Posted by : လက်တွဲဖော် Tuesday, February 12, 2013

မွေးရာပါအားနည်းချက်ကိုက
လူတစ်ယောက်ကိုချစ်ပြီးရင်
မုန်းလို့ မရတာပေါ့
အထူသဖြင့် ငါ ချစ်တဲ့  နင်ပေါ့ ဟာ..........


မတွေ့ဖြစ်တဲ့  အချိန်တိုင်း
ငါရေရွတ်တက်တာက
နင့်ကိုလွမ်းတယ်ဖြစ်နေတော့ 
ဝမ်းနည်းမူ့တွေကိုသိုဝှက်ပြီး
နေနေတက်လာတာကလည်း
နင်စိတ်မကောင်းဖြစ်မှာစိုးတဲ့  ငါရဲ့တကိုယ်တော်ခံစားချက်တွေပဲဖြစ်မယ်ထင်ပါတယ်.....

မနေ့ ကမှ အဖြေရပြီး
ဒီနေ့ လမ်းခွဲကျရတဲ့  အပျော်တွဲချစ်သူတွေလည်း မဟုတ်ကျဘူးကွယ်...
ဒီတော့ 
ငါမှားနေရင် ငါတောင်းပန်ပါတယ်
နင်မှားနေရင်လည်း နင်ဝန်ခံပေါ့ ဟာ....


ဒီချိန်ကစလို့ နှစ်တရာတိုင်ဆိုတာ...
လွယ်လွယ်ဖြစ်တည်ခဲ့ကျတာမဟုတ်ဘူးလေ
ဒီလို အသေးအဖွဲပြသနာလေးတွေကို
ခပ်မြန်မြန်လေး မျက်ကွယ်ပြုနိုင်ကျလို့ မဟုတ်လား....

အနေဝေးနေတော့ 
စိတ်တိုင်းကျ ချော့  ခွင့်မသာသေးခင်မှာ
ကျေးဇူးပြုပြီး ငါ့ ကိုအခွင့်အရေးပေးပါချစ်သူ....

မအားလပ်နိုင်တဲ့  အလုပ်ကလေးတွေကြားမှာ
တွေ့ခင်မသာသေးခင်
တဆိတ်လောက် ငါ့ကို နားလည်ပေးပါချစ်သူ.........

လူတစ်ယောကိုရင်ဘက်ထဲထည့်ပြီး
ချစ်နေပြီးမှတော့ 
လွယ်လွယ်ဆွဲထုတ်ပြစ်ဖို့ ဆိုတာ
ငါ့ အဲလောက် အသဲမမာသေးဘူးချစ်သူရယ်.....
မွေးရာပါအားနည်းချက်ကိုက
လူတစ်ယောက်ကိုချစ်ပြီးရင်
မုန်းလို့ မရတာပေါ့
အထူသဖြင့် ငါ ချစ်တဲ့  နင်ပေါ့ ဟာ.......

(ပုံရိပ်စစ်)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -