လူတစ်ယောက်ကို.. ကိုယ်ပြန်ချစ်နိုင်သည်ဖြစ်စေ.. မချစ်နိုင်သည်ဖြစ်စေ.. ချစ်တတ်သူတစ်ယောက်ကိုတော့ . လေးစားသမှုနဲ့  ယဉ်ကျေးစွာ တုန့်ပြန်သင့်ပါတယ်.. တစ်နေ့နေ့မှာပေါ့… နင်တစ်ယောက်တည်း ဝမ်းနည်းကြေကွဲနေတဲ့ အချိန်မျိုးရှိလာခဲ့ရင် ငါ့ကို သတိရလိုက်ပါ။ နင့်ကို ပျော်ရွင်အောင် မဖန်တီးပေးနိုင်ရင်တောင်… နင်နဲ့အတူ ကြေကွဲဝမ်းနည်းနေပေးမှာ .. ငါပါ။ တစ်နေ့နေ့မှာပေါ့… နင်တစ်ယောက်တည်း အားငယ်လက်လျှော့ထွက်ပြေးချင်လာတဲ့ အချိန်မျိုးရှိလာခဲ့ရင် ငါ့ကို သတိရလိုက်ပါ။ နင့်ကို ဆက်လက်ရပ်တည်ဖို့ မဖေးမပေးနိုင်ရင်တောင်… နင်နဲ့အတူ ပြေးထွက်လိုက်ပါလာမှာ .. ငါပါ။ တစ်နေ့နေ့မှာပေါ့… နင်တစ်ယောက်တည်း တိတ်တိတ်လေး ဖြတ်သန်းချင်တဲ့အချိန်မျိုးရှိလာခဲ့ရင် ငါ့ကို သတိရလိုက်ပါ။ နင့်စိတ်ကို ပြောင်းလဲသွားအောင် မပြုလုပ်ပေးနိုင်ရင်တောင်… နင့် ဘေးမှာ ငြိမ်ငြိမ်လေးထိုင်ငေးလို့ နင်နဲ့ အတူရှိနေမှာ ..ငါပါ။ တစ်နေ့နေ့မှာပေါ့… နင်.. ငါ့ကို သတိရလို့ ငဲ့ကြည့်လိုက်တဲ့အခါ နင့်ဘေးမှာ ငါရှိမနေတဲ့ အချိန်မျိုးကြုံလာခဲ့ရင် ငါ့ ဆီကိုသာ အပြေးလေးလှမ်းလာခဲ့လိုက်ပါ။ ငါကိုယ်တိုင်လည်း.. နင့်ကို အရမ်းလိုအပ်နေတဲ့အချိန်.. .. ဖြစ်နေလို့ပါ။ (တကယ်တော့ အချိန်တိုင်းမှာ.. ငါ့ အတွက် အလိုအပ်ဆုံးက.. နင်ပါ။ ) တစ်နေ့နေ့မှာပေါ့... နင့်အတွက် ငါ ဟာ အနှောက်အယှက်တစ်ခုဖြစ်နေတယ်လို့ ခံစားရတဲ့အချိန်မျိုးကြုံလာခဲ့ရင် ငါ့ကို လုံးဝ မေ့ပစ်လိုက်ပါ။ နင့်ကို ပိုင်ဆိုင်ခွင့်မရရင်တောင် နင့်အတွက် ကျေနပ်စွာ ပေးဆပ်ချင်နေတာ ငါပါ။
Post a Comment