Posted by : လက်တွဲဖော် Saturday, January 28, 2012

မင်နီတွေ မကင်းစင်သေးတဲ့ ဘ၀သမိုင်းကို...ခပ်ရိုင်းရိုင်းအနာဂတ်နဲ့ ချစ်တတ်ပါပြီဆိုမှ.....ချစ်သူသစ်နဲ့ကြည်နူးဖို့ " မချစ်ခဲ့ပါဘူး " လို့... မင်းမို့ပြောထွက်ရက်တယ်နော်............. သြော်....အကြင်နာလက်တစ်ကမ်းဆိုပေမယ့်လည်း.... သချာင်္သက်တမ်းနဲ့တွက်ရင်.....၅၂၈...ဆိုတာတောင်. ဟို..အဝေးကြီးမှာပါလား....။..။ တကယ်လို့ တစ်နေ့နေ့မှာ နင့်ကိုရင်ခုန်စေတဲ့လူရှိလာပြီ၊ နင်ရည်းစားထားပြီလို့ ပြောလာတဲ့အခါ ငါဘာမှမပြောဘူး ... နင့်အတွက် တောင်းဆုတွေသာ ငါပေးမှာ။ တကယ်လို့ တစ်နေ့နေ့မှာ နင်နာကျင်ကြေကွဲပြီ၊ နွမ်းလျပြီလို့ပြောလာတဲ့အခါ ငါဘာမှမပြောဘူး... နင့်အတွက် မှီဖို့ပုခုံးတစ်စုံသာ ငါပေးမှာ။ အချစ် ခံစားချက် အချစ်မှာ ငါဟာအရှုံးသမားပါ အမှတ်တရကို အရှုံးပေးတယ်... နေ့နေ့ညည လွမ်းဆွတ်ဆဲမို့ အတိတ်ကို အရှုံးပေးတယ်... အတိတ်အိပ်မက်ထဲ တဝဲဝဲလည်ဆဲမို့ ကိုယ့်ကိုယ်ကို အရှုံးပေးတယ်... နှလုံးသားပြန်ယူဖို့ မေ့သွားခဲ့လို့..... . အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာလည်း လိုအပ်တယ်။ အချစ်ကို ချစ်တတ်ဖို့ပဲ လိုပါတယ်။ သူငယ်ချင်းတွေက သူတို့ချစ်သူကို ဘယ်လောက်ဘယ်ထိချစ်တယ်ဆိုပြီး သူတို့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်အတိုင်းအဆကို ပြောပြကြတယ်...။ ။ ပြီးတော့မင်းရောတဲ့ ကိုယ့်ကိုမေးတယ်....။ ။ ကိုယ်ပြုံးရုံပြုံးပြီး နှုတ်ဆိတ်နေခဲ့ပါတယ်.....။ ဘာလို့လဲဆိုတော့ မင်းကို ဘယ်လောက်ထိချစ်မြတ်နိုးတယ်ဆိုတာ ဖော်ပြပြောပြဖို့ ကိုယ့်အတွက် ပြီးပြည့်စုံလုံလောက်တဲ့စကားဝေါဟာရ (ဒါမှမဟုတ်) မင်းအပေါ်မှာထားတဲ့ကိုယ့်ရဲ့အချစ်အတိုင်းအဆနဲ့ ထပ်တူညီမျှတဲ့အရာတစ်ခုခု ဒီလောကကြီးမှာမပေါ်သေးလို့ပါ..။ တစ်နေ့မှာ နင့်ကိုထားခဲ့ရမယ့်ငါ့ကို နင်ကအရင်ငါ့ကိုထားခဲ့တဲ့အတွက် ငါဖြေသာပါတယ်ချစ်သူ ထားခဲ့မယ့်သူနဲ့ ကျန်ခဲ့မယ့်သူ မှာ နင့်အတွက်ကျန်ရစ်မယ့် သူပဲ ငါဖြစ်ချင်ပါတယ် မခံစားစေချင်ဘူးချစ်သူ .. ကျန်ရစ်ခဲ့သူမှ နာကျင်ရတာမဟုတ်ဘူး... မြင်တတ်မယ်ဆိုရင် ထားရစ်ခဲ့သူရင်ထဲမှာလည်း နာကျင်နေတဲ့ ဒဏ်ရာဗလပွနဲ့...။ ။ တကယ်တော့ ငါနင့်ကိုထားရစ်ခဲ့တာမဟုတ်ပါဘူး..။ နင့်ရင်ထဲက နှလုံးသားထဲမှာ ငါဆိုတာ ဘယ်တုန်းကမှမရှိခဲ့မှန်းသိခဲ့ရလို့ နင့်ဘ၀ထဲကနေ ငါရင်နာနာနဲ့ ကျောခိုင်းထွက်ခွာသွားခဲ့ရတာပါ...။ ။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -