Posted by : လက်တွဲဖော် Tuesday, February 12, 2013

အချစ်ကို ယုံကြည်ကြသူတွေကို မြင်တွေ့တိုင်း
ခပ်ထေ့ထေ့လေး ပြုံးနိင်ဖို့ နင့်ကို ယုံကြည်ခဲ့တဲ့
ငါ့ကို သတိရပါ ။

နင်ရဲ့ အသစ်က နင့်ကို ဂရုစိုက်ဖို့ မေ့နေတိုင်း
သူ့ကို သတိပေးနိင်ဖို့ နင် ကန်ထုတ်ခဲ့တဲ့
ငါ့ကို သတိရပါ ။

နင်တို့ နှစ်ယောက်ကြားမှာ ပြဿနာတွေ တက်ချိန်တိုင်း
သူ သဝန်တိုအောင်လုပ်ဖို့ နင့်ကို သိပ်ချစ်တဲ့
ငါ့ကို သတိရပါ ။

Online မှာ ငါ နာကျင်နေတာကို တွေ့လိုက်တိုင်း
နင့် သူငယ်ချင်းတွေကြားမှာ ဂုဏ်ယူနိင်ဖို့ နင် ချန်ခဲ့တဲ့
ငါ့ကို သတိရပါ ။

လူတယောက်ကို တကယ်ချစ်မိပြီလို့ ခံစားမိတိုင်း
အမှားကြီး မမှားဖို့ ဇာတ်သိမ်း မကောင်းခဲ့တဲ့
ငါ့ကို သတိရပါ ။


~ ရင်ကွဲပက်လက်လမ်းဆုံ ~

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -