ယောက်ျား ယူတော့မယ်ဆိုရင်လေ.... ယောက်ျားတစ်ယောက်အဖို့ ရုပ်သိပ်ချောဖို့ မလိုပါဘူး.. တစ်ရေးနိုး ထကြည့်လို့ အမောပြေရင် ပြီးတာပါပဲ... Shoppingမှာ မ၀ယ်ဘဲ ဈေးကို အနည်းဆုံး၃ပတ်လောက် လျှောက်ပတ်တာကို မငြီးမငြူ ဂျီးမထူပဲ လိုက်ကြည့်နိုင်ရင် တော်ပါပြီ... ယောက်ျားတစ်ယောက်အဖို့ သူအရင်နေတဲ့ အိမ်က ကျယ်မကျယ်က အရေးမကြီးပါဘူး... လက်ထပ်ပြီးရင် နေမယ့်အိမ်ကိုသာ ကြီးကြီးလေး ၀ယ်ထားရင် ပြီးတာပါပဲ... မင်္ဂလာဆောင်မယ့် စရိတ်အတွက်လည်း ပုစရာ မလိုပါဘူး.. သူ့လက်ထဲရှိတဲ့ ပိုက်ဆံအကုန် ကိုယ့်လက်ထဲ အပ်ထားရင် ပြီးတာပါပဲ.... အသွင်မတူ အိမ်သူမဖြစ်တဲ့... အသွင်တူအောင် သူက ဘောလုံးပွဲကြည့်မယ်ဆိုရင် ကိုယ်က ဘောလုံးသမားတွေကို လိုက်ကြည့်လိုက်ပေါ့.. တစ်ပွဲမှာ တစ်ယောက်တော့ အရမ်းချောမှာ သေချာတယ်လေ... သူ့ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးဖို့လိုတယ်နော်... အသားဓာတ်လိုရင် ပဲများများကျွေးပေါ့... အသားစားလို့ သွားကိုက်ရင် အရမ်းခံစားနေရမှာပေါ့... ကိုယ့်ယောက်ျား ခံစားနေရင် ဘယ်မိန်းမမှ မကြည့်ရက်ဘူးလေ.. ဒါကြောင့် အသားဆိုရင် အနစ်နာခံပြီး ကိုယ်သာ စားပစ်လိုက်ပါ.... ကိုယ့်ယောက်ျားက ခေတ်နဲ့ တစ်ပြေးညီ ဖြစ်နေရင် သူနောက်မိန်းမ ယူသွားမှာ စိုးရိမ်ရလိမ့်မယ်... အဲဒီတော့ ပုဆိုး၂ထည် အင်္ကျီ၂ထည်လောက်ဆိုရင် လုံလောက်ပြီ... ကိုယ်ကတော့ ခေတ်နဲ့အညီ နေနိုင်မှ ယောက်ျား အချစ်မလျှော့မှာမို့ လှတပတလေးဆို ၀ယ်သာဝယ်.. ဈေးနှုန်းဆိုတာ ကိုယ်က ပြောမှ သူက သိမှာ မဟုတ်လား ထမင်းချက်တဲ့အခါမှာလည်း ချို ချဉ် ငန် စပ် ပျော့ တူး မနပ် ဆိုတဲ့ စကားနဲ့ အညီ တစ်နေ့ တစ်မျိုး အရသာ မထပ်အောင် ချက်ကျွေးရမှာနော်... ကိုယ်က လုံးဝမစားနိုင်ရင်တော့ ချတ်ပြုတ်နေတုန်း တစ်ခုခု ၀ယ်စားထားနှင့်လိုက်လေ... ထမင်းဘာလို့ သိပ်မစားတာလဲဆိုရင်တော့ ၀ိတ်ချနေတယ်ပေါ့
Post a Comment