Posted by : လက်တွဲဖော် Thursday, February 16, 2012

ငါမင်းကိုချစ်တာ မာသာထရီဇာလို မာယာပလီပလာတွေ အပိုမပါ ပါဘူး မယုံရင် ကျန်ကျောင်းလို မှန်ပြောင်းသုံးပြီး ကြည့်လိုက်စမ်းပါ။ ( နှလုံးသားထဲကို ) မင်းကိုချစ်တဲ့သူတွေကြားထဲ ဂျူးလီယက်ဆီဇာလို အလုအယက်စီပါလို့  မပြောပါနဲ့  ပါဒကြီးမှာမွေးလို့  မာနကြီးတတ်လို့ ပါ တကယ်ဆိုငါဟာမင်းကို ဘင်လာဒင်လို ကြင်နာချင်တဲ့သူပါ မင်းဘေးမှာ အမြဲတမ်း ဒိုင်ယာနာလို ထိုင်ကာသာ နေလိုက်ချင်ပါရဲ့  အဲ့ဒီအခါကျရင် ဂျော့ဘွတ်ရှ်လို လောကွတ် လေးတော့လုပ်ပါ အာရာဖတ်လို ဘာလာကပ်နေတာလည်းလို့ တော့ အော်မထုတ်လိုက်ပါနဲ့ နော် စိတ်ကြီးတဲ့နေရာမှာ ထိပ်သီးမို့ ပါ မဟုတ်ရင် ပေါင်ချိန်ကို ဗြောင်လိမ်တာထက်ဆိုးသွားလိမ့်မယ် တကယ်တော့ ငါဟာ အိုဝင်လို အပျိုမြင်တိုင်း ငမ်းနေသူမဟုတ်ပါဘူးကွယ် မင်းကိုရမယ်ဆိုရင်လေ ကောလင်းပါဝဲလ်လို တောတွင်းတောင်ထဲမှာနေပြီး ထယ်စောက်လို လယ်ပေါက်ကျွေးဆိုကျွေးပါ့မယ် မင်းအတွက် ပရာဒို ၀ယ်မပေးနိုင်ပေမယ့် ဆရာခိုတော့ ၀ယ်လိမ်းပေးနိုင်ပါတယ် ကွန်ဒိုမှာ မထားနိုင်ပေမယ့် သွန်ဆိုသွန်ထားပါ့မယ် (ရေအိုး) မင်းကသာ ထွားဝူချွမ်းလို သွားယူစမ်းလို့ ခိုင်းရင်လေ ကိုရွှေထူးလို မြေတွေတူးလို့  နှိုက်ရဲပါတယ် (လိပ်ဥ) ဒါတွေကို ဆန်ဖရန်စစ်စကိုလို အကြံအဖန်တွေပိုတယ်လို့ မထင်ပါနဲ့ နော် လန်ဒန်လို အမှန်အကန်ပဲဆိုတာယုံကြည်ပြီး နီကိုရဲလို ဒီလိုပဲလို့  ဝေ့လည့်ကြောင်ပတ်တော့မလုပ်ပါနဲ့ တော့ ကိုယ့်အချစ်တွေကို ဘက်ခမ်းလို လက်ကမ်းပြီး ကြိုလင့်ပါတော့ကွယ်

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -