Posted by : လက်တွဲဖော် Tuesday, February 12, 2013

▶ ငါက နင့်ရဲ့ဂရုစိုက်မှုကို လိုချင်တဲ့အချိန်မှာ နင်က "ငါမအားဘူး" လို့ ပြောလိုက်တယ် ။

▶ ငါက နင့်ကို သတိရလွန်းလို့ ညနက်တဲ့အချိန် ဖုန်းဆက်ရင် နင်က "ငါအိပ်ချင်ပြီ" ဆိုပြီး ဖုန်းချလိုက်တယ် ။

▶ ငါက နင်နဲ့ပတ်သတ်ပြီး အသေးအဖွဲကအစ ခံစားနေတတ်တဲ့အတွက် တခါတလေ ဘာအကြောင်းပြချက်မှ မရှိဘဲ နင့်ကို နှောင့်ယှက်သလို ဖြစ်သွားတဲ့အချိန် နင်က "ငါနင့်ကိုစိတ်ကုန်နေပြီ"လို့ အော်ဟောက်လိုက်တယ် ။

ဟုတ်ပါတယ် ...
ငါက မကောင်းဘူး ...
ကလေးဆန်တယ် ...
မျက်ရည်ကျလွယ်တယ် ...
ခံစားချက်ကို အလိုလိုက်လွန်းတယ် ...
အလွယ်တကူ အားငယ်တတ်တယ် ...
အလကားနေ သ၀န်လိုက်တိုတတ်တယ် ...
ပြီးတော့ ငါ စိတ်ဆိုးရင်လည်း ပစ္စည်းတွေကို အရူးတစ်ယောက်လို ကောက်ပေါက်တတ်သေးတယ် မဟုတ်လား ??

ဒါပေမယ့် ... နင်သတိရမိရဲ့လား ??
နင် တချိန်တခါတုန်းက သူများအတွဲတွေကို ကြည့်ပြီး

"ငါ့ကို အရမ်းချစ်တဲ့ ချစ်သူလေးတစ်ယောက်လောက်ရှိရင် ကောင်းမှာပဲ ... အဲ့လိုသာဆိုရင် သူ ငါ့ကြောင့် ဘယ်တော့မှ မငိုစေရဘူး ...
သူ့အတွက် ဘာမဆို ဖြည့်ဆည်းပေးလိုက်မယ်" လို့ နင်တွေးခဲ့ဖူးတယ် မဟုတ်လား ။
အခုကျမှ ... ဘာဖြစ်လို့
နင့်ကိုအရမ်းချစ်တဲ့ ငါ့ရဲ့အသဲကို တစ်စစီ ခွဲနေခဲ့တာလဲ ?? </3

စကားပုံတစ်ခုရှိတယ် ... ချစ်သူ

"ကျောက်တုံးတွေကို ကောက်ယူဖို့ကြိုးစားနေတာနဲ့ ပိုင်ဆိုင်ထားတဲ့ စိန်တစ်ပွင့်ကို မကျပျောက်စေနဲ့" တဲ့ ... နောင်တချိန် နင့်မျက်ဝန်းကကျတဲ့ နောင်တမျက်ရည်တစ်စက်ရဲ့ အကြောင်းပြချက်က ငါ့ကြောင့် မဖြစ်စေချင်ဘူး >.<




☕ ပိုးဟပ်ဖြူ ☕

( Heart Canteen )

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -