Posted by : လက်တွဲဖော် Thursday, February 16, 2012

ရည်းစား... ♥♥♥ ရည်းစားဆိုတာ တစ်ခဏတာ လက်တွဲရတဲ့သူလို့ ဘာသာပြန်ချင်တယ်ဘာလို့လဲဆိုတော့ ရည်းစားဘဝက ရည်ရွယ်ချက်မရှိဘူး... တာဝန်မရှိဘူး..သူ့အနာဂတ်မှာလည်း ကိုယ်မရှိဘူး... ကိုယ့်အနာဂတ်မှာလည်း သူလုံးဝမရှိပါဘူး..သူပြတ်ရင် ကိုယ်ပြတ်လို့ရတယ်..... အတားအဆီးမရှိဘူး... ရည်းစားထားတယ်ဆိုတာ သူငယ်ချင်းတွေရှေ့မှာ မော်ကြွားရုံ ပန်းခြံတွေ လျှောက်လည်ရုံလောက်နဲ့တင် အဆုံးသတ်သွားပါပြီ..... ပြောရရင်သူနဲ့ကိုယ် အတွယ်အတာ ဘာမှမရှိပါဘူး.. ဒီတစ်ယောက်ပြတ်ရင် နောက်တစ်ယောက်ပါ... တစ်ချို့ဆို ရည်းစားဘဝမှာတင် ဘဝကို စတေးလိုက်ရတာတွေ ရှိပါတယ်...... အင်း... ရည်းစား ထားပြီဆိုရင်တော့ ရည်းစားကို ရည်းစားနဲ့ တူအောင်ထားဖို့တော့ လိုအပ်တာပေါ့နော်. ဘယ်လိုပဲဖြစ်ဖြစ် ရည်းစားအဆင့်နဲ့တော့ ဘဝကို တည်ဆောက်လို့ မရတာတော့ သေချာတယ်.......ရည်းစားမှာ အဆုံးသတ် မရှိဘူး... ကြိုက်သလောက် ထားကြတယ်...♥♥♥ ချစ်သူ.........♥♥♥ လူတစ်ယောက်က ဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ.. နောက်ဆုံးတော့ သူတစ်ကယ်ချစ်တာ ချစ်ခဲ့တာတစ်ယောက်ပဲ ရှိပါတယ်. ချစ်သူကိုတော့ တစ်ဘဝလုံးအတွက် ပုံအပ်ပြီး လက်တွဲရမယ့်သူလို့ ရွေးချယ်လိုက်တဲ့သူကို ချစ်သူလို့ ဘာသာပြန်ပါရစေ... ရင်ထဲကအချစ်စစ်.. အချစ်မှန်.. မြတ်နိုး တွယ်တာမှုတွေနဲ့ တည်ဆောက်ထားတယ်.. သူ့မှာတော့ ရည်ရွယ်ချက်ရှိလာပြီ.. အနာဂတ်ရှိလာပြီ.. သူနဲ့ကိုယ် လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.. ဘယ်လိုနေမှာလဲ.. အများကြီးပေါ့.. သူက အဆက်ဖြတ်သွားရင်တောင် ကိုယ့်မှာ အနာဂတ်ပျောက်သွားနိုင်တယ်.. ဘဝဆုံးပြီး အသက်ပါ ဆုံးသွားတတ်တယ်... ချစ်သူမှာလှတာမလှတာမရှိဘူး.. ဂုဏ်မရှိဘူး.. မာန်မာန ကင်းမဲ့တယ်.. တစ်ယောက်ကို တစ်ယောက် နားလည်မှုအပြည့်ရှိတယ်.. ဘာဆိုဘာမှမရှိဘူး... သူ့ကိုချစ်နေရရင်ပဲ ကျေနပ်နိုင်တယ်... ကိုယ့်ကိုလည်း ပြန်ချစ်စေချင်တယ်.. ကိုယ်ချစ်သလောက်ပေါ့.. သံယောဇဉ်တွေ မေတ္တာတွေ တွယ်တာမူတွေ တမ်းတမှုတွေ သတိရမှုတွေ အားလုံးပါဝင်နေတယ်... ချစ်သူအဖြစ် တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ပြီဆိုရင်တော့ သူနဲ့ပတ်သက်ရင် အရာရာကိုရင်ဆိုင်နိုင်ရမယ်.. သူ ဘာပဲလုပ်ခဲ့.. လုပ်ခဲ့ ခွင့်လွှတ်နိုင်ရမယ်.. ခွင့်လွှတ်နိုင်လောက်တဲ့ အတိုင်းအတာထိပေါ့ဗျာ.. သူ့ကို ပျော်ရွှင်မှုတွေပေးရမယ်.. သူနဲ့တွေ့ရင် ရင်တွေခုန်နေတာပေါ့.. သူ့ကို တန်ဖိုးထားတတ်ရမယ်.. တစ်ချို့ဆို ချစ်သူနဲ့ ပတ်သက်တဲ့ အရာအားလုံးကိုအချိန်.. နာရီ.. မိနစ်.. စက္ကန့်တောင် မလွဲအောင် တန်ဖိုးထားတတ်ကြတယ်.. နောက်ဆုံးတော့ ချစ်သူအဖြစ်ကနေ လက်တွဲပြီး ဘဝကို အတူတကွ တည်ဆောက်ကြတာပေါ့..♥♥

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -