အေးခဲတာကို ငါကြောက်တယ်.. ဒါပေမယ့် နှင်းကို ငါချစ်မိသွားတယ်။ မှောင်မည်းတာကို ငါကြောက်တယ်... ဒါပေမယ့် ညကို ငါချစ်မိသွားတယ်။ နာကျင်တာကို ငါကြောက်တယ်... ဒါပေမယ့် ဒဏ်ရာအထပ်ထပ်ဖြစ်အောင် ငါ့ကိုယ်ငါညှင်းဆဲတယ်။ ဆူညံတာကို ငါမနှစ်သက်ဘူး... အထီးကျန်မှာကို ငါကြောက်ပြန်တယ်။ နင့်ကိုငါ ချစ်မိသွားတယ်... တစ်နေ့ နင်လှည့်ထွက်သွားမှာကို ငါကြောက်မိပြန်တယ်။ နင်ဟာ ငါ့ရဲ့နွေဦးရာသီလို့ ငါထင်ခဲ့တယ်။ လှပတဲ့နွေဦးရာသီလို နွေးထွေးခြင်းတွေ နင်သယ်လာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။ ပျော်ရွှင်ခြင်းကို ငါလိုချင်တယ်...ဒါပေမယ့် နင့်အတွက်နဲ့ မျက်ရည်တွေ ငါအခါခါကျပေါ့ကွယ်.. .စောင့်မျှော်ရတာက အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ စောင့်မျှော်ရင် ရောက်လာလိမ့်မယ်လို့ ခပ်ရိုးရိုးပဲ တွေးထားခဲ့မိတယ် ဒါပေမယ့် စောင့်မျှော်ရင်းနဲ့ ပျော်ရွှင်ရမယ့်အပျော်တွေကို ငါတို့လက်လွတ်ခဲ့ကြတယ် လက်လွတ်ခဲ့ပြီးမှ ဘာကြောင့် အစကတည်းက မဖမ်းဆုပ်လိုက်သလဲလို့ ငါတို့နောင်တရတယ်။ တကယ်တော့ စောင့်မျှော်တယ်ဆိုတာ နဂိုကတည်းက ရယ်စရာကောင်းတဲ့အမှားတစ်ခုပါ ရောက်လာနိုင်မှန်း၊ မရောက်လာနိုင်မှန်းမသိတဲ့ ပျော်ရွှင်ခြင်းတစ်ခုကို စောင့်မျှော်ဖို့ ငါတို့အကျင့်ပါနေခဲ့တယ်... .
Post a Comment