Posted by : လက်တွဲဖော် Thursday, February 16, 2012

မေ့နေခဲ့တာမဟုတ်ပါဘူး ---- အချိန်ကာလ ကြီးကသာ---တဖြည်းဖြည်းရွေ့နေခဲ့တာပါ တဖြည်းဖြည်းအသက်တွေကြီးရင့်လာတဲ့အခါ ကိုယ့်သဏ္ဍာန်ကိုယ်-- မပီသတော့သလိုမျိုး ခင်ဗျားကို ---- တိုးတိုးပြီး စိုးမိုးနေမိခဲ့ လူတွေကလည်းခက်တယ် ---- ရေဒီယိုအသံကြားလည်း လက်ခုပ်ထတီးကြတယ် ရုပ်မြင်သံကြားမြင်လည်း လုပ်ခုပ်ထတီးကြတယ် ခွေးနှစ်ကောင်ကိုက်လည်း လက်ခုပ်ထတီးကြတယ် ဟုတ်တယ် ---- မရှိခြင်းထက်--- မသိခြင်းကပိုခက်တယ်ဆိုပါစို့ ကျွန်တော်ကတော့--- ခင်ဗျားကို -- အသိရှိရှိနဲ့ မြတ်နိုးနေခဲ့တဲ့ကောင်ပါ မေ့ပစ်လိုက်စမ်းပါ လူတွေကြုံတွေ့ရလေ့ရှိတဲ့ ခင်ဗျားဘ၀ရဲ့ လောကဓံတွေကို ရှေ့မှာ မြူတွေ ပြယ်တော့မဲ့ ကောင်းကင်ပြင်--- ကြယ်ကလေးတွေလည်း --- မှိတ်တခါလင်းတလှည့် ခင်ဗျားရဲ့ အနုပညာဆန်မှုကို ဦးညွှတ်နေကြ မှေးစက်လှည့်ပါ ဒီကောင့်ရင်ခွင်နွေးနွေးမှာ ပကာသန မပါပေမယ့် ဗလာမကတဲ့ ချစ်ခြင်းအနန္တတွေရှိပါတယ် အရာရာမှာ--- ပန်းတွေပွင့်စေချင်ခဲ့သူတစ်ယောက်မို့ ချစ်သူ---- ချစ်ခြင်းအတွက်---- အပြစ်ကင်းစေကွယ် -----

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -