Posted by : လက်တွဲဖော် Saturday, January 28, 2012

မမြင်ရပေမယ့် ကွယ်ရာကပဲ ချစ်နေပါရစေ… ရင်ခွင်တွင်း နှလုံးသားမှာ “ချစ်ဦးသူ” ကို အပြီးအပိုင် မဟုတ်တောင် ထာဝရ နေရာပေးချင်တာ ကိုယ့်ဆန္ဒရယ်ပါ… “မဖြစ်နိုင်ဘူး” ဆိုတာ နားလည်မှုတွေ လွဲချော်နေတဲ့ တဒင်္ဂအခိုက်အတန့်လေးပါ,ချစ်သူ… ထင်မှတ်မှု မဟုတ်တဲ့ ဆုံတွေ့တဲ့ အခိုက်မှာ ချစ်ခြင်းတွေနဲ့ အတူ မင်းရှေ့မှာ ငါဟာ… ချစ်ခြင်းရဲ့ “သုံ့ပန်း” ဖြစ်နေလေပြီလား ကြိုမမြင်နိုင်တဲ့ အနာဂတ်နဲ့အတူ ဘ၀ရဲ့အမောမှာ မင်းလက်ကိုတွဲပြီး ရင်ခွင်မှာ ခိုနားချင်ပေမယ့် မင်းရဲ့... ဥပေက္ခာပြုခြင်းတွေက ငါ့နှလုံးသားကို ပျော်ရွှင်မှုတွေ ဆိတ်သုဉ်း နာကျင်မှုတွေ ထွေးပိုက်ပြီး လွမ်းခြင်းတွေကိုပဲ ဖက်တွယ်ထားနေစေတာလေ…

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -