Posted by : လက်တွဲဖော်
Tuesday, February 12, 2013
*ငါ နင့်ရဲ့ ချစ်သူလေ...
အမြင်မတော်တာလေးတွေ တားခွင့် မရှိဘူးလား
*ငါ နင့်ရဲ့ ချစ်သူလေ..
နင် ဂရုစိုက်အလေးပေးတာလေးတွေ လိုချင်တာ ငါမှားနေလား
ငါလည်း နင့်ရဲ့ ချစ်သူတစ်ယောက်ပါ...
နင့်ကို ချစ်တတ်တဲ့ အသည်းနှလုံးပိုင်ရှင်ပါ...
နင့်ကို သဝန်တိုတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ..
ငါ့ကို လုံးဝဂရုမစိုက်ရင်လည်း ခွင့်လွှတ်ပေးနိုင်ပါတယ်...
တခြားသူတွေကိုတော့ အရေးမပေးပါနဲ့ ....
နင့်ရဲ့ လုပ်ရပ်တိုင်းက...
ငါဟာ နင့်ရဲ့  *တရားမဝင် ချစ်သူ* ဆိုတဲ့အတွေးတွေကို
ပို ခိုင်မာလာစေတယ်.....
ငါ နင့်ကို စိတ်မကုန်ချင်ဘူး.....
^Chuu Lay^
♥ Heart Canteen ♥

Post a Comment