Posted by : လက်တွဲဖော် Tuesday, August 21, 2012


တစ်ဦး တစ်ယောက်က စကားမပြောလို့ သင့်စိတ်ထဲ ၀မ်းမနည်းသွားပါနဲ့ တနေရာမှာ သင့်ရဲ့စကားတွေကို စောင့်မျှော်နေသူ ရှိနေတက်ပါတယ်။ တစ်ဦးတစ်ယောက် ဥပေက္ခာပြုလို့ သင့်စိတ်ထဲ နာကျင်မသွားပါနဲ့ တနေရာမှာ သင့်ကို ဂရုစိုတ်မယ့်လူ ရှိနေတက်ပါတယ်။ တစ်ဦးတစ်ယောက်က မချစ်တော့လို့ သင့်စိတ်ထဲ အထီးမကျန်သွားပါနဲ့ တနေ့နေ့မှာမှာ သူ့ထက် သင့်ကို ပိုချစ်နိုင်သူ သင်တွေ့နိုင်ပါသေးတယ်။ တစ်ဦးတစ်ယောက်ကို စွန့်လွှတ်လိုက်ရလို့ သင့်စိတ်ထဲ နောင်တရမနေပါနဲ့ တနေ့နေ့မှာ ကံကောင်းစေတဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်ခွင့်ရှိပါသေးတယ်။ တခါတယံမှာ သင်ကိုယ်တိုင် မမြင်နိုင်တဲ့ ကံကောင်းခြင်းတွေကို လောကဓံတရားက တနေရာမှာ ၀ှက်ထားတက်ပါတယ်။။ သင် ကိုယ်တိုင် အမှန်တရားကို ရှာဖွေတက်ဖို့ပဲ လိုအပ်တာပါ။ တနေ့နေ့မှာပေါ့့ .... ကံကောင်းသောချစ်ခြင်းကိုအားလုံး ပိုင်ဆိုင်နိုင်ကြမှာပါ။။။။။။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -