Posted by : လက်တွဲဖော် Saturday, January 28, 2012

ဇာတ်လမ်းစကတည်းက မလှပတဲ့ ဇာတ်သိမ်းတစ်ခုဖြစ်မယ်မှန်း ကြိုသိခဲ့ရင်တောင် လှမ်းလက်စ ခြေလှမ်းတွေကို ရပ်တန့်နောက်ဆုတ်ပစ်မယ် မထင်ဘူး ဘ၀မှာ ဘယ်အရာကိုမှ တမ်းတမ်းတတ မက်မက်မောမော မလိုချင်ခဲ့ပေမယ့် ဖြူစင်တဲ့ မင်းရဲ့ အပြုံးကိုတော့ တစ်ဦးတည်း အကြွင်းမဲ့ ပိုင်ဆိုင်ချင်ခဲ့တယ်။ အချိန်ကာလရဲ့ ပြောင်းလဲတိုက်စားမှုအောက်မှာ 'မင်းကို သတိမရတော့ပါဘူး' လို့ ပြောလာနိုင်ပြီ ဆိုရင်တောင် မှတ်ဥာဏ်ဆိုတာ ရှိနေသရွေ့ မင်းကို ငါ ဘယ်လိုမေ့လို့ ရနိုင်တော့မှာလဲ။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -