေးဘူး။ သင်အခုဆုံနေတဲ့ သူမလေးကို တွေ့မိချိန်ကစပြီး ရှေ့က ကြုံခဲ့ဖူးသူတွေ တစ်ယောက်မှ သတိမရတော့အောင် ပျောက်ကွယ်ကုန်ကြတဲ့အခါ သင်ဟာ အချစ်စစ်ကို တွေ့နေပြီဆိုတာ ပါပဲ။ ဟုတ်လားမဟုတ်လားတော့ ကောင်လေးတွေသိမှာပေါ့.. စဉ်းစားကြည့်ကြပါဦး.. ကိုယ့်မှာ အဲလိုချစ်ရမယ့် ချစ်သူမိန်းကလေးများ ရှိလာပြီလားလို့လေ..

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -